အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးမည့် လက်နက်ကိုင်အဖွဲ့များကို မတရားအသင်းမှ ပယ်ဖျက်ရန် သမ္မတမှာကြား

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ်လက်မှတ်မ ရေးထိုးမီ ပါဝင်လက်မှတ်ရေးထိုး မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို မတရားအသင်းမှ ပယ်ဖျက်သွားရန် နိုင်ငံတော်သမ္မတက မှာကြားထားကြောင်း ၀န်ကြီး ဦးအောင်မင်းက ပြော သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မ တီ (UPWC) ဒုဥက္ကဋ္ဌ ဦးအောင် မင်းက စက်တင်ဘာ ၁၄ ရက်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။
‘‘သမ္မတကြီးကနေ နောက် ဆုံး ၉ ရက်အစည်းအဝေးမှာ ပြောသွားတာရှိပါတယ်။ လက်မှတ်ထိုး တဲ့အချိန်မှာ လက်မှတ်ထိုးတဲ့အ ဖွဲ့တွေကို မတရားအသင်းဖြုတ် ပြီး ဖြစ်ရမယ်။ ဒီလိုပြောပါတယ်’’ ဟု ဦးအောင်မင်းက ပြောသည်။
UPWC ဒုဥက္ကဋ္ဌက ‘‘တစ်ပတ်ကြိုပြီးဖြုတ်ရင်လည်း ဖြုတ်မှာ ပေါ့။ တစ်လကြိုပြီး ဖြုတ်လည်း ဖြုတ်မှာပေါ့။ ဖြုတ်ဖို့ရှိပါတယ်။ ဖြုတ်ပြီးမှ တန်းတူရည်တူလက် မှတ်ထိုးသွားမှာ ဖြစ်ကြောင်း တင် ပြအပ်ပါတယ်’’ဟု ဆက်လက် ပြောသည်။
NCA ကို အောက်တိုဘာ ပထမပတ်တွင် အစိုးရနှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ အ နိမ့်ဆုံး ကိုးဖွဲ့ခန့် လက်မှတ်ရေး ထိုးသွားရန် စီစဉ်နေခြင်း ဖြစ်သည်။NCA နှင့် ပတ်သက်၍ UPWCနှင့် တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီ များက မတရားအသင်း၊ လက် မှတ်ရေးထိုးမည့် အဖွဲ့အရေအ တွက်နှင့် အခြားသိလိုသည့် အ ကြောင်းအရာများကို ဆွေးနွေး မေးမြန်းခဲ့ကြသည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။