ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမိတ်ဆက်

၁။ ဥက္ကဋ္ဌ- ဦးစောသိန်းအောင်။
၂။ ပါတီဝင်အရေအတွက်- တစ်သောင်းကျော်။
၃။ ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်- ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဝင် ၄၃ ဦး။
၎။ ပါတီမူဝါဒ- လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီညွတ်ခြင်းစသည်တို့ကို အခြေခံသည်။ စစ်မှန်သည့်ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး၊ မိမိတို့ဘဝကို ကိုယ်တိုင်ဖန်တီး ခွင့်ရှိသော၊ ဗဟိုချုပ်ကိုင်မှုကင်းရှင်းသော ဖက်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ရေး၊ စစ်မှန်သော ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး။
၅။ ပါတီဆောင်ပုဒ်- အတူတွဲ ဖားစည် အလေးထား အသည်းကြားက သင့် မဲတစ်ပြား။
၆။ လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်မှုသတ်မှတ်ချက်- ပါတီဝင်ဖြစ်ရမည်။ သင့်တင့်လျောက်ပတ်သော ပညာအရည်အချင်းရှိရမည်။ ကျန်းမာရေးကောင်းမွန်ရမည်။ ကရင်တိုင်းရင်းသားဖြစ်ရမည်။ မိမိရန်ပုံငွေဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်သူဖြစ်ရမည်။
၇။ ပါတီရန်ပုံငွေ− ပါတီဝင်တစ်ဦးဖြစ်ပါက ကျပ် ၅၀၀ တစ်ကြိမ်သာထည့်ဝင်ရသည်။ နိုင်ငံခြားမှထောက်ပံ့ငွေ လက်မခံဘဲ ပြည်တွင်းမှရရှိသော အလှူငွေများကို လက်ခံသည်။
၈။ ပါတီနောက်ခံသမိုင်း- ၂၀၁၀ ပြည့်နှစ်တွင် ပါတီစတင်တည်ထောင်သည်။ ပါတီမှတ်ပုံတင်အမှတ် (၃၀)ဖြင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ပါတီဒုဥက္ကဋ္ဌဦးမန်းအောင်ပြည့်ဖြိုး နှင့်အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်းဆောင်နိုင်မလဲ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ပါတီတွေရဲ့ သဘော ထားတွေတောင်းခဲ့ဖူးတယ်။ အခြေခံဥပဒေက ပြင်ဆင်သင့်တဲ့အတွက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက တင်ပြခဲ့တယ်။ ဒါပေမဲ့ မရခဲ့ပါဘူး။ လွှတ်တော်ထဲရောက်၊ မရောက်ဆိုတာထက် လိုအပ်ရင် လိုအပ်သလို ပါတီအနေနဲ့ ပြောရမယ်။ တိုင်းရင်းသားတွေက ဘာတွေလိုအပ်နေ သလဲဆိုတာတွေကို ပြောရမှာပဲ။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါသလဲ။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကရင်တိုင်းရင်းသားတွေက အများကြီးခံစားခဲ့ရတယ်။ ဒါကြောင့် အမြဲတမ်းစောင့်ကြည့်နေတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အကြံပေးသင့်တဲ့အချက်တွေ အကြံပေး တယ်။ လိုက်နာတာ၊ မလိုက်နာတာက သူတို့အပိုင်း။ နောက်ပြီး ငြိမ်း ချမ်းရေးဆိုတဲ့နေရာမှာ အတုအယောင်ငြိမ်းချမ်းရေးကို မလိုဘူး။ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးစနစ်ရရှိဖို့တောင်းဆိုသွားမယ်။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
ပြည်သူတွေရဲ့ဝင်ငွေနဲ့ ထွက်ငွေမျှတဖို့ဆိုတဲ့နေရာမှာ ဝန်ထမ်းတွေ ကိုလစာတိုးပေးနေတိုင်း ပြေလည်သွားမှာမဟုတ်ဘူး။ ဝန်ထမ်းဆိုတာ က အားလုံးပေါ့။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး နည်းလမ်းရှာသွား ရမယ်။ နောက်ပြီး လိုအပ်ရင်ကျွမ်းကျင်တဲ့စီးပွားရေးပညာရှင်တွေ၊ အကြံပေးတွေရဲ့အကူအညီရယူသွားရမယ်။
ပြည်သူတွေက ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီကို ဘာကြောင့် မဲပေးသင့်သလဲ။
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီဆိုတာက ကရင်တိုင်းရင်းသား မျိုးနွယ်စုနှစ်ခုကို ပေါင်းစပ်ထားတာ။ ပိုးကရင်တွေက သူတို့ကိုယ်သူတို့ ဖလုံလို့သတ်မှတ်ထားသလို စကောကရင်တွေကလည်း သူတို့ကိုယ် သူတို့ စဝေါ်လို့သတ်မှတ်ထားကြတာ။ ဒါကြောင့် ဒီပါတီက ကရင်တိုင်း ရင်းသားတွေရဲ့အကျိုးကို သယ်ပိုးသွားမယ်ပေါ့။ နောက်ပြီး ဖလုံ-စဝေါ် ဆိုတဲ့ ကရင်စကားက လူသားလို့အဓိပ္ပာယ်ရတယ်။ ဒါကြောင့် ကရင် တိုင်းရင်းသားတွေကိုအခြေခံပြီး ပြည်သူတွေရဲ့အကျိုးကို သယ်ပိုးသွား မှာဖြစ်လို့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီကို မဲပေးသင့်ပါတယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
၂၀၁၀ ပြည့်နှစ်မှာ ပါတီဥက္ကဋ္ဌစောသိန်းအောင်ဟာ ဦးသိန်းစိန်နဲ့ အပြိုင် ဝင်ရောက်သမ္မတအရွေးခံခဲ့တယ်။ ဒါပေမဲ့ (၃၈)မဲပဲရခဲ့တယ်။ ဒါကြောင့် ဒီနှစ်မှာလည်း အခြေအနေပေးခဲ့လို့ရှိရင် တိုင်းရင်းသား ကိုယ်စားလှယ်အားလုံးနဲ့ ပူးပေါင်းပြီး ဝင်ရောက်အရွေးခံဖို့ရှိတယ်။
ပါတီဥက္ကဋ္ဌ ကိုယ်ရေးအကျဉ်း
အသက်- (၆၉) နှစ်။
ပညာအရည်အချင်း- B.A, B.Ed
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- အထက်တန်းကျောင်းအုပ်အဖြစ်မှ အငြိမ်းစားယူခဲ့ပြီး ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တွင်ပါဝင်ဆောင် ရွက်ခဲ့သည်။ ၂၀၁၀ တွင် နိုင်ငံရေးပါတီတည်ထောင်ခဲ့ပြီး နိုင်ငံရေး လောကထဲဝင်ရောက်လာသည်။
လက်ရှိအလုပ်အကိုင်- အငြိမ်းစား၊ ပါတီနိုင်ငံရေးကိုသာ ဦးစားပေးလုပ် ဆောင်နေသည်။
စံပြပုဂ္ဂိုလ်- မရှိပါ။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- ငုရွှေဝါလမ်းနှင့် အင်ကြင်း (၂) လမ်းထောင့်၊ အမှတ် (၉)ရပ်ကွက်၊ ဘားအံမြို့၊ ကရင်ပြည်နယ်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။