သြဂုတ်အတွက် အကောင်းဆုံး မန်နေဂျာဆုနှင့် ကစားသမားဆုကို မန်စီးတီး မန်နေဂျာ ပယ်လီဂရီနီနှင့် ဆွမ်ဆီးအသင်းသို့ နွေရာသီကမှ ရောက်ရှိလာသူ အန်ဒရေးအာယူး တို့က ရရှိသွားသည်။
ပယ်လီဂရီနီ၏ မန်စီးတီး အသင်းသည် သြဂုတ်လအတွင်း ကစားသော လေးပွဲစလုံး အနိုင် ရရှိခဲ့ပြီး ချန်ပီယံချယ်လ်ဆီးကို လည်း ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။
၁၀ ဂိုးသွင်းယူခဲ့ပြီး ပရီးမီး ယားလိဂ်အသင်းများတွင် အများ ဆုံးဖြစ်သည်။ ထို့အပြင် မန်စီးတီးမှာ ပေးဂိုးလည်း တစ်ဂိုးမှ မရှိ ပေ။ ချန်ပီယံဖြစ်ရန် ရေပန်းစား နေပြီဖြစ်သော်လည်း ယင်းသို့ ပြောဆိုရန် အချိန်မတန်သေးဟု ပယ်လီဂရီနီက ဆိုသည်။
‘‘ကျွန်တော်တို့ ရာသီစတင် ပုံကို အရမ်းကို ကျေနပ်ပါတယ်။ ရာသီအဆုံးမှာ ဘာလုပ်ကြမလဲ ဆိုတာကို စဉ်းစားမနေပါဘူး’’ဟု မန်စီးတီးနည်းပြက ပြောကြားပြီး မိမိတို့၏ ကစားပုံသာ အရေးကြီး သည်ဟု ပြောသည်။
ပြောင်းရွှေ့ကြေးအလွတ် ဖြင့် ဆွမ်ဆီးသို့ ရောက်လာသော အာယူးသည် အင်္ဂလန်တွင် အစ ကောင်းခဲ့ပြီး လေးပွဲတွင် သုံးဂိုးသွင်းယူကာ တစ်ဂိုးဖန်တီးပေးခဲ့သည်။ တစ်လတာ အကောင်း ဆုံးကစားသမား ဆုအတွက် အာယူး(၂၅) နှစ်က တစ်သင်းလုံးကို ချီးကျူးသွားသည်။
‘‘အလွန်ကျေနပ်စရာ ကောင်းပါတယ်။ ဒါပေမဲ့ ပင် ပင်ပန်းပန်းကြိုးစားပြီး အသင်း တစ်သင်းလုံးရဲ့ ထောက်ပံ့မှု ကြောင့် ဒီဆုရတာပါ’’ဟု မာဆေး တောင်ပံကစားသမားဟောင်း အာယူးက ဆွမ်ဆီးဝက်ဘ်ဆိုက် တွင် ပြောကြားသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။