၂၀၁၄ ဇွန်လက လှိုင် သာယာမြို့နယ်ရှိ ရွှေကောင်း ကြယ်လက်ဖက်ရည်ဆိုင်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုတွင် ဓား ဖြင့်ထိုးခဲ့သူအား ထောင်ဒဏ်တစ် သက်တစ်ကျွန်းနှင့် ကျန်နှစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပြီး ၎င်းတို့သုံးဦးစလုံးကို ပုဒ်မ ၃၂၃ ဖြင့် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်စီ ထပ်တိုးကျခံစေရန် မြောက်ပိုင်းခရိုင်တရားရုံးက စက်တင်ဘာ ၉ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။
လက်ဖက်ရည်ဆိုင်တွင် ၂၀၁၄ ဇွန်လ ၉ ရက်ည၌ ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှုတွင် ကိုသန်းဇော်ဦးကို ဓားဖြင့် ထိုးခဲ့သည့် သက်မောင်မောင်အား ပုဒ်မ ၃၀၂ (၂) ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအပြင် ပုဒ်မ ၃၂၃ ဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်၊ ရန်ပွဲတွင်ပါဝင်ခဲ့သည့် ဖြိုးကိုကိုနှင့် မျိုးဇော်တို့နှစ်ဦးကို ပုဒ်မ ၃၀၂ (၂)/၁၁၄ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်အပြင် ပုဒ်မ ၃၂၃ ဖြင့် အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်စီထပ်တိုးကျခံရန် မြောက်ပိုင်းခရိုင် တရားသူကြီး (၂) က အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
အဆိုပါလူသတ်မှုတွင် ပြစ် မှုကျူးလွန်သူ သက်မောင်မောင် (၁၈)နှစ်၊ ဖြိုးကိုကို (၁၈) နှစ်နှင့် မျိုးဇော် (၂၄)နှစ်တို့ကို စက်တင် ဘာ ၃ ရက် ရုံးထုတ်စဉ် ၎င်းတို့ သုံးဦးဘက်မှ အကျိုးဆောင်ရှေ့နေ က တရားသူကြီးထံ အပြီးသတ် လျှောက်လဲချက်ပေးခဲ့ပြီး ယခု တစ်ပတ်တွင် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
‘‘ရက်ပေါင်း ၆၀ အတွင်း အယူခံဝင်လို့တော့ရတယ်။ ဒါပေ မဲ့ မိသားစုဝင်တွေဘက်က ဘာမှ မပြောသေးဘူး။ သူတို့အယူခံဝင် ဖို့ပြောရင်တော့ အယူခံဝင်ဖို့ လုပ် ပေးရမယ်။ ပြစ်ဒဏ်တွေအားလုံး ကလည်း တစ်ပေါင်းတည်းကျခံရ မှာ’’ဟု အဆိုပါအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် အကျိုး ဆောင်ရှေ့နေက ပြောသည်။
၂၀၁၄ ဇွန်လ ၉ ရက် ည ၁၀ နာရီခွဲတွင် သန်းဇော်ဦးနှင့် အမျိုးသားနှစ်ဦးထိုင်နေစဉ် ပြစ်မှုကျူးလွန်သူများနှင့် ဆူညံသည့်ကိစ္စပြောဆိုရာမှ စတင်ကာ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သန်းဇော်ဦးသည် ဓားထိုးခံရ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကာ ကျန်အမျိုးသားနှစ်ဦးမှာ ပေါက်ပြဲဖူးရောင် ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် လှိုင်သာယာမြို့မရဲစခန်းက အမှုဖွင့်အရေးယူခဲ့သည်။
လူသတ်မှုဖြစ်ပွားမှု လက်ဖက်ရည်ဆိုင်ရှိ လုံခြုံရေးကင်မရာမှတ်တမ်း ဗီဒီယိုမှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ၂၀၁၄ သြဂုတ်လဆန်းပိုင်းကစတင်ပျံ့နှံ့ခဲ့ရာ ကြည့်ရှုသူများ အံသြထိတ်လန့်ခဲ့ပြီးလူအများ စိတ်ဝင်စားသည့် အမှုဖြစ်လာသည်။
အမှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသော အသက်မပြည့်သေးသည့် တင်မောင်မျိုးနှင့် အရှည်ကြီး (ခ) နိုင်လင်းထွန်းတို့ နှစ်ဦးအား စက်တင်ဘာ ၉ ရက်တွင် မည်သည့်ပုဒ်မဖြင့် စွဲချက်တင်ရ မည်ကို အင်းစိန်မြို့နယ် တရားသူကြီးက အမိန့်ချမှတ်မည် ဖြစ် သည်။
အဆိုပါအမှုကို အခင်းဖြစ်ပွားပြီး တစ်နှစ်ကျော် အကြာ၌ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။