ကလေးငယ်တွေနဲ့ မြို့ပတ်ရထားအတူစီးမယ့် မယ်စကြဝဠာ မြန်မာအလှမယ်များ

ဓာတ်ပုံ−ဇွဲဉာဏ်
လူမှုရေးခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးသို့ သွား ရောက်ခဲ့သော မယ်စကြဝဠာ မြန်မာ(၂၀၁၅)နှင့်(၂၀၁၆)ပြိုင်ပွဲ ဝင်အလှမယ်များသည် စက်တင် ဘာ ၁၂ ရက်တွင် ရွှေဂုံတိုင် ကလေးပြုစုရေးဌာနမှ ကလေး များနှင့် မြို့ပတ်ရထားအတူစီးကြ မည်ဖြစ်ကြောင်း ယင်းပြိုင်ပွဲ၏ National Director ဒေါ်စိုးယုဝေ ကပြောသည်။
‘‘ရွှေဂုံတိုင်ကလေးပြုစုရေး ဌာနက ကလေးငယ်နှစ်ဆယ် ကျော်နဲ့ မြို့ပတ်ရထားစီးမယ်။ ကလေးတွေကို ရထားပေါ်မှာ အာဟာရကျွေးမယ်။ နောက်ပြီး လမ်းတစ်လျှောက်ကမြင်ကွင်း တွေကိုရှင်းပြမယ်’’ဟု ၎င်းက ပြောသည်။
မယ်စကြဝဠာမြန်မာ(၂၀၁၅) နှင့် (၂၀၁၆)ပြိုင်ပွဲဝင်များသည် စက်တင်ဘာ ၈ ရက်တွင် ၎င်းတို့ ၏လူမှုရေးလှုပ်ရှားမှု  ခရီးစဉ် အဖြစ် ဧရာဝတီတိုင်းသို့ သွား ရောက်ခဲ့ပြီး ချောင်းသာကမ်းခြေ ၌ အလှဓာတ်ပုံရိုက်ကူးခြင်း၊ ဟင်းချက်ပြိုင်ပွဲကျင်းပခြင်းနှင့် သဲသောင်ပြင်ဘော်လီဘောပြိုင် ပွဲကျင်းပခြင်းတို့ပြုလုပ်ခဲ့သည်။
ထို့အတူ စက်တင်ဘာ ၁၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ရှိ ရေဘေးသင့် ဒေသများမှ သုံးဆက်ရွာ၊ ကံဆယ်နှင့် မဲဇလီကုန်းမြို့တို့မှ အိမ် ထောင်စုနှစ်ရာအတွက် တန်ဖိုးသင့်ညစာ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာဘူး၊ အဝတ်အထည် နှင့်စာအုပ်များလှူဒါန်းခဲ့သည်။
ထို့ပြင် ထူးကြီးမြို့ အခြေခံ ပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အချိုရည်များဝေငှခဲ့ ပြီး အလှူငွေများလည်းလှူဒါန်းခဲ့ သည်။မယ်စကြဝဠာ မြန်မာ ၂၀၁၅နှင့် ၂၀၁၆ ဆန်ခါတင်ပြိုင်ပွဲဝင် များအတွက် ဖေ့စ်ဘွတ်ခ်မှ တရားဝင်မဲပေးသည့်အစီအစဉ် ကိုလည်း စက်တင်ဘာ ၁၅ ရက်တွင်စတင်မည်ဖြစ်ကြောင်း ယင်း ပြိုင်ပွဲ၏တရားဝင်ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ကြေညာထားသည်။
ယခုနှစ်ပြိုင်ပွဲသည် တိုင်း နှင့်ပြည်နယ်အသီးသီးတွင် ပြိုင်ပွဲ များပြုလုပ်၍ ရွေးချယ်ထားသူ များဖြစ်သောကြောင့် National Costume (အမျိုးသားဝတ်စုံ) ပြိုင်ပွဲကို စက်တင်ဘာ ၃၀ ရက် ၌ပြုလုပ်မည်ဖြစ်သည်။ ယင်းပြိုင် ပွဲနေ့တွင် အလှမယ်တစ်ဦးချင်းက အမှတ်တရပစ္စည်းများရောင်းချ ပေးမည်ဖြစ်ကာ အဆိုပါနေ့ အတွက် ရရှိသည့်ဝင်ကြေးများနှင့် အမှတ်တရပစ္စည်းရောင်းရငွေ များကို ကလေးဆေးရုံနှင့် အမျိုး သမီးအားကစားအဖွဲ့ချုပ်တို့သို့ လှူဒါန်းမည်ဖြစ်သည်။
      မယ်စကြဝဠာမြန်မာ(၂၀၁၅) နှင့် (၂၀၁၆) ပြိုင်ပွဲ၏ နောက်ဆုံး ပြိုင်ပွဲကို အောက်တိုဘာ ၃ ရက်တွင် ဂန္ဓမာ Wholesale ရှိ Ganda-mar Grand Ballroom ၌ ပြုလုပ်မည်ဖြစ်သည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။