ဓာတ်ပုံ−နစ်ကီ
ပြည်ပတွင် လေးနှစ် ခန့်သွားရောက်ပညာသင်ကြား ရမည်ဖြစ်သောကြောင့် အနုပညာ လောကနှင့် ခေတ္တဝေးကွာမည် ဖြစ်သော်လည်း ပရိသတ်များ အနေဖြင့် ၎င်းကိုမေ့မသွားစေလို ကြောင်း Miss Myanmar Inter-national သရဖူဆုရှင် ခင်ဝေဖြိုး ဟန်ကပြောသည်။
‘‘ညီမကို ပရိသတ်တွေရဲ့ နှလုံးသားထဲမှာအမြဲတမ်းထားပါ ဦးလို့၊ အနုပညာလောကထဲမှာ မရှိတော့ပေမယ့် ပရိသတ်တွေရဲ့ နှလုံးသားထဲမှာ ရှိချင်ပါသေး တယ်။ ပြန်လာရင် ပြန်အားပေး ပါလို့’’ဟု ၎င်းကပြောသည်။
ခင်ဝေဖြိုးဟန်သည် ပညာ သင်ကြားရန် အမေရိကန်နိုင်ငံသို့ သြဂုတ် ၃၁ ရက်ညတွင် မြန်မာ နိုင်ငံမှထွက်ခွာသွားပြီး လေးနှစ် ခန့်ကြာမည်ဟု ၎င်းကပြောသည်။
‘‘အခုစဉ်းစားထားတာတော့ Science (သိပ္ပံ)ဒါမှမဟုတ် Business Management အဲဒီ နှစ်ခုထဲက တစ်ခုတက်မယ်’’ဟု တက်ရောက်မည့်ဘာသာရပ် အကြောင်းကိုပြောသည်။
ခင်ဝေဖြိုးဟန်သည် ပြီးခဲ့ သည့်နှစ်ကပြုလုပ်ခဲ့သော Miss Myanmar International 2014 ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု အလှ မယ်အဖြစ် သွားရောက်ယှဉ်ပြိုင် ရန်အရွေးခံခဲ့ရသော်လည်း ပြိုင်ပွဲ ကျင်းပချိန်၌ အသက် (၁၈)နှစ် မပြည့်သောကြောင့် သွားရောက် ယှဉ်ပြိုင်ခွင့်မရခဲ့သူဖြစ်သည်။
‘‘ကျောင်းက လေးနှစ်ပဲ တက်ရမှာဆိုတော့ ပြန်လာရင် Miss ပြိုင်ပွဲတွေပြိုင်ချင်သေး တယ်။ International Stage ပေါ် ကိုသွားချင်သေးလို့’’ဟု ခင်ဝေဖြိုး ဟန်ကပြောသည်။
ပြည်ပတွင်ပညာသင်ကြား ပြီးပါက မြန်မာနိုင်ငံ၌ ပြုလုပ် နေသည့် Miss Universe(မယ် စကြဝဠာ)၊ Miss World (မယ် ကမ္ဘာ)နှင့် Miss International အလှမယ်ရွေးချယ်ပွဲများကို စိတ် ဝင်စားပြီး ယင်းပြိုင်ပွဲများမှ တစ်ခု ကိုရွေးချယ်၍ ယှဉ်ပြိုင်သွားမည် ဟု ၎င်းကဆိုသည်။
‘‘အဲဒီအချိန်ဆိုရင် အသက် က (၂၂)နှစ်ပဲရှိသေးတယ်။ ဗဟု သုတတွေလည်းပိုရနေပြီဆိုတော့ အဲဒီအချိန်က ပိုပြီးအဆင်သင့် ဖြစ်တယ်လို့ ညီမထင်တယ်’’ဟု ပြောသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။