မတရားအခွန်အကောက်များကင်းရှင်းရေးကို ဥပဒေ ဘောင်အတွင်းက တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ၏ မြောက်ဦးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးဦးလှစောပြောကြား

စစ်တွေ၊ စက်တင်ဘာ ၁၆

အနိုင်ကျင့်ဗိုလ်ကျသော ပျူရိုကရက်တစ် အရာရှိဆိုးများနှင့် မတရားအခွန်အကောက်များကင်းရှင်းရေးကို ဥပဒေ ဘောင်အတွင်းက တိုက်ဖျက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများသို့ အချက် ၅ ချက်ကိုချပြလိုကြောင်း ရခိုင်အမျိုးသားပါတီ၏ မြောက်ဦးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးဦးလှစောပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ ပြည်သူတွေကို အချက် ၅ ချက်ချပြချင်တယ်။ အဲဒါကတော့ ကျွန်တော်ဖြစ်ချင်တာ၊ လုပ်ချင်တာပါပဲ။ လွှတ်တော်တွင်းကဖြစ်စေ၊ လွှတ်တော်ပြင်ပက ဖြစ်စေ ကျွန်တော်လုပ်သွား ဖို့ရှိတယ်လို့ပြောချင်ပါတယ်။ အဲဒါက တော့ မြောက်ဦးရွှေမြို့တော် ပြန်လည်နိုးထဖို့ အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြ မယ်လို့ပြောချင်တယ်။ မြောက်ဦးဒေသအတွင်းထူးချွန်ထက်မြက်တဲ့ပညာတတ်လူငယ်တွေကို ငါးနှစ်အတွင်းမှာဖော် ထုတ်ပြီး မြေတောင်မြှောက်ပေးချင်တယ်။ကျေးလက်ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု သိပ်ကိုအားနည်းနေ ပါတယ်။ ဒါကိုလည်းအားလုံးနဲ့ပေါင်းပြီးလုပ်ချင်ပါတယ်။

တတိယအချက်ကတော့ ကျွန်တော်တို့လူထုတစ်ရပ်လုံးခံ စားနေကြရတဲ့ပြဿနာဖြစ်တဲ့ အနိုင်ကျင့်ဗိုလ်ကျသော ပျူရိုကရက်တစ် အရာရှိဆိုးများနှင့် မတရားအခွန်အကောက်များကင်းရှင်းရေးကို ဥပဒေ ဘောင်အတွင်းက တိုက်ဖျက်သွားမှာဖြစ်ပါတယ်။ နောက်ပြီး တောတောင်ရေမြေ၊ ကျေးငှက်တိရိစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင်တွေဟာ အလွန်တရာပျက်စီးနေပြီဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ ပြန်လည်နိုးထလာအောင် လုပ်ဆောင်မှာဖြစ်ပါတယ်”ဟုဦးလှစောက ပြောကြား ခဲ့ပါသည်။

ထို့အပြင် မြောက်ဦးဒေသသည် ရခိုင်လူမျိုးများအတွက် ကန္တာဝင်နယ်မြေ၊ သမိုင်းဝင်နယ်မြေ ၊ ယဉ်ကျေးမှု နယ်မြေကြီး တစ်ခုဖြစ် သည့်အတွက် တကယ့် ယူနပ်စကို အသိမအမှတ်ပြု ဂုဏ်သိက္ခာရှိရှိပေါ်ထွန်းလာရန် အတွက် စာပေအနုပညာသမားများ၊ ဂျာနယ်လစ်များအပါအ၀င် အားလုံးကပူးပေါင်း ပြီး မဖြစ်မနေအကောင်အထည် ဖော်သွားရမည်ဖြစ်ကြောင်း၊ အကယ်၍ လူထုက ရွေးချယ်တင်မြှောက်ခဲ့သည်ရှိသော်လည်း ထိုအချက် ၅ ချက် ကိုသာ တစိုက်မတ်မတ် အကောင်အထည်ဖော်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့ပါသည်။

ဦးဦးလှစောအနေဖြင့် ၁၇ ရက်နေ့မှစတင်က အောင်နိုင်ရေးမဲဆွယ်စည်းရုံးရေးလုပ်ရပ်များကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် အကယ်၍သာ ယခုကိစ္စရပ်များမဖြစ်လာနိုင်၊ မလုပ်ဆောင်နိုင်ခဲ့ပါက ပြည်သူများအနေဖြင့် မိမိအပေါ် ရဲရဲရင့်ရင့်တုန်ပြန်နိုင်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

သန်းလှိုင်(စစ်တွေ)

___EMG
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။