Facebookတွင် Dislike ပြုလုပ်ခွင့် ပေးသွားမည်ဟု ဇူကာဘက်ပြောကြား

Likeနှင့်အတူ Dislike ပြုလုပ်ရန် အခွင့်အရေးကိုပါ Facebook အသုံးပြုသူများထံ ပေးအပ်သွားရန် စီစဉ်နေကြောင်း ဝက်ဘ်ဆိုက် ထူထောင်သူ မာ့ခ်ဇူကာဘက်က ပြောကြားလိုက်သည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ မန်လိုပါ့ခ်ရှိ Facebook၏ ဌာနချုပ်တွင် အမေးအဖြေ အစီအစဉ်တစ်ခု ပြုလုပ်ရာ၌ ကမ္ဘာ့အကြီးမားဆုံး လူမှုကွန်ရက် ဝက်ဘ်ဆိုက်ကြီး၏ အမှုဆောင်ချုပ်အဖြစ် တာဝန်ယူထားသည့် အသက် (၃၁) နှစ်အရွယ် ဇူကာဘက်က ယခုလို အသိပေးသွားခြင်း ဖြစ်သည်။
Facebookသည် လွှင့်တင်ထားသည့် စာများ၊ ဓာတ်ပုံများနှင့် အခြားသော အကြောင်းအရာများကို ကြိုက်နှစ်သက်ကြောင်း ပြသနိုင်သည့် Likeပြုလုပ်ခွင့်ဖြင့် အောင်မြင်မှုများစွာ ရရှိခဲ့သော်လည်း မနှစ်သက်သည့် အရာများကို Dislike ပြုလုပ်ခွင့် တောင်းဆိုမှုများကို နှစ်အတော်ကြာ မျက်ကွယ်ပြုထားခဲ့သည်။ သို့သော်လည်း ယခုအခါတွင်မူ အဆိုပါ Featureသစ်အတွက် စတင် စမ်းသပ်နေပြီဟု ဆိုသည်။
သို့သော်လည်း Facebook၏ Dislike ပြုလုပ်ပိုင်ခွင့်သည့် ကန့်ကွက်မှု၊ သဘောမတူမှုမျိုးထက် အကြောင်းအရာ တစ်ခုအတွက် စိတ်မကောင်းမှု၊ စာနာဝမ်းနည်းမှုကို ပြသရန် ပိုမိုရည်ရွယ်မည် ဖြစ်ကြောင်းလည်း ဇူကာဘက်က ပြောကြားခဲ့သည်။ 
Facebookသည် ဝက်ဘ်ဆိုက်၏ အထင်ကရ Feature တစ်ခုအဖြစ် ၂၀၀၉ ခုနှစ်တွင် Likeကို စတင်မိတ်ဆက်စဉ် ကတည်းက Dislike ပြုလုပ်ခွင့် အတွက်ပါ အစဉ်တစိုက် တောင်းဆိုမှုများ ထွက်ပေါ်နေခဲ့သည်။ “လူတွေက Dislikeကို နှစ်တော်တော်ကြာ တောင်းဆိုနေကြပါတယ်။ ဒါကို တောင်းဆိုတဲ့ ရာပေါင်းများစွာသော သူတွေအတွက်တော့ ဒီနေ့က နေ့ထူးနေ့မြတ် တစ်ခုပါပဲ။ ကျွန်တော်တို့ Dislike ပြုလုပ်ခွင့်အတွက် စပြီး အလုပ်လုပ်နေပြီ ဆိုတာကို အသိပေးချင်ပါတယ်။ ပြီးတော့ လက်တွေ့ စမ်းသပ်မှုတွေ စတင်ဖို့ တော်တော်လေး နီးစပ်နေပြီ”ဟု စက်တင်ဘာ ၁၅ ရက်တွင် ဇူကာဘက်က Facebook ဌာနချုပ်သို့ ရောက်လာသည့် ဧည့်ပရိသတ်များကို ပြောကြားခဲ့သည်။ 
၎င်းက Dislike ပြုလုပ်ခွင့်ကို ကန့်ကွက်မဲ ပေးသည့် သဘောမျိုး အသုံးမပြုစေလိုဘဲ ဝမ်းနည်းမှု၊ စာနာမှုတို့ကို ဖော်ပြလိုသည့် အနှစ်သာရမျိုးသို့ ဦးတည်စေလိုကြောင်းလည်း ပြောဆိုသွားသည်။ 
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။