ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုးကျေးရွာအုပ်စုတွင် ကျွဲခိုးမှုဖြစ်ပွား

ညိုထွန်း - News

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာအုပ်စု အမှတ်(၆၀၅) ပဇီကွင်း၌ စက်တင်ဘာလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အကူး ညဥ့်သန်းခေါင်ကျော်အချိန်တွင် ကျွဲခိုးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကျွဲခိုးသူများမှာ ရခိုင်လူမျိုးအချို့နှင့် ဘင်္ဂလီလူမျိုး ၅ ဦးတို့ဖြစ်ပြီး မော်တော်ဘုတ်ဖြင့် လာရောက်ခိုးယူခြင်း ဖြစ်ကြောင်းသိရသည်။ အခင်းဖြစ်ပွားပုံမှာ ရခိုင်လူမျိုးများသည် လှေပေါ်တွင် ကျန်ရစ်ခဲ့ပြီး ဘင်္ဂလီလူမျိုး ၅ ဦးမှ ကုန်းပေါ်သို့တက်ကာ ကျွဲခြံပိုင်ရှင် ခြောက်ဦးမှ ၃ ဦးကို ကြိုးဖြင့် ချည်နှောင်ထားပြီး ကျန် ၃ ဦးဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ကျွဲခြံပိုင်ရှင်များမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

အနီးအနားမှလူများ ရောက်လာသောအခါမှ ထွက်ပြေးသွားကြကြောင်းနှင့် ကျွဲများပါမသွားကြောင်းကို ဒေသခံများ၏ ပြောစကားအရသိရသည်။

ယခင်ကလည်း ဤကဲ့သို့ခိုးမှု ၅ ကြိမ်ခန့် ဖြစ်ပေါ်ခဲ့ပြီး ကျွဲ၊ နွားအကောင် ၂၀ ခန့်ပါသွားကြောင်းနှင့် ဒေသခံများမှ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သော်လည်း ဟန်ပြရုံမျှသာ ရောက်လာကြပြီး ပြန်သွားကြကြောင်းကို ဒေသခံတစ်ဦးက “ အရင်ကဖြစ်ခဲ့တုန်းက သက်ဆိုင်ရာတွေကို ကျနော်တို့တိုင်ကြားခဲ့ပေမယ့် ခိုးတဲ့သူတွေကို အခုချိန်ထိဖမ်းလို့ မမိသေးပါဘူး။ သူတို့ရောက်လာတာက ဟန်ပြရုံသက်သက်ပဲရှိတယ်။ အခုလည်း ရောက်နေကြပါတယ် ” ဟုပြောကြားသည်။

ယခုအချိန်တွင် သက်ဆိုင်ရာများက လာရောက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်းသိရပြီး ရွာသားများမှာလည်း ကျွဲ၊ နွားများ အမြဲတမ်းအခိုးခံနေရသောကြောင့် စိုးရိမ်နေကြကြောင်းသိရသည်။

Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။