ကျောက်ဖြူမြို့ဗိုလ်ကြီးဂျိုင်ကမ်းခြေတွင် ကဏန်းအပုပ်အသိုးအမြောက်အများကို ကမ်းခြေတွင်စွန့်ပစ်ထား

စက်တင်ဘာလ (၁၃) ရက်၊ ၂၀၁၅
____ကျောက်ဖြူလူငယ်များမီဒီယာ

ကျောက်ဖြူမြို့ဗိုလ်ကြီးဂျိုင်ကမ်းခြေတွင်  ကဏန်းစက်ရုံမှ သေကြေပျက်စီး ပုပ်သွားသွားသော ကဏန်းအမြောက်အများကို ပင်လယ်ကမ်းခြေတွင် စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၁၁ ရက်နေ့က ကျောက်ဖြူမြို့ စေတီယျကျေးရွာ (ကုမ္ပဏီဈေး) တွင် တည်ရှိသော ကဏန်းစက်ရုံမှ သေကြေပျက်စီးသွားသည့် ကဏန်းအများအပြားတို့ကို ဗိုလ်ကြီးဂျိုင် ကမ်းခြေတွင် စည်းမဲ့ကမ်းမဲ့စွန်ပစ်ထားသည်။

ဗိုလ်ကြီးဂျိုင့်ကမ်းခြေဟာ ကုမ္ပဏီဈေး  ခေါ် စေတီယျရွာအောက်တွင် တည်ရှိသည်။ ၄င်းကမ်းခြေမှာ သဘာဝအလျောက် အလွန်လှပပြီး၊ ကျောက်ဖြူမြို့၏ အဓိက ဆွဲဆောင်မှုကောင်းသည့် ကမ်းခြေတစ်ခုလည်းဖြစ်သည်။

ယင်းဗိုလ်ကြီးဂျိုင် ကမ်းခြေတလျောက်တွင် ဟိုတယ်များနှင့် ရေလုပ်ငန်းစက်ရုံများတည်ရှိကြသည်။ ယခု သေကြေပျက်စီးသွားသည့် ကဏန်းများအား စွန့်ပစ်သည့် စက်ရုံမှာ တရုတ်လူမျိုးများပိုင်ဆိုင်ကြောင်းဒေသခံတို့ပြောကြားချက်အရသိရသည်။

ဒေသခံပြည်သူများမှလည်း သဘာဝအရင်းအမြစ်နှင့် လှပနေသည့် ကျောက်ဖြူကမ်းခြေကို အခုလိုဖျက်ဆီးနေသည့် မည်သည့်စက်ရုံကိုမဆိုသက်ဆိုင်ရာမှ ထိရောက်စွာအရေးယူစေလိုကြကြောင်းပြေကြားကြသည်။

ကျောက်ဖြူမြို့တွင် ကဏန်းမွေးရေးလုပ်ငန်းကို တရုတ်လူမျိုးများမှ အဓိကလုပ်ကိုင်နေကြသည်။

(ဆက်လက်စုံစမ်းနေပါတယ်။ သတင်းထူးက ပြန်လည်၍ Update လုပ်ပေးပါမည်။)

___ကျောက်ဖြူလူငယ်များမီဒီယာ
×××××××××××××××

သတင်းအရင်းအမြစ်နှင့်ဓာတ်ပုံကို " ရမ္မာဝတီ စောမိုးကျော် " ဆီက ရယူသည်။ 

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။