ဗြိတိန် မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုအတွင်း ဗြိတိန်သား အိုင်အက်စ် အဖွဲ့ဝင်နှစ်ဦး သေဆုံး

ဆီးရီးယားတွင် ပထမဆုံးအကြိမ်အဖြစ် မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်ရာ၌ ဗြိတိန် နိုင်ငံသား နှစ်ဦးအပါအဝင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) တိုက်ခိုက်ရေးသမား သုံးဦး သေဆုံးခဲ့ကြောင်း ဗြိတိန် အစိုးရက အတည်ပြု ကြေညာခဲ့သည်။

ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် အနေဖြင့် ပြီးခဲ့သည့်လက မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုတွင် ဗြိတိန်နိုင်ငံသားများကို ပစ်မှတ်ထားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဝေဖန်မှု အချို့လည်း ကြုံနေရသည်။ ဩဂုတ် ၂၁ ရက်တွင် ဗြိတိသျှ တော်ဝင်လေတပ်က ဆီးရီးယားတွင် အကန့်အသတ်ဖြင့် လေကြောင်းထိုးစစ်တစ်ရပ် ဆင်နွှဲရာတွင် ခေတ်မီ မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ် တစ်စီးကို သုံးစွဲခဲ့ကြောင်း သိရှိရသည်။
ကင်မရွန်က မိမိတို့၏ ပစ်မှတ်များတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး ပါဝင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ၎င်းတို့မှာ ဝေလရှိ ကားဒစ်ဖ်တွင် နေထိုင်သည့် ရီယက်ဒ်ခန်းနှင့် စကော့တလန်၊ အဘာဒင်းတွင် နေထိုင်သည့် ရူဟူလ်အေမင်တို့ ဖြစ်ကြကြောင်း ပြောကြားခဲ့သည်။ ခန်းနှင့် အခြားဗြိတိန်သား တစ်ဦးတို့သည် ဆီးရီးယားတွင် အခြေစိုက်ကာ အိုင်အက်စ်အတွက် အလုပ်လုပ်နေကြောင်း ဖော်ထုတ် တွေ့ရှိသည့်နောက် အဆိုပါ စစ်ဆင်ရေးကို ဆင်နွှဲခဲ့ကြောင်း ကင်မရွန်က ဆိုသည်။
ပြည်ပရောက် ဗြိတိန် နိုင်ငံသားများကို ဗြိတိန်စစ်တပ်က တိုက်ခိုက် သတ်ဖြတ်မှုနှင့် ပတ်သက်၍ ဥပဒေနှင့် ညီ၊ မညီ အငြင်းပွားမှုများ ထွက်ပေါ်လာခဲ့သော်လည်း ကင်မရွန်ကမူ ယင်းသည် ဗြိတိန်ကို ကာကွယ်သော လုပ်ရပ်ဖြစ်၍ မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်အတွက် အကျုံးဝင်ကြောင်း၊ အဆိုပါ အိုင်အက်စ် အဖွဲ့သားများ ဗြိတိန်သို့ ပြန်ရောက်လာပါက အလွန် အန္တရာယ်ကြီးကြောင်း ဖြေရှင်း ပြောကြားခဲ့သည်။
လွှတ်တော်တွင် ကင်မရွန်က မိမိတို့၏ လုံခြုံရေးဌာန အကြီးအကဲများ အနေဖြင့် လွန်ခဲ့သည့် ၁၂ လအတွင်း ဗြိတိန်မြေတွင် အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးပမ်းမှု အနည်းဆုံး ၆ ကြိမ်မျှကို ကြားဖြတ် ဟန့်တားခဲ့ရကြောင်းလည်း ထည့်သွင်း ပြောဆိုသွားသည်။ 
ကင်မရွန်က အစိုးရ အနေဖြင့် ဗြိတိန်၏ လုံခြုံရေးနှင့် လူသားများအတွက် အန္တရာယ်ကြီးသည့် အခြေအနေများကို တားဆီးရန် လိုအပ်သည့် အခြေအနေများ ကြုံလာပါက လွှတ်တော်၏ သီးခြား အတည်ပြုချက် မရယူမီ နောက်ထပ် အရေးယူ ဆောင်ရွက်ပိုင်ခွင့်များ ရှိနေဆဲ ဖြစ်ကြောင်းလည်း ကာကွယ် ပြောကြားသွားခဲ့သည်။ 
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။