ကိုယ်စားလှယ်လောင်းလျှောက်ထားသူ ၁၀၆ ဦး ပယ်ချခံရ

ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၆၀၈၃ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်

၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ၀င်ရောက်ယှဉ် ပြိုင်ရန် လျှောက်ထားသည့် ကိုယ် စားလှယ်လောင်း ၁၀၆ ဦး ပယ်ချခံခဲ့ရကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် ကိုယ်စားလှယ်လောင်းအတည် ပြုစာရင်းတွင် ယခင်မှတ်ပုံတင် ထားသည့် အရေအတွက် ၆,၁၈၉ ဦးအနက်မှ ၁၀၆ ဦးအမည်စာရင်း ပယ်ချခံခဲ့ရကြောင်း  ကော်မရှင် စာရင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
စက်တင်ဘာ ၁၃ ရက်တွင် ရွေးကောက်ပွဲကော်မရှင်က ပြည် သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်၊  တိုင်းဒေသကြီးနှင့်  ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် လောင်းအရေအတွက် စုစုပေါင်း ၆,၀၈၃ ဦးယှဉ်ပြိုင်ခွင့်ရရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
 လွှတ်တော်သုံးရပ်အနက် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ၁,၇၇၂ ဦးလျှောက် ထားခဲ့ရာ ၂၂ ဦးကို ပယ်ချခဲ့၍ အတည်ပြုကိုယ်စားလှယ်လောင်း ၁,၇၅၀ ဦးရှိသည်။

အမျိုးသားလွှတ်တော်တွင် လျှောက်ထားသူကိုယ်စားလှယ် လောင်း ၉၁၃ ဦးအနက် ၂၇ ဦး ပယ်ချခဲ့သဖြင့် အတည်ပြု ကိုယ် စားလှယ်လောင်း ၈၈၆ဦးရှိသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် များအပြင် တိုင်းရင်းသားရေးရာ ၀န်ကြီး  မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်း ၃,၅၀၄ဦး အနက် ၅၇ ဦးကို  ပယ်ချလိုက်သ ဖြင့်  အတည်ပြုကိုယ်စားလှယ် လောင်း ၃,၄၄၇ ဦးဖြစ်သည်။
 ပယ်ချခံရသော ကိုယ်စား လှယ်လောင်းအများစုသည် များ သောအားဖြင့် မွေးဖွားစဉ်ကာလ က မိဘများ နိုင်ငံသားမဖြစ်ခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် ဥပဒေအရ သတ်မှတ်ထားသည့် အသက်ပြည့်မီမှုမရှိခြင်း စသည့် အချက်များကြောင့် ပယ်ချခံရ ခြင်းဖြစ်ကြောင်း ကော်မရှင်အဖွဲ့ ခွဲများထံမှ စုံစမ်းသိရှိရသည်။
 ကိုယ်စားလှယ်လောင်းမဲ ဆွယ်မှုကို စက်တင်ဘာ ၈ ရက် ကပင် စတင်ခွင့်ပြုခဲ့သော်လည်း ယင်းရက်အထိ ကိုယ်စားလှယ် လောင်းစိစစ်မှုများမှာ  ပြီးဆုံးခြင်း မရှိသေး၍ စက်တင်ဘာ ၁၃ ရက် မှသာ ယင်းစာရင်းများကို ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။