ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်မှတ်ကျော်လွန်၍ စာသင်ကျောင်းနှင့် ဈေးဆိုင်များ ပိတ်ထားရ

ခန္တီးမြို့ မြို့မရပ်ကွက် မြို့ပတ်လမ်းရေမြုပ်နေစဉ် (ဓာတ်ပုံ − ရှမ်းမော်)
ခန္တီးမြို့တွင် ချင်း တွင်းမြစ်ရေလျှံမှုမှာ စိုးရိမ်ရေ မှတ်ကျော်လွန်လာပြီးမြို့တွင်း သို့ ရေများ ၀င်ရောက်လာ၍ စာသင် ကျောင်းများနှင့် ဈေးဆိုင်များ ပိတ်ထား ရကြောင်း ခန္တီးမြို့ခံတစ် ဦးက ပြောသည်။
မိုးဆက်တိုက်ရွာသွန်းနေမှု ကြောင့် ချင်းတွင်းမြစ်ရေလျှံတက် လာပြီး ခန္တီးမြို့ရှိ အောင်သာရပ် ကွက်နှင့် ပေါမိုင်းရပ်ကွက်များ ရေလျှံနေ၍ စိုးရိမ်ရသည့်အနေ အထားတွင်ရှိကြောင်း သတင်း ရရှိသည်။
‘‘ဒီနေ့မနက်ပိုင်းကစပြီး ရေ တွေတိုးလာတယ်။ အထက်ဘက် ကို ရေတွေ လျှံတက်လာတယ်။ အခုက မြို့ထဲကို တော်တော် လည်း ရေတွေဝင်လာတဲ့အနေအ ထားဖြစ်နေတယ်။ စိုးရိမ်ရေမှတ် ကျော်လွန်ပြီးတော့ မြို့ထဲကို ရေ တွေ တောက်လျှောက်ဝင်လာ တယ်’’ဟု ခန္တီးမြို့ခံ ဦးနော်အောင် ဆန်းက ပြောသည်။
လက်ရှိတွင် ခန္တီးမြို့ ပေါမိုင်း ရပ်ကွက်နှင့်မြို့မရပ်ကွက်များရှိ မြေနိမ့် ပိုင်းဒေသများရှိ အိမ်များအတွင်း ထက်ဝက်ခန့် ရေမြုပ်သွားပြီး စာသင်ကျောင်းများ၊ ဈေးဆိုင် များလည်း ပိတ်ထားကြောင်း သတင်းရရှိသည်။
ရေလျှံမှုဖြစ်ပွားနေ၍ နေ အိမ်တွင်းရှိ ပစ္စည်းများရွှေ့ပြောင်း ခြင်းများနှင့် ရေ၀င်နိုင်သည့် မြေနိမ့်ပိုင်းများတွင် ခန္တီးမြို့ရှိ တပ် မတော်သား အင်အားဖြင့် မြေတာပေါင်ဖို့ခြင်းများ စတင်ဆောင်ရွက် နေကြောင်း သတင်းရရှိသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။