မူဆယ်မြို့ ၊ နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ပေါက်ကွဲမှုဖြစ်ပွား

မူဆယ်၊ စက် (၁၂) မှန်ကောင်း(လားရှိုး)

၂၀၁၅ စက်တင်ဘာ ၁၀၊ ၀၁း၄၅ အချိန်တွင် မူဆယ်မြို့ ၊ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်၊ ကုန်စည်ဝင်းအတွင်းရှိ Fuxing Brothers ကုမ္ပဏီ ၏ အကွက်အမှတ် B-62 ရှိ လူဝင်၊လူထွက် သံတံခါးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မူဆယ်မြို့ မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

Fuxing Brothers ကုမ္ပဏီပိုင် (၃)ကွက်တွဲခြံဝင်းအတွင်းရှိ အကွက်အမှတ် B-62 မှ အကျယ် (၄) ပေခန့် ၊ အမြင့် (၆)ပေခန့် ရှိ လူဝင်၊လူထွက်သံတံခါးတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ယင်းသံတံခါး ပြုတ်ထွက်ခဲ့ပြီး တံခါးတပ်ဆင်ထားသည့် အုတ်တံတိုင်းတိုင် ၂ ခုမှာ အောက်ခြေ ၂ ပေခန့်  စီ အနည်းငယ်ပျက်စီးခဲ့ကာ ခြံစည်းရိုးအုတ်တံတိုင်း သံဇကာလည်း ပြုတ်ထွက် ခဲ့ကြောင်း၊ လူ၊တိရိစ္ဆာန် တစ်စုံတစ်ရာ သေကြေဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း ၄င်းက ဆက်လက်ပြောပြသည်။

၀၁း၄၅ အချိန်လောက်မှာ ပေါက်ကွဲသံတစ်ခု ကြားလို့  ကျွန်တော့် ခြံစောင့်နှစ်ယောက်က ထွက်ကြည့်ပါသေးတယ်။ ဘာမှထူးထူးခြားခြားမတွေ့ လို့  သူတို့ ပြန်အိပ်ကြတယ်လို့  ပြောပါတယ်။ ဒီနားမှာ ကုန်တင်ကားကြီးတွေ ဘီးပေါက်ရင်လည်း အဲဒီလိုအသံမျိုးထွက်လို့  ဘီးပေါက်တယ်လို့ ပဲ ထင်မိ တယ်။ မနက်ကျမှ ခြံတံခါး ပျက်စီးနေတာတွေ့ လို့  သက်ဆိုင်ရာကို သတင်း ပို့ တာပါဟု ကုမ္ပဏီတာဝန်ခံ ဦးxxx က ပြောပြသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော သံတံခါးနေရာတွင် 923B စာတမ်းပါ ဆားကစ်ကော်ဗူးအမဲရောင်နှင့် အရှည် ၄ ပေခန့် ရှိ လိမ္မော်ရောင်နှစ်ပင်လိမ် ၀ါယာကြိုး ၁ ချောင်း၊ ၆ လက်မခန့် ရှိ အနက်ရောင် ၀ါယာကြိုး ၃ ပင်၊ AA အရွယ်အစားပါဝါဓါတ်ခဲအသေး ၅ လုံး၊ ဘောစေ့အသေး ၁၅ လုံး တို့ အား တွေ့ ရှိသိမ်းဆည်းရမိခဲ့ပြီး ဖြစ်စဉ်၏နောက်ကွယ်မှ လက်သည်ကို ဖော်ထုတ်အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာမှ ဆောင်ရွက်နေကြောင်း သိရသည်။

Credit:
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။