ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်ခဲ့သော ချင်း တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်စုစုလှိုင်အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အရွေးခံရန် ခွင့်ပြု

ရန်ကုန်၊ စက်တင်ဘာ ၆

သတ်မှတ်ထားသော အရည်အချင်း မပြည့်မီ သဖြင့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ဖျက်ခဲ့သော ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ချင်းတိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်စုစုလှိုင် အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အရွေးခံရန် ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

စက်တင်ဘာလ ၃ ရက်နေ့က ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ချင်းတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်စုစုလှိုင် တင်သွင်းလာသည့် အယူခံမှု အပေါ် ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးကြားနာပြီးနောက် သူမအား ရွေးကောက်ပွဲဝင်ရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည် ဟု ရွေးကောက်ပွဲ ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ သူမနှင့် အတူ တစ်နေ့တည်း ကြားနားစစ်ဆေးခံခဲ့ရသည့် ရှမ်းပြည်နယ် လားဟူ တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးယောသပ် ကိုလည်း ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး ပြန်လည် ခွင့်ပြုခဲ့သည်ဟု သိရသည်။

ဒေါ်ခိုင်စုစုလှိုင်အား သူမ၏ ဖခင်မှာ ချင်းတိုင်းရင်းသားမဟုတ်ဟု ဆိုကာ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ရွေးကာက်ပွဲဝင်ရန် စာရင်းမှ ပယ်ဖျက်ခဲ့သဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အယူခံလွှာ တင်သွင်း ရာမှ ယခုလို အနိုင်ရရှိသွားခြင်း ဖြစ်သည်။

(လေးမြို့အထက်ပိုင်း ပန်းကိုင် ချင်းကျေးရွာမှ အမျိုးသမီးကြီး သုံးဦးကို ၈၈ ရခိုင်မျိုးဆက် လူမှုဖွံ့ဖြိုးရေး အဖွဲ့မှ ရေဘေးကယ်ဆယ်ရေး အဖွဲ့ဝင်များနှင့် အတူ သြဂုတ်လ ဒုတိယအပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ- နိရဉ္စရာ)

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။