ဘန်ကောက်ဗုံးပေါက်ကွဲပြီးနောက် တရားမ၀င်မြန်မာလုပ်သား ၁၀၀ကျော် ဖမ်းဆီးခံရ

ဖမ်းဆီးထားသောလုပ်သားများ (ဓာတ်ပုံ - SAW)
ဘန်ကောက်ဗုံးပေါက် ကွဲမှု တရားခံကို ရှာဖွေစစ်ဆေး ရင်း တရားမ၀င်မြန်မာလုပ်သားတစ်ရာကျော်ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

ဘန်ကောက်မြို့ ဗုံးဖောက်ခွဲ မှုတရားခံကို ထိုင်း-မြန်မာနယ် စပ်မြို့ဖြစ်သော မယ်ဆိုင်မြို့ရှိ အ လုပ်ရုံများ၊ နေအိမ်များသို့ စက် တင်ဘာ ၈ရက်နှင့် ၉ရက်တို့တွင်  ထိုင်းနိုင်ငံစစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် နှစ်ရာခန့်ဖြင့် ရှာဖွေဖမ်းဆီးရာ  တရား မ၀င်နေထိုင်သော မြန်မာလုပ် သားတစ်ရာကျော်ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ သည် စက်တင်ဘာ ၈ရက်တွင် မယ်ဆိုင်မြို့၌ ရှာဖွေစစ်ဆေးရာတွင် တရားမ၀င်နေထိုင်သော မြန်မာလုပ်သား ၈၁ဦးဖမ်းဆီးခံရပြီးစက်တင်ဘာ ၉ရက်တွင်ထပ်မံရှာဖွေရာတရားမ၀င်မြန်မာလုပ်သား
၅၀ကျော်ဖမ်းဆီးခံရကြောင်း မယ်ဆိုင်မြို့၌နေထိုင်သော မြန်မာလုပ် သားများကပြောသည်။
‘‘နယ်စပ်မြို့တွေမှာ ရဲအရာ ရှိတွေကို အလွယ်တကူငွေပေးပြီး ၀င်ထွက်သွားလာနေတဲ့ ဂိုဏ်း တွေရှိနေလို့ အခုဘန်ကောက်ဗုံး ဖောက်တဲ့ တရားခံကလည်း အဲဒီလို ထွက်သွားမှာကြောက်လို့ စစ်ဆေးတာမှာ မြန်မာတွေအဖမ်းခံရတာပဲ။ ထိုင်းမှာတစ်ခုခုဖြစ်ပြီဆိုရင် အဲဒီလိုမျိုးအလုပ်ရုံတွေ အများစု မြန်မာတွေနေထိုင်တဲ့ နေ ရာတွေကို ရှာဖွေကြတာပေါ့။ အဲဒီလိုရှာပြီဆိုရင်တော့ တရားမ၀င်နေတဲ့သူတွေက အနည်းနဲ့အများ အ ဖမ်းခံရတာပဲ’’ဟု မယ်ဆိုင်မြို့နေ ဦးသန်းညွန့်က ပြောသည်။
ဘန်ကောက်မြို့ ဗုံးပေါက် ကွဲမှုဖြစ်ပွားပြီးနောက် မြန်မာလုပ် သားများအနေဖြင့် သတိထားသွား လာနေထိုင်ကြရန် ထိုင်းနိုင်ငံဆိုင် ရာမြန်မာသံရုံးက သတိပေးချက်  များထုတ်ပြန်ထားခဲ့သည်။
‘‘ထိုင်းနိုင်ငံမှာ ရာဇ၀တ်မှု တစ်ခုခုဖြစ်လို့ရှာဖွေရေးကိစ္စတွေ လုပ်ရင် အဓိကအားဖြင့် ရွှေ့ ပြောင်းအလုပ်သမားတွေ၊ နိုင်ငံ ခြားသားတွေများတဲ့ နေရာတွေ မှာ ရှာဖွေလေ့ရှိပါတယ်။ အဲဒီပြ ဿနာတွေဖြစ်မှာစိုးလို့ နီးစပ်ရာ မြန်မာအလုပ်သမားတွေကို အ တတ်နိုင်ဆုံးသတိဝီရိယနဲ့နေဖို့အ ကြောင်းကြားထားပါတယ်’’ဟု ထိုင်းနိုင်ငံပညာရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်း(FED)ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။