၁။ ဥက္ကဋ္ဌ- ဦးညီပလုပ်။
၂။ ပါတီဝင်အရေအတွက်- နှစ်ထောင့်ရှစ်ရာကျော်။
၃။ မဲဆန္ဒနယ်- ဟိုပန်၊ မက်မန်း၊ တန့်ယန်း၊ ကျိုင်းတုံ၊ မိုင်းဆတ် စသည့်မြို့နယ်ငါးခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- ဒီမိုကရေစီဖြစ်ထွန်းရန်လိုလားပြီး ဒီမိုကရေစီကျင့်စဉ်ကိုလက်ကိုင်ထား။
၅။ ပါတီဆောင်ပုဒ်- မရှိသေး။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက်- ရွေးကောက်ပွဲကော်မရှင်၏ နည်းဥပဒေထုတ်ပြန်ချက်နှင့် ညီညွတ်သောဒေသဖွံ့ဖြိုးရန်လုပ်ဆောင်မည့်သူများ ကို ဦးစားပေးမည်။
၇။ ပါတီရန်ပုံငွေ− ပါတီဝင်များ၏ ထည့်ဝင်ငွေနှင့် အလှူရှင်များ၏ လှူဒါန်းငွေများဖြင့်ရပ်တည်။
၈။ ပါတီနောက်ခံသမိုင်း- ၁၉၈၉ ဇန်နဝါရီ ၃၁ ရက်တွင် စတင်တည်ထောင်ခဲ့သည်။ ၁၉၉၃ မှ ၂၀၀၇ အထိ အမျိုးသားညီလာခံသို့ ‘‘ဝ’’အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားပြု၍ တက်ရောက်ခဲ့သည်။ ၂၀၁၀ တွင် မူဝါဒပြောင်းလဲလို၍ ပါတီအမည်ကို ‘‘ဝ’’အမျိုးသားစည်းလုံးညီညွတ်ရေးပါတီအဖြစ် ပြောင်းလဲခဲ့။ ၂၀၁၀ ရွေး ကောက်ပွဲတွင် မဲဆန္ဒနယ်သုံးနေရာမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သည်။
ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေကိုပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်းဆောင်နိုင်မလဲ။
ပြင်ဆင်ရမယ့်အပိုင်းတွေကို ပြင်ဆင်ရမှာပေါ့။ ကျွန်တော်တို့အနေ နဲ့ ဦးဆောင်နိုင်တဲ့အနေအထားမရှိပေမယ့် အများဆန္ဒအတိုင်း လိုက် လျောညီထွေပူးပေါင်းဆောင်ရွက်ဖို့ရှိပါတယ်။ အခြေခံဥပဒေဆိုတာ လည်း ပြီးပြည့်စုံတဲ့အနေအထားမဟုတ်တော့ လိုအပ်ချက်တွေ၊ ထပ် ဖြည့်စွက်ရမယ့်အချက်တွေဆိုတာရှိမှာပဲ။ အဲဒါကိုလည်း အခြားသော ကိုယ်စားလှယ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ် ထားတယ်။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ပြည်တွင်းငြိမ်းချမ်းရေးက ကျွန်တော်တို့အလိုချင်ဆုံးအရာပါ။ လွှတ်တော်ထဲရောက်မှမဟုတ်ပါဘူး။ ဘယ်လိုနေရာက ပါဝင်ရပါစေ အမြဲတမ်းလုပ်ဆောင်ပေးဖို့အသင့်ပါပဲ။ လုပ်လည်းလုပ်နေပါတယ်။ တချို့အပိုင်းတွေမှာ ငြိမ်းချမ်းရေးဖော်ဆောင်တာနဲ့ပတ်သက်ပြီး အား မရတဲ့အပိုင်းတွေရှိပါတယ်။ ဒါကိုလည်း နိုင်ငံရေးပါတီတွေနဲ့အတူ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့အစီအစဉ်ရှိပါတယ်။ ငြိမ်းချမ်းရေး အတွက် အရင်ကတည်းက လိုလားခဲ့သလို နောင်မှာလည်းပူးပေါင်း ပါဝင်နိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။

ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထား သလား။
ကျွန်တော်တို့ ‘‘ဝ’’ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းမှာ ပြည်သူတွေဟာ စီးပွားရေးအရ အများကြီးနိမ့်ပါးပါတယ်။ ဒါကို ကျွန်တော်တို့ အမြဲစဉ်း စားပြီး ဦးစားပေးလုပ်ဆောင်သွားမှာပါ။ အဲဒီလိုပဲ အခြားသောပြည် ထောင်စုအတွင်းမှာနေထိုင်တဲ့ပြည်သူတွေရဲ့ စားဝတ်နေရေးအဆင်ပြေ အောင်၊ ဝင်ငွေ၊ ထွက်ငွေမျှတအောင် အစိုးရနဲ့အတူ ပူးပေါင်းလုပ် ဆောင်နိုင်ဖို့ စဉ်းစားထားပြီးဖြစ်ပါတယ်။

ပြည်သူတွေက ‘‘ဝ’’အမျိုးသားစည်းလုံးညီညွတ်ရေးပါတီကို ဘာကြောင့် မဲပေးသင့်သလဲ။
ကျွန်တော်တို့ လူမျိုးတွေရဲ့ အခွင့်အရေး၊ ပြည်သူတွေရဲ့ အခွင့် အရေးကို ဦးစားပေးစဉ်းစားလုပ်ဆောင်ဖို့ မူလကတည်းက ပါတီအနေနဲ့ ဆုံးဖြတ်ထားတယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာတွေမှာလည်း ၉၀ ရာခိုင်နှုန်းလောက်က ကျွန်တော်တို့ပါတီကို မဲထည့်မယ်လို့ ယုံကြည်ထား တယ်။ အမျိုးသားရေးကို ဦးစားပေးလုပ်ဆောင်မှာဖြစ်လို့ ကျွန်တော်တို့ ပါတီကို မဲပေးပါလို့လည်း တိုက်တွန်းချင်ပါတယ်။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
တိုင်းပြည်တစ်ခုကို ဦးဆောင်နိုင်တဲ့အရည်အချင်းတွေနဲ့ပြည်စုံတဲ့ သူပေါ့။ တိုင်းပြည်ရဲ့ အနာဂတ်ကောင်းမွန်ဖို့အတွက် အမြော်အမြင်ရှိရှိ နဲ့ စဉ်းစားချင့်ချိန်နိုင်စွမ်းရှိတဲ့သူကို သမ္မတအဖြစ် ရွေးချယ်ချင်တယ်။

ဥက္ကဋ္ဌ ကိုယ်ရေးအကျဉ်း
အသက်- (၆၂) နှစ်။
ပညာအရည်အချင်း- ဆယ်တန်းအောင်။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- မဆလခေတ် မြို့နယ်သမဝါယမ အသင်း အတွင်းရေးမှူး၊ ၁၉၈၉ တွင် ‘‘ဝ’’ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဟိုပန်းမြို့နယ်စည်းရုံးရေးမှူး၊ ၁၉၉၁ မှ ၂၀၁၀ အထိ ‘‘ဝ’’အမျိုး သားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူး၊ အမျိုးသား ညီလာခံတွင် ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့။ ၂၀၁၀ တွင် ‘‘ဝ’’ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ‘‘ဝ’’အမျိုးသားစည်းလုံးညီညွတ်ရေး ပါတီအဖြစ် ပြောင်းလဲခဲ့ရာ အထွေထွေအတွင်းရေးမှူးရာထူးဆက်လက် ထမ်းဆောင်ခဲ့။ ၂၀၁၃ မေလမှ လက်ရှိအချိန်ထိ ဥက္ကဋ္ဌရာထူးဖြင့် တာဝန်ထမ်းဆောင်နေ။
လက်ရှိအလုပ်အကိုင်- နိုင်ငံရေး။
စံပြပုဂ္ဂိုလ်- လွတ်လပ်ရေးရရှိရန်ကြိုးပမ်းခဲ့သည့် အာဇာနည်များ။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- ၀၈၂-၂၃၉၈၃။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။