ယာဉ်ကြောပိတ်ဆို့မှုပြဿနာအတွက် အမတ်လောင်းများ၏ စိတ်ကူး

ယာဉ်ကြောပိတ်ဆို့မှုပြဿနာမှာ နောက်အစိုးရသစ် ဆက်ခံရမည့် အမွေဆိုးတစ်ခုဖြစ်သည်။/ဓာတ်ပုံ − နစ်ကီ
သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းကုန်ဆုံးရန် လပိုင်းမျှသာလိုတော့ပြီး နောက်အစိုးရဖွဲ့စည်းနိုင်ရန် အဓိကကျသည့်ရွေးကောက်ပွဲအတွက် မဲဆွယ်မှုများပင် စတင်နေပြီဖြစ်သည်။ လက်ရှိအစိုးရသက်တမ်းတစ်လျှောက် ဆောင်ရွက်ချက်များတွင် အောင်မြင်မှုနည်းသည့် အကြောင်းအရာများအနက် ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့ မှုကို  ပိုမိုဆိုးရွားလာအောင်လုပ်ဆောင်ခဲ့ပြီး အဖြေမရှာနိုင်ခြင်းသည် တစ်ခုအပါအ၀င်ဖြစ်သည်။

ထိုအချက်ကို ယခု ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းအချို့က သတိထားမိခဲ့ပြီး ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှုကို လျော့နည်းစေရန်ဖြေရှင်းပေးမည်ဟူသော ဆွဲဆောင်မှုဖြင့် ရန်ကုန်မြို့နေလူထုအား စတင်စည်းရုံးလာသည်ကိုတွေ့ရသည်။
ယင်းကိစ္စသည် လာမည့်ရွေး ကောက်ပွဲအပြီးတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိမည့် ကိုယ်စားလှယ်လောင်းများအတွက် စိန်ခေါ် မှုဖြစ်လာနိုင်သကဲ့သို့ မဲရရှိရေး စည်းရုံးမှုတွင် မဖြစ်မနေ ထည့်သွင်းပြောကြားရန် လိုအပ်သည့်အကြောင်းအရာလည်း ဖြစ်သည်ဟု စည်းရုံးရေးစတင်နေသူအချို့က ဆိုသည်။
‘‘ယာဉ်ကြောပိတ်ဆို့မှုတော် တော်ဆိုးဆိုး ကြုံတွေ့နေရတဲ့အ တွက် ဒါက မဖြစ်မနေဖြေရှင်း ဆောင်ရွက်ပေးဖို့လိုနေတဲ့ကိစ္စပါ။ ဖြေလျှော့မှု လုပ်သွားနိုင်မယ်လို့လည်း ဆန္ဒရှိပါတယ်’’ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်ဝင် ရောက်ယှဉ်ပြိုင်မည့် ကိုနေဘုန်း လတ်ကပြောသည်။
လွှတ်တော်ထဲသို့ ၎င်းရောက်ရှိပါက အသေးစိတ်စီမံကိန်းများရေးဆွဲကာ သက်ဆိုင်ရာဌာနအချင်းချင်းချိတ်ဆက်၍ ယာဉ်ကြောကျပ်တည်းမှုဖြေလျှော့နိုင်မည့်အဖြေ ရှာကာ အကောင်အထည်ဖော်သွားမည်ဟုလည်းဆိုသည်။
‘‘ကျွန်တော်လုပ်ဆောင်မယ့် အချက် ၃၅ချက်မှာ အဲဒါတစ်ခုအ ပါအ၀င်ဖြစ်ပါတယ်။ လုပ်နိုင်တဲ့ အနေအထားကနေ အကောင်းဆုံး လုပ်ဆောင်သွားမယ်။ လုပ်မပေး နိုင်ခဲ့ရင် ပြည်သူ့ဆန္ဒအတိုင်း ကျွန်တော့်ကိုပြန်ပြီး Recallလုပ်နိုင်တယ်’’ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်လောင်းအ ဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦး ကျော်သူရကလည်း ယုံကြည်ချက် အပြည့်ဖြင့်ပြောသည်။
၎င်းလုပ်ပိုင်ခွင့်ရရှိလာပါက နိုင်ငံတကာနည်းပညာအကူအညီများရယူကာ ယာဉ်ကြောကျပ် တည်းမှုအတွက်အဖြေရှာသွားရန် ဆန္ဒရှိသည်ဟုလည်း ဆိုသည်။
 ‘‘ယာဉ်တင်သွင်းမှုအပိုင်းလည်း စိစစ်ရမယ်။ အထူးသဖြင့် ဌာနအချင်းချင်း ချိတ်ဆက်လုပ် ဆောင်မှု အားနည်းတာတွေ ပြောင်းလဲပစ်ရမယ်’’ဟု ဦးကျော် သူရက ယာဉ်ကြောကျပ်တည်းမှု ကို ဖြေရှင်းရန်မျှော်မှန်းထားသည့် ၎င်း၏ လုပ်ငန်းအစီအစဉ်နှင့်ပတ် သက်၍ပြောသည်။
ရန်ကုန်မြို့အတွင်း သွားရေးလာရေးလွယ်ကူရန် ပြုလုပ်နိုင်ရေး သည် လွှတ်တော်တွင်းရောက်ရှိပါ က ပထမဦးစားပေးအစီအစဉ်အ ဖြစ် ဆောင်ရွက်သွားရန်ရည်ရွယ် ထားပြီး ထိုအချက်ကို မဲဆန္ဒရှင် များအား ရှင်းပြသွားမည်ဟုလည်း ရန်ကင်းမဲဆန္ဒနယ်အမှတ်(၂)မှ နေ၍ ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်တွင် တစ်သီးပုဂ္ဂလအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးမျိုးခင် (မုန်းခက်)ကလည်းဆိုသည်။
‘‘လွှတ်တော်ထဲရောက်ရင် တော့ နိုင်ငံတကာကျွမ်းကျင်ပညာ ရှင်တွေနဲ့ ပူးပေါင်းပြီးဘယ်လိုအ မြန်ဆုံးဖြေရှင်းဖို့ လိုမလဲဆိုတဲ့ စီမံကိန်းတွေရေးဆွဲပြီး ဆောင်ရွက်မယ်။ ခုံးကျော်တံတားတွေ ဆောက်တာ အဖြေမဟုတ်ဘူးဆို တာသက်သေပြရမယ်’’ဟု ဦးမျိုး ခင်က ရွေးကောက်ပွဲအနိုင်ရရှိပါက လုပ်ဆောင်မည့်အစီအစဉ်နှင့် ပတ်သက်၍ပြောသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုသည် သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးတစ်နှစ်ကျော် အကြာတွင် မော်တော်ယာဉ်တင် သွင်းမှုဆိုင်ရာမူဝါဒများပြောင်းလဲ ခဲ့ပြီးနောက် မော်တော်ယာဉ်အရေ အတွက်အများအပြားဝင်ရောက် လာပြီး တစ်နေ့တခြားဆိုးရွားလာခဲ့ ခြင်းဖြစ်သည်ဟု မြို့ခံလူထုကဆို သည်။

ရန်ကုန်မြို့လယ် တစ်နေရာ/ဓာတ်ပုံ − နစ်ကီ
ထိုပြဿနာကို ဖြေရှင်းရန် ရန်ကုန်တိုင်းအစိုးရက ပြည်ထောင်စုအစိုးရနှင့် ချိတ်ဆက်ကာ နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းသည်ဟု ဆိုသော်လည်း သိသာသည့်ထူးခြားမှုမတွေ့ရသေးပေ။
စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့သည် ယာဉ်ကြောကျပ် တည်းမှုကြောင့် နေ့စဉ်ဘ၀မျိုးစုံမှ လူထုအတွက်သွားရေးလာရေးအ ခက်အခဲများနှင့် ရင်ဆိုင်နေကြရ သည်။
ရန်ကုန်မြို့တွင် ယာဉ်ကြော ကျပ်တည်းမှု အများဆုံးဖြစ်ပွားသည့်နေရာ  ၇၉ နေရာ ရှိသည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။ မြေပြင်အခြေအနေ တွင် အချိန်အခါအလိုက် မြို့၏ လမ်းမထက်ဝက်ကျော် ယာဉ် ကြောပိတ်ဆို့မှုရှိနေသည်ဟု ပညာ ရှင်များက ခန့်မှန်းထားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ယာဉ်ကြောကျပ်တည်းမှုဖြေရှင်းရန် လမ်းဘေး လူသွားစင်္ကြံများ ဖြိုဖျက်ကာ ယာဉ်သွားလမ်းကျယ်စေရန် လုပ်ဆောင်ခဲ့ သည်။ 
အချက်ပြမီးပွိုင့်စနစ်များကို ငွေကျပ်ဘီလီယံနှင့်ချီ အကုန်အကျခံ၍ အဆင့်မြှင့်တင်ရန် ပြင်ဆင်ခဲ့သည်။
အကြီးမားဆုံး လုပ်ဆောင် ချက်မှာ ယာဉ်ကြောကျပ်တည်းမှု များသည် လမ်းဆုံများတွင် ခုံး ကျော်တံတားများထိုးကာ လတ်တ လောပြဿနာ ပြေလျော့စေရန် ကြိုးစားခဲ့သည်။
လေးနှစ်တာ ကာလအတွင်း လှည်းတန်းလမ်းဆုံ၊ ဘုရင့်နောင် လမ်းဆုံ၊ ရွှေဂုံတိုင်လမ်းဆုံ၊ မြေနီ ကုန်းလမ်းဆုံ စသည့်အဓိကလမ်း ဆုံကြီးများတွင် ခုံးကျော်တံတား လေးစင်း တည်ဆောက်ခဲ့သည်။
 ယင်းတံတားများ တည် ဆောက်မှုများအတွက် ငွေကျပ်ဘီလီယံ သန်းပေါင်းနှစ်သောင်း ကျော် သုံးစွဲကုန်ကျခဲ့ကြောင်း ထုတ်ပြန်ချက်စာရင်းများက ဆို သည်။
သို့သော် ခုံးကျော်တံတားများ က ယာဉ်ကြောကျပ်တည်းမှုကို  သိသာစွာ အကျိုးဖြစ်ထွန်းမှု ရှိမလာခဲ့သည့်အတွက် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဆက်လက်၍ ရှစ်မိုင်လမ်း ဆုံ၊ ကမ္ဘာအေးဘုရားလမ်း ကုက္ကိုင်းမီးပွိုင့်နှင့် တာမွေလမ်းဆုံ တို့တွင် ခုံးကျော်တံတားသုံးစင်းကို ကျပ်သန်းပေါင်း ငါးထောင်ကျော် အကုန်ခံ၍ တိုင်းအစိုးရက ဆက် လက်တည်ဆောက်လျက်ရှိသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု ရှင်းလင်းရာတွင် အသုံး စရိတ်အဖြစ် ကျပ်သန်းပေါင်း ၃၀,၀၀၀ သုံးစွဲရန် လျာထားသည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ထိုသို့ငွေကြေးကုန်ကျစရိတ် များစွာအသုံးပြု၍ ဖြေရှင်းဆောင် ရွက်နေသော်လည်း သိသာထင် ရှားသည့် တိုးတက်မှုနှုန်းရှိမလာ ခြင်းမှာ နည်းပညာနှင့်စီမံခန့်ခွဲမှု အားနည်းချက်များကြောင့်သာ ဖြစ်သည်ဟု လက်ရှိရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်းအချို့က ထောက် ပြသည်။
ယာဉ်ကြောကျပ်တည်းမှုကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် ပြည် ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး အစိုးရတို့ ဘတ်ဂျက်ပိုမိုတောင့် တင်းရန်လိုပြီး လက်ရှိအားနည်း ချက်များကို ထပ်မံဖြည့်စွက်၍ ဆက်လက်ကြိုးစားသွားရန် လို သည်ဟုလည်း အမျိုးသားနိုင်ငံ ရေးမဟာမိတ်များအဖွဲ့ချုပ်မှ ရန် ကုန်တိုင်းဒေသကြီး လွှတ်တော် နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးကျော်သူအောင်က ၎င်း၏ ယူဆချက်ကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရသည် ယာဉ်ကြောကျပ်တည်းမှု ကို ဖြေရှင်းဆောင်ရွက်ရာတွင် ဆေးမြီးတိုဖြင့် ကုသခြင်းကဲ့သို့ ဘဏ္ဍာငွေအကုန်ခံ လုပ်ဆောင် နေမှုများသာ တွေ့ခဲ့ရပြီး လွှတ် တော်အတွင်း ယင်းကိစ္စနှင့် ပတ် သက်၍ မေးမြန်းအဆိုတင်ခဲ့မှုများ အပေါ် တုံ့ပြန်ဖြေကြားမှုများမှာ အားရစရာမရှိခဲ့ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ က အစိုးရ၏ လက်ရှိဆောင်ရွက်ချက်အပေါ် ဝေဖန်သည်။
‘‘ပြီးခဲ့တဲ့ လွှတ်တော်မှာဆို ရင်ပဲ ဒီယာဉ်ကြောကျပ်တည်းမှု ပြဿနာဒုက္ခအမွေဆိုး နောက်အစိုးရကို ဒီအတိုင်းလွှဲပေးခဲ့တော့မှာလားမေးတယ်။ မဖြေနိုင်ကြဘူး။ စီမံခန့်ခွဲမှုမူဝါဒတွေ မပြောင်း ရင် နောက်အစိုးရတက်လာလည်း ဒီကိစ္စဖြေရှင်းနိုင်မှာ မဟုတ်ဘူး’’ ဟု သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးကျော်က လွှတ်တော်သက်တမ်းကာလအတွင်း ကြုံ တွေ့ခဲ့ရမှုအခြေအနေနှင့် ပတ် သက်၍ပြောသည်။
ဆင်ခြေဖုံးမြို့နယ်များမှ ရန်ကုန်မြို့တွင်းသို့ ရောက်ရှိရန် နှစ်နာရီကျော် ကြာမြင့်တတ်သည့် ခရီးသွားလာမှု အခက်အခဲများအတွက် အချိန်လျှော့ချပေးနိုင်မည့် လုပ်ဆောင်ချက်ကို ရန်ကုန်မြို့နေ ပြည်သူများ အလေးထားမျှော်လင့် နေကြသည်။
ယင်းဖြစ်ရပ်များကို ဖြေရှင်း ဆောင်ရွက်ပေးနိုင်မည်ဟူသော ကတိပြုချက်များဖြင့် ၂၀၁၄ နှစ် ကုန်ပိုင်းတွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် စည်ပင်သာယာရေးကော် မတီအဆင့်ဆင့် ရွေးကောက်ပွဲ တွင်လည်း ၀င်ရောက်ယှဉ်ပြိုင်သူ အချို့က ဆွဲဆောင်ပြောကြားခဲ့ဖူး သည်။
‘‘ပြောတာက ပြောတာပဲလေ။ နောက်တော့ဘာမှဖြစ်မလာ ဘူး။ အခုတော့ အဲဒီလူတွေလည်း ငြိမ်ကုန်ပြီ။ဘာမှလည်းမထူးခြား ဘူး’’ဟု အင်းစိန်မြို့နယ်မှ ကုမ္ပဏီ ၀န်ထမ်းတစ်ဦးဖြစ်သည့် ကိုမင်းမင်းစိုးကပြောသည်။
ရန်ကုန်မြို့တွင် နေ့စဉ်ခံစား နေရသည့် ယာဉ်ကြောကျပ်တည်း မှုပြဿနာကို မြန်ဆန်ထိရောက်စွာ အမှန်တကယ်ဆောင်ရွက်ပေး နိုင်မည့်သူကို မျှော်လင့်ချက်ဖြင့် စောင့်ကြည့်နေသည်ဟု မဲဆန္ဒရှင် အချို့ကဆိုသည်။
‘‘အခုအချိန်မှာတော့ နှုတ်နဲ့ လုပ်ပေးမယ်ပြောတာ လွယ်တာပေါ့။ အရင်ကလည်း ဒီလိုကတိတွေပေးခဲ့တာပဲ။ တကယ်လက်တွေ့ကျကျ လုပ်ပေးနိုင်မယ့်သူမျိုး တွေများလာရင်တော့ အလုပ်ဖြစ်မယ်ထင်တာပဲ’’ဟုဗဟန်းမြို့နယ် မှ အငြိမ်းစားအုပ်ချုပ်ရေးအရာရှိ ဦးလှမြင့်က ပြောသည်။
7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။