မြောက်ဦး ရွှေဂူကြီးဘုရား အ၀င်လမ်းဟောင်းကို ဦးစံရွှေအောင်၏ လှူဒါန်းငွေဖြင့် ပြုပြင်

စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၇

မြောက်ဦးမြို့ရှိ ရွှေဂူကြီးဘုရား အ၀င်လမ်းဟောင်းကို နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမြဲတမ်းအတွင်းဝန် တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးစံရွှေအောင်နှင့်ဇနီး ဒေါ်အေးအေးသန်းမိသားစု အလှူငွေဖြင့် ပြန်လည် ပြုပြင်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

မင်ဘာကြီး ဖခင် တည်ထားကိုးကွယ်ခဲ့သော ရွှေဂူကြီးဘုရားအ၀င်လမ်း ပျက်စီးနေသဖြင့် ဘုရားဖူးသူများ သွားလာရေး ခက်ခဲနေရာမှ ဦးစံရွှေအောင် မိသားစုမှ စေတနာ တရားထက်သန်စွာဖြင့် ကူညီပြီး ကျောက်ချောလမ်း အဖြစ် အဆင့်မြင့် တင်ရန် ဖောက်လုပ် လျက်ရှိကြောင်း ဦးစံရွှေအောင်နှင့် အတူ ရခိုင်ခရီးစဉ်ကို လိုက်ပါပြီး လူမှုရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကိုညီညီမောင်က နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

“ရခိုင်ပြည်နယ်မှာ ရေဘေးမကျရောက်ခင် တစ်ပတ်လောက် ဦးစံရွှေအောင်က အဲ့ဒီဘုရားကို သွားဖူး ခဲ့ပါတယ်။ တောင်ကျရေတွေ လျှံပြီး ဘုရားထဲမှာ ရေတွေနစ်မြုပ်နေပါတယ်။ ဘုရားပလ္လင်အောက်မှာရှိနေတဲ့ နတ်ရုပ်ဟာဆိုရင်လည်း နစ်မြုပ်နေပါတယ်။ ဦးစံရွှေအောင်ပြောတာက ရခိုင်ပြည်မှာ ဘာကြောင့် ဘုရားထဲမှာ ရေတွေ ၀င်နေရတာလဲ၊ ထိန်းသိမ်းဖို့သင့်ပါတယ်။ နတ်ကိုလည်း ဒီလိုမြုပ်အောင် မထားသင့်ဘူးဆိုတဲ့ အာသီသ တစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ချက်ချင်းပဲ ရေမြောင်းတွေဖေါက်ဖို့၊ ဘေးနားက တောတွေကို ရှင်းဖို့ ကျပ် ၂ သိန်း စတင် လှူဒါန်းခဲ့ပါတယ်” ဟု ကိုညီညီမောင်က ပြောသည်။

အဆိုပါ ဘုရားသွားလမ်းသည် ပေ ၈၀၀ ခန့် ရှည်ပြီး ပြုပြင်နိုင်ရန်အတွက် လွန်ခဲ့သော ၂ ပတ်ခန့်က ပထမအဖြတ်အနေဖြင့် ၁၁ သိန်းကျပ် လှူဒါန်းထားသည့်အပြင် အနီးအနား ချုံနွယ်များကို ခုတ်ထွင် ရှင်းလင်းရန် နောက်ထပ် ၂ သိန်းကျပ် လှူဒါန်းထားသည်ဟု သိရသည်။

ကျောက်ချောလမ်းခင်းခြင်းကို လွန်ခဲ့သော တစ်ပတ်ခန့်က စတင်ခဲ့ပြီး ယခုအချိန်တွင် ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ အဆိုပါ လမ်းကို ကျောင်းကြီးခင်းပြီး အပေါ်မှ ကျောက်စရစ်ထပ်ခင်းမည်ဖြစ်ကြောင်း သိရသည်။

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။