- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတာ့ လူငယ်အချစ်ဟာသကားလေးတစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။
ငွေကြယ်ပြာက ဦးလေး၊ အဒေါ်တွေနဲ့ အတူတူနေပါတယ်။ လူငယ်ပီပီပေါ့ပေါ့ပါးပါး နေတတ်ပေမယ့် ငွေကြယ်ပြာမှာ မကောင်းတဲ့ အကျင့်တစ်ခုရှိပါတယ်။ အဲဒါ ကတော့ ပျာပျာနေတတ်တာပေါ့။ အဲဒါကြောင့်သူ့မိဘတွေပေးခဲ့တဲ့ ငွေကြယ်ပြာဆိုတဲ့ နာမည်ပျောက်ပြီး ပျာကလက်စိန်လို့ပဲ ခေါ်ကြလေ့ရှိပါတယ်။ သူ့မှာ အရင်းနှီးဆုံးသူငယ်ချင်းတွေလည်းရှိပါတယ်။ အဲဒီသူတွေထဲမှာ ရွှေယွန်းကတော့ဗြူးတီးဆလွန်းတစ်ခုဖွင့်ထားပါတယ်။ ငွေကြယ်ပြာကလည်း အလှပြင်ရတာကို စိတ်ဝင်စားပြီး ဗြူးတီးဆလွန်းတစ်ခုဖွင့်ဖို့ စီစဉ်နေတာပါ။
ငွေကြယ်ပြာက အိမ်မှာနေရင်လည်း အမြဲတစ်ခုမဟုတ်တစ်ခု လွဲတတ်လေ့ရှိပါတယ်။ ပန်းကန်ဆေးရင် ပန်းကန်ကျကွဲတတ်သလို တစ်ခုမဟုတ်တစ်ခု လွဲလေ့ရှိတာကြောင့် သူ့ဦးလေးနဲ့ အဒေါ်နဲ့လည်း အမြဲတမ်းပြဿနာဖြစ်လေ့ရှိပါတယ်။
အဲဒီလိုနဲ့ တစ်ရက်မှာတော့ ငွေကြယ်ပြာနဲ့ ရွှေယွန်းတို့နှစ်ယောက် စက်ဘီးစီးပြိုင်ရင်း အထမ်းသမား တစ်ယောက်ကို ၀င်တိုက်မိခဲ့ပါတယ်။ အဲဒီမှာ ငွေကြယ်ပြာလက်မှာ ဒဏ်ရာရခဲ့တာကြောင့် သူတို့ရပ်ကွက်ထဲမှာရှိတဲ့ ဆေးခန်းကို သွားပြခဲ့ပါတယ်။ အဲဒီမှာ ဆရာဝန်လှိုင်ထွဋ်နဲ့ တွေ့ခဲ့တာပါ။ လှိုင်ထွဋ်က အရာရာကို စည်းစနစ်ကျကျ နေတတ်သူပါ။
လှိုင်ထွဋ်ကို မြင်မြင်ချင်းမှာ ပဲငွေကြယ်ပြာနဲ့ ရွှေယွန်းတို့နှစ်ယောက်က စိတ်ဝင်စားသွားခဲ့ပါတယ်။
ဘယ်လောက်ထိအောင်လဲဆိုရင် ငယ်ငယ်ကတည်းက ခင် လာတဲ့ သူငယ်ချင်းနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက်စစ် ကြေညာတဲ့အထိကို ဖြစ်ခဲ့တာပါ။ အဲဒီအချိန်ကစပြီး ငွေကြယ်ပြာမှာ အလုပ်တစ်ခုတိုးလာခဲ့ပါတယ်။ အဲဒါကတော့ ဆရာဝန်လှိုင်ထွဋ်နဲ့ တွေ့ရဖို့အတွက် ဆေးခန်းသွားဖို့ လူနာရှာတာပါ။ အရက်ခိုးခိုး သောက်တတ်တဲ့ ဦးလေးဖွက် ထားတဲ့ အရက်ပုလင်းနေရာမှာ ဓာတ်ဆီပုလင်းထားပြီး ဆေးခန်း ရောက်အောင်လည်း လုပ်ခဲ့ပါ တယ်။
ရွှေယွန်းကလည်း သူ့ရှေ့ မှာ နေမကောင်းဘူးပြောတဲ့လူရှိ တာနဲ့ ဘာမှမပြောနေဘဲ လှိုင်ထွဋ်ဆေးခန်းကိုပဲ လိုက်ပို့လေ့ရှိပါတယ်။
ငွေကြယ်ပြာနဲ့ ရွှေယွန်းတို့ လှိုင်ထွဋ်နဲ့ နီးစပ်မှုရအောင် ဘယ် လိုကြိုးစားကြမှာလဲ။ လှိုင်ထွဋ်က ကော သူ့ထက်အသက်ငယ်တဲ့ ကောင်မလေးတွေကို စိတ်ဝင်စား မှာလား။ ဘယ်လို ဇာတ်လမ်း တွေဆက်ဖြစ်မလဲဆိုတာကိုတော့ အောင်သီရိထုတ်လုပ်ရေးကနေ ဖြန့်ချိပေးထားတဲ့ ပျာကလက်စိန် ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက် လက်ရှုစားပေးပါ။
ဒီဇာတ်ကားမှာ လှိုင်ထွဋ်အ ဖြစ်လူမင်း၊ ငွေကြယ်ပြာအဖြစ် ၀တ်မှုံရွှေရည်၊ ရွှေယွန်းအဖြစ် ယွန်းရွှေရည်တို့က ပါဝင်သရုပ် ဆောင်ထားပါတယ်။ ရာဇ၀င်ကို ရဲ့ ၀တ္ထုကို ကိုကျော်ဇာတ်ညွှန်း ရေးထားပြီး ဒါရိုက်တာ ကျော် ဇောလင်း (အတွေးပုံရိပ်)က ရိုက် ကူးပုံဇော်ထားပါတယ်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။