ကိုကာကိုလာ ဂိုဒေါင်မီး ငါးနာရီခွဲကြာ ငြှိမ်းသတ်ရ



ဆုံးရှုံးမှု ကျပ်သိန်း ၁,၂၀၀ ကျော်ရှိကြောင်း မီးသတ်ထုတ်ပြန်၊ ဂိုဒေါင်တန်ဖိုးတွက်ချက်မှုအရ မီးသတ်နှင့် အာမခံကုမ္ပဏီ ကျပ်သိန်းလေးထောင်ခန့်ကွာဟနေ

မင်္ဂလာဒုံမြို့နယ် ဇေ ကမ္ဘာဥယျာဉ်ဝင်းအတွင်း ရန်ကုန် စက်မှုဇုန် (၇)လမ်းရှိ ကိုကာကို လာကုမ္ပဏီ၏  အချိုရည်ထုတ် လုပ်သော ကုန်ကြမ်းများထားရှိ ရာဂိုဒေါင် မီးလောင်မှုသည် ငါး နာရီခွဲ ကြာမြင့်ခဲ့သည်။

စက်တင်ဘာ ၂၄ ရက် နံနက် ၆ နာရီခွဲက စတင်လောင် ကျွမ်းခဲ့သောမီးကို နေ့လယ် ၁၂ နာရီမှ ငြှိမ်းသတ်နိုင်ခဲ့သည်။ ယင်းမီးလောင်မှုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က Water Tower မီးသတ်ယာဉ်များဖြင့်ပါ လာ ရောက်ငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်ကျွမ်းမှုအတွင်း သကြားရည် အပူလောင်ခြင်း ကြောင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ခြေထောက်ဒဏ်ရာရရှိပြီး ခြေ ထောက်အကြောများကို ခွဲစိတ် ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ် ပြန်သည်။‘‘မီးလောင်မှုအကြောင်းရင်း တော့ ရှာရပါဦးမယ်။ သူပေါ့ဆလို့ ဖြစ်တာပါ။ ဒီစက်ရုံကြီးက တံခါး တွေအသေပိတ်ထားတော့ ကျွန် တော်တို့တောင် မီးသတ်ဖို့ရာအ တွက် တံခါးတွေကို တော်တော်နဲ့ ဖွင့်လို့မရတဲ့ အနေအထားပါ။ အပြင်ကပယောဂကြောင့်  ဖြစ် နိုင်စရာမရှိပါဘူး။ အဖွဲ့နဲ့စစ်ဆေး ပြီးမှ ဆုံးဖြတ်ရမှာပါ’’ ဟု ရန်ကုန် တိုင်းမီးသတ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသော်တာက ပြောသည်။


ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

မီးလောင်မှု ဖြစ်ပွားသော ဂိုဒေါင်တွင် မီးသတ်ဆေးဘူး ၁၀ လုံးသာ တွေ့ရှိထားကြောင်းဒုတိယ ညွှန်ကြားရေးမှူး ဦးသော်တာက ဆိုသည်။

မီးလောင်မှုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က မီးလောင်မှု အဆင့် (၃)အထိ သတ်မှတ်ထား ပြီး မီးသတ်ယာဉ် ၄၄ စီး၊ မီးသတ် အင်အား ၂၆၅ ဦးဖြင့် ငြှိမ်းသတ်ခဲ့ သည်။

‘‘ကျွန်တော်တို့ စပြီးသတင်း ရတာတော့ မနက် ၇ နာရီ ၁၅ မိနစ်မှာ သတင်းရပါတယ်။ ဒီကို စရောက်တော့ ၇ နာရီခွဲမှာရောက် ပါတယ်။ ဒီကိုရောက်တဲ့အချိန်မှာ မီးတောက်က တော်တော်ကြီးနေ တဲ့အတွက် မီးစလောင်ချိန်ကို အနည်းဆုံး ၆ နာရီခွဲလို့ ခန့်မှန်းပါတယ်။ စတင်လောင်တဲ့အ ကြောင်းရင်းကိုတော့ စစ်ဆေးဆဲ ပဲဖြစ်ပါတယ်’’ ဟု ဦးသော်တာက ပြောသည်။


ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

ကိုကာကိုလာ ကုမ္ပဏီသည် ရွှေသန်းကျော်ကုမ္ပဏီပိုင် ဂိုဒေါင် ကို ငှားရမ်းပြီး အချိုရည်ထုတ်လုပ် ရာတွင် အသုံးပြုသော သကြား အိတ်များ၊ သံဘူးခွံများ၊ ပလတ်စ တစ်အလိပ်များ စသောကုန်ကြမ်း ပစ္စည်းများကို ထားရှိခြင်း ဖြစ် သည်။  ရွှေသန်းကျော် ကုမ္ပဏီပိုင် ၀င်းအတွင်း ဂိုဒေါင်လေးလုံးရှိ သည့်အနက် အကြီးဆုံးဂိုဒေါင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။  ရွှေသန်းကျော် ကုမ္ပဏီက ယင်းဝင်းအတွင်း ဂိုဒေါင်ကိုIKBZ အာမခံလုပ်ငန်းတွင် အာမခံထား ရှိပြီး၊ မီးလောင်ဆုံးရှုံးသွားသည့် ဂိုဒေါင်အား ကျပ်သိန်းငါးထောင် ဖြင့် အာမခံထားရှိထားကြောင်း IKBZ အာမခံလုပ်ငန်းမှ လက် ထောက်မန်နေဂျာကိုကျော်စွာစိုး က ပြောသည်။

‘‘ရွှေသန်းကျော် ကုမ္ပဏီက နေ ဂိုဒေါင်ပဲ အာမခံထားပါတယ်။ ပစ္စည်းတွေမပါဘူး။ ပစ္စည်းတွေ က သက်သက် နိုင်ငံခြားကုမ္ပဏီ တစ်ခုမှာထားပါတယ်။ ဂိုဒေါင် လေးလုံး အာမခံထားပါတယ်။ အခု မီးလောင်ဆုံးရှုံးသွားတဲ့ ဂို ဒေါင်က သိန်းငါးထောင်နဲ့ ထား ထားတာပါ။ ကျွန်တော်တို့က အ ဆောက်အအုံပိုင်းပဲ လျော်ပေးရ မှာပေါ့။ အကြီးဆုံးအဆောက်အ အုံဖြစ်သွားတာပေါ့’’ဟု ကိုကျော် စွာစိုးက ပြောသည်။

သို့သော် မြန်မာနိုင်ငံ မီး သတ်တပ်ဖွဲ့က ပေ ၂၀၀×၂၅၀ ရှိသော မီးလောင်သည့် ဂိုဒေါင် တစ်လုံးနှင့် သကြားအိတ်များ၊ သံ ဘူးခွံများ၊ ပလတ်စတစ်အလိပ် များ မီးလောင်ဆုံးရှုံးမှုတန်ဖိုးကို စုစုပေါင်း ကျပ် ၁,၁၂၅ သိန်းရှိခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ သည်။ ဂိုဒေါင်တန်ဖိုးကို ကျပ် သိန်း ၁,၀၂၅ သိန်းသတ်မှတ်ခဲ့ပြီး မီး လောင်ဆုံးရှုံးသည့် ပစ္စည်းများ တန်ဖိုးကို ကျပ်သိန်းတစ်ရာသာ သတ်မှတ်ထားခြင်းဖြစ်သည်။


ဂိုဒေါင်အတွင်း မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ထို့ကြောင့် မီးသတ်ဌာန၏ တန်ဖိုးဖြတ်မှုနှင့် အာမခံကုမ္ပဏီတန်ဖိုးဖြတ်မှုသည် ကျပ်သိန်း ၄,၀၀၀ ခန့် ကွာဟနေခြင်းဖြစ်သည်။

မီးလောင်မှုနှင့်ပတ်သက်ပြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသော် လည်း မည်သူ့အား အမှုဖွင့်ရမည် ကို စုံစမ်းနေဆဲဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၄ ရက်နံနက်အစောက မင်္ဂလာဒုံ မြို့နယ်ရှိ Coca-Cola Pinya Beverages Myanmar (CCPBM) ၌ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ငြှိမ်းသတ်နိုင်ခဲ့ပြီးဖြစ်ကာ  နောက်ဆက်တွဲဘေးအန္တရာယ်များအတွက် မီးသတ် တပ်ဖွဲ့ဝင်များမှ ဆက်လက်စောင့်ကြည့်လျက်ရှိပါသည်။ ‘‘ကျွန်တော်တို့ အနေဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းစွမ်းတမံကြိုးစားမီးငြှိမ်းသတ်မှုကို အလေးအနက်ကျေးဇူးတင်အသိအမှတ်ပြုပါသည်။

အဆိုပါမီးလောင်မှုအတွင်း ကျွန်တော်တို့ဝန်ထမ်း တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါ။ ကျွန်တော်တို့ ၀န်ထမ်းအားလုံး၏ ဘေးအန္တရာယ်ကင်း ရှင်းလုံခြုံ ရေးမှာ The Coca-Cola Com-pany ၏ အဓိကအရေးကြီးဆုံး ဖြစ်သည်’’ ဟု ကိုကာကိုလာ (မြန်မာ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘ကျွန်တော်တို့အနေဖြင့်မီးလောင်မှုကြောင့် ထိခိုက်မှုများအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူလက်တွဲ ဆောင်ရွက်ခဲ့ပြီး လိုအပ်သော နောက်ထပ်စုံစမ်းစစ်ဆေးမှုများအတွက်လည်း ဆက်လက် ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ပါသည်’’ဟု ၎င်းက ဆက်လက်ပြောသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။