တိုင်ဖွန်းမုန်တိုင်းအီတောင်းကြောင့် ကီနူဂါဝါမြစ်ဘေးဒေသ ရေလွှမ်းမိုးခံခဲ့ရပြီး ဒေသခံတစ်ဦးကို ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်နေစဉ် (Kyodo/Reuters)
နိုင်ငံ့ သမိုင်းတစ်လျှောက် ထူးထူးကဲကဲ အခြေအနေမျိုးဟု ယူဆရမည့် ရေကြီးရေလျှံမှုများ နှင့် ကြုံတွေ့လာရသော် လည်း ဂျပန်နိုင်ငံတွင် ကယ်ဆယ်ရေး လုပ်ငန်းများကို ထိထိရောက် ရောက် စနစ်တကျ ဆောင်ရွက် နိုင်ခဲ့သည်။
မကြုံစဖူး အလွန်အကျွံ မိုး ရွာသွန်းမှုများကြောင့် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ယခုသီ တင်းပတ်အတွင်း ရေလွှမ်းမိုးမှု များ ပေါ်ပေါက်ခဲ့ပြီး နေအိမ်အ ဆောက်အအုံများ ပျက်စီးသကဲ့ သို့ ရေဘေးသင့် ဒေသများ၌ လည်း လူပေါင်းများစွာ ပိတ်မိနေ ခဲ့သည်။
ဂျပန်စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့အပြင် ကယ် ဆယ်ရေး ဝန်ထမ်းများ၏ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ဆိုးရွား သော ရေဘေးနှင့် ကြုံရသည့် တိုင် အသေအပျောက် ပမာဏ အနည်းဆုံးဖြစ်အောင် စီမံထိန်း သိမ်းနိုင်ခဲ့သည်။
ဂျပန် ရုပ်မြင်သံကြား ဌာန များက နေအိမ်ခေါင်မိုးများပေါ် တက်ရောက် ခိုလှုံကာ ရေဘေး ရှောင်နေသူများကို စစ်တပ် ရဟတ်ယာဉ်များပေါ်မှ ကြိုးဖြင့် တွယ်ဆင်းပြီး ကယ်ဆယ်နေပုံ များကို ထုတ်လွှင့် ပြသခဲ့သည်။
ကယ်ဆယ်ရေး လုပ်ငန်း များကို စက်တင်ဘာ ၁၀ ရက် တွင် ပိုမို အရှိန်မြှင့်တင်ခဲ့ပြီး ရဟတ်ယာဉ်များ၊ စစ်တပ်မှ လှေများကို အသုံးပြုကာ ရေလွှမ်းမိုးသည့် ဧရိယာများတွင် ညလုံးပေါက် သွားလာပြီး ပိတ်မိနေသူများကို ရှာဖွေ ကယ်ဆယ်ခဲ့ကြောင်း သိရှိ ရသည်။
တိုကျိုမြို့တော် မြောက်ပိုင်း ရှိ ဂျိုဆိုမြို့ငယ်လေးသည် ရေ လွှမ်းမိုးမှုဒဏ်ကို သက်ရောက်မှု အကြီးဆုံး ခံစားနေရပြီး ကင်နူ ဂါဝါမြစ်၏ ရေတားတမံတစ်ခု ကျိုးပျက်သွားခြင်းက အခြေအ နေကို ပိုမိုဆိုးရွားလာစေသည်။ ဂျပန် မီဒီယာများက အားကောင်း စွာ စီးဆင်းနေသည့် နောက်ကျိ သော ရေအလျဉ်တွင် အိမ်အလုံး လိုက် ကျွတ်၍ မျောပါသွားသည့် ကောင်းကင်မှတ်တမ်း ဗီဒီယိုကို ထုတ်လွှင့်ပြသခဲ့ကြသည်။
(Reuters)
စက်တင်ဘာ ၁၁ ရက်ထိ စာရင်းအရ ရေကြီးမှုများနှင့် နောက်ဆက်တွဲ မြေပြိုမှုများအ တွင်း သေဆုံးသူ အရေအတွက် သုံးဦးထိ ရှိလာသကဲ့သို့ ၂၅ ဦး ပျောက်ဆုံးနေကြောင်း သိရ သည်။ ထို့အပြင် မတော်တဆ ထိခိုက်မှုများကြောင့် လူပေါင်း ရှစ် ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့ သည်။
ဂျိုဆိုမြို့ တည်ရှိရာ အီဘာ ရာကီဒေသတွင် မိုးသည်းထန် စွာ ရွာသွန်းချိန်၌ ရေကြီးလာမည့် အ
ခြေအနေအပေါ် ကြိုတင်သတိ ပေးရန် အားနည်းချက်အချို့ ရှိခဲ့ သော်လည်း ဂျပန်အစိုးရ တာဝန် ရှိသူများသည် နောက်ဆက်တွဲ ကယ်ဆယ်ရေး လုပ်ငန်းများကို အကောင်းဆုံး စီမံဆောင်ရွက် နိုင်ခဲ့သည်။ စက်တင်ဘာ ၁၁ ရက်တွင် ဂျပန်မိုးလေဝသ အေ ဂျင်စီသည် ရေကြီးမှု အန္တရာယ် ကြုံတွေ့နိုင်သည့် သတိပေးမှုကို တတိယအကြိမ် ထုတ်ပြန်ခဲ့ပြီး တိုကျိုနှင့် အနီးတစ်ဝိုက်ရှိ ဒေသ ခုနစ်ခုမှ လူပေါင်း တစ်သန်းနီး ပါးကို လိုအပ်သည့် အချိန်တွင် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင် ရေး နိုးနိုးကြားကြား ပြင်ဆင်ထား ရန် ဆော်ဩ တိုက်တွန်းထားသည်။
ဂျပန် စစ်တပ် (ကာကွယ်ရေး တပ်ဖွဲ့)က အိမ်ခေါင်မိုးများပေါ် ပိတ်မိနေသူများကို ရဟတ်ယာဉ် ပေါ် ကြိုးဖြင့် တွယ်ဆင်းကာ တစ်သုတ်ချင်းစီ ကယ်တင်ပြီး စက်တင်ဘာ ၁၀ ရက် တစ်နေ့ တည်းတွင် လူပေါင်း ၁၁၀ ကျော် ကို ဘေးလွတ်ရာသို့ ပို့ဆောင် နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန် ခဲ့သည်။
အီဘာရာကီတွင် အကူအ ညီ လိုအပ်ကြောင်း ဆက်သွယ် အကြောင်းကြားလာသူ ၁၇၆ ဦးအ နက် ၇၀ ခန့်ကိုလည်း စက်တင် ဘာ ၁၀ ရက်တွင် လှေများဖြင့် သွားရောက် ခေါ်ယူနိုင်ခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အခြား ပိတ်မိနေသူ ရာ ဂဏန်းခန့်ကို ကယ်တင်နိုင်ရန်မူ ညလုံးပေါက် ဆက်လက် ကြိုးစား ဆောင်ရွက်နေခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာ ၁၁ ရက်တွင် ဂျပန် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန် ရှိသူ တစ်ဦးက ရေကြီးရေလျှံမှု များမှ ကယ်ထုတ်လာသူများအ နက် ကြက်ခြေနီအဖွဲ့၏ ကျန်းမာ ရေး စောင့်ရှောက်ကုသမှုကို တောင်းခံသည့် အခြေအနေ မရှိသေးဟု ဆိုသည်။
စက်တင်ဘာ ၁၀ ရက်တွင် ရေဘေး ဒုက္ခသည်များ ခိုလှုံနေ သည့် ကျောင်းများ၊ အားကစားရုံ များသို့ အိပ်ရာခင်းများ၊ ခေါင်းအုံး များ၊ စောင်များနှင့်အရေးပေါ် အ ခြေအနေအတွက် လိုအပ်သည့် ထောက်ပံ့ရေး ပစ္စည်းများ ရောက် ရှိလာကြောင်း ပြန်ကြားရေး တာ ဝန်ခံ နာအိုကီ ဆာတာနီက ပြော ကြားခဲ့သည်။ သို့သော်လည်း ထိုနေ့ ညနေပိုင်းထိ အစားအ သောက်များ မရောက်ရှိလာသေး ဟုလည်း သိရသည်။
ဂျပန်ရှိ အင်န်အိတ်ခ်ျကေ သတင်းဌာနက တိုချီဂီနှင့် အနီး တစ်ဝိုက် ဒေသများတွင် ၂၄ နာရီ အတွင်း မိုးရေချိန် ၅၀ စင်တီမီ တာထိ သည်းထန်စွာ ရွာသွန်း ခဲ့ကြောင်း ဖော်ပြခဲ့သည်။
၂၀၁၁ က အင်အားပြင်း ငလျင်ကြီးနှင့် ဆူနာမီရေ လှိုင်း များဒဏ်ကို ခံစားခဲ့ရသည့် ဖူကူ ရှီးမားတွင်လည်း မိုးရေချိန် သည် ၃၀ စင်တီမီတာ အထက် ရှိခဲ့သည်။ ယင်းသည် နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း အများ ဆုံး စံချိန်လည်း ဖြစ်လာသည်။
မိုးလေဝသ ပညာရှင်များ က ဂျပန်နိုင်ငံ အရှေ့ပိုင်းဒေသ များတွင် တောင်စောင်းများ၌ နေ ထိုင်သူများအနေဖြင့် မြေပြိုကျမှု အန္တရာယ်များ ကြုံတွေ့နိုင် ကြောင်း သတိပေးတပ်လှန့်ထား သည်။ တောင်များ တည်ရှိနေ ခြင်းက မိုးရွာသွန်းမှုကို ပိုမိုအား ပေးပြီး နောက်ဆက်တွဲ မြေပြိုမှု အန္တရာယ်ကို ဖိတ်ခေါ်နေကြောင်း အဆိုပါသတိပေးကြေညာချက် တွင် ဖော်ပြထားသည်။ ထို့အပြင် ယခုသီတင်းပတ် အစောပိုင်းက ဂျပန်ကို ဖြတ်သန်းတိုက်ခတ် သွားသည့် အီတာအူ တိုင်ဖွန်းမုန် တိုင်း၏ ဂယက်ကလည်း မိုးသည်း ထန်မှုကို ပိုမိုတွန်းအားပေးနေသည်။
‘‘လောလောဆယ်တော့ ရေ ကြီးတဲ့ ဒေသတွေမှာ ကယ်ဆယ် ရေး ဝန်ထမ်း ၆,၀၀၀ ကျော် လောက်ကို ဖြန့်ကြက်တာဝန်ပေး ထားပါတယ်’’ ဟု အီဘာရာကီ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအရာ ရှိ တစ်ဦးက ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၁ ရက် နံနက် တွင် စစ်တပ်ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အသက် (၆၂) နှစ်အရွယ် အမျိုး သမီးကြီး ဟီဆာကို ဆီကီမိုတို က ရေတက်လာသည့် နှုန်းမှာ ကြောက်စရာ ကောင်းလောက် အောင် မြန်ဆန်ကြောင်း မှတ် ချက်ပြုခဲ့သည်။
‘‘ထွက်ပြေးဖို့ အချိန်ကို မရ လိုက်တာ။ အိမ်သားတွေ အား လုံးလုပ်နိုင်တဲ့ တစ်ခုတည်းသော ကိစ္စက အပေါ်ထပ် တက်ပြေးဖို့ ပဲ။ တကယ့်ကို ကြောက်စရာ ကောင်းတယ်။ ခေါင်မိုးပေါ်မှာ ထိုင်နေရင်း ရေဒီထက်တက်မ လာပါစေနဲ့လို့ တောက်လျှောက် ဆုတောင်းနေခဲ့ရတာ’’ ဟု ခင်ပွန်း ဖြစ်သူအပြင် ၎င်းတို့ မွေးမြူထား သည့် ကြောင်သုံးကောင်နှင့်အတူ ချောက်ချားစရာ ညတစ်ညကို ကျော်ဖြတ်ခဲ့ရသည့် ဆီကီမိုတိုက ဖွင့်ဟခဲ့သည်။
ဂျပန်မိုးလေဝသ အေဂျင်စီ က ရှေ့လာမည့် ရက်များတွင် ရာ သီဥတု အခြေအနေ ဆက်လက် ဆိုးရွား ပြင်းထန်နေဆဲဖြစ်နိုင် ကြောင်း ခန့်မှန်းထားသော်လည်း ဒေသနှစ်ခုတွင် ရေကြီးမည့် အန္တ ရာယ် သတိပေးချက်ကို လျှော့ချ လိုက်သည်။
‘‘ခြုံပြီး ပြောရရင်တော့ ဒါ ဟာ သာမန်မဟုတ်တဲ့ အနေအ ထား တစ်ခုပဲ။ ပြီးတော့ အရမ်း အန္တရာယ်များတယ်’’ ဟု ဂျပန်မိုး လေဝသ အေဂျင်စီ အကြီးအကဲ တာကူယာ ဒီရှင်မာရူက ပြော ကြားသွားသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။