လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)

၁။ ဥက္ကဋ္ဌ - ဦးဖိုးရယ်။
၂။ ပါတီဝင်အရေအတွက် - ၁,၂၀၀ ကျော်။
၃။ မဲဆန္ဒနယ်- ကယားပြည်နယ်ရှိ မြို့နယ် ၂၆ မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ- တိုင်းရင်းသားပြည်နယ်အစိုးရတစ်ရပ် ရရှိစေရန်၊ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ တန်းတူရည်တူ အခွင့်အရေးရရှိစေရန်နှင့် စစ်မှန်သော ပြည်ထောင်စုကြီးတစ်ရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်သည်။ လူမျိုးကြီးငယ်မဟူ တန်းတူရည်တူရှိရမည်။ အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီရပိုင်ခွင့်များကို နိုင်ငံသားတိုင်းရရှိစေရမည်။ ကယားပြည်နယ်တွင် ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို လူမျိုးစုအသီးသီး၏ ဒေသဓလေ့ထုံးတမ်း များနှင့်အညီ လွတ်လပ်စွာကျင့်သုံးခွင့်ရှိစေရမည်။
၅။ ပါတီဆောင်ပုဒ်- ကယား(ကရင်နီ)ပြည်သူတွေ နိုးထလော့။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကိုယ်စားလှယ် လောင်းများကို ရွေးချယ်ထားသည်။ ပညာအရည်အချင်း၊ အသက်တို့ကို ကန့်သတ်ထားမှုမရှိပေ။ ကျား/မ အားလုံး ပါဝင်နိုင်သည်။
၇။ ပါတီရန်ပုံငွေ− ပါတီဝင်များထည့်ဝင်ငွေဖြင့်သာ ရန်ပုံငွေအဖြစ် ရပ်တည်နေရသည်။ ရန်ပုံငွေကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် အသုံးပြုသည်။
၈။ ပါတီနောက်ခံသမိုင်း- ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားအားလုံးပါဝင်ခွင့်ရရှိစေရန် ရည်ရွယ်ပြီး ပြည်နယ်ကိုယ်စားပြု လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီကို ၂၀၁၃ တွင် လွိုင်ကော်မြို့၌ စတင်ဖွဲ့စည်းခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လို မျိုးစွမ်းဆောင်နိုင်မလဲ။
အခြေခံဥပဒေပြင်ဆင်ရေးက ပါတီရဲ့ အဓိကလုပ်ဆောင်ချက်ဖြစ် လို့ တခြားဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ နောက်ပြီး ပြည်နယ်နဲ့ လိုက်လျောညီထွေစေမယ့် သယံဇာတထုတ်ဖော် ရေးဥပဒေတွေ၊ အခွန်ကိစ္စနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ရာခိုင်နှုန်းပြည့် သတ်မှတ်ပြီး အကျိုးအမြတ်တွေကို တန်းတူခွဲဝေပေးဖို့ ဆောင်ရွက်သွား မယ်။ ပြည်နယ်တိုင်းရင်းသားနဲ့ သင့်တော်မယ့် တိုင်းရင်းသားရိုးရာဓလေ့ နဲ့ကိုက်ညီိတဲ့ ဥပဒေပြဋ္ဌာန်းနိုင်ဖို့ လုပ်ဆောင်သွားမယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်သလဲ။
ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ဖော်ဆောင်ဖို့က အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ အန်ကယ်တို့ပါတီ လွှတ်တော်ထဲရောက်ရင်တော့ပြည် နယ်ငြိမ်းချမ်းဖို့အတွက် ပါဝင်လုပ်ဆောင်သွားမယ်။ အထူးသဖြင့်အပစ် အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရရှိဖို့က အစိုးရ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူတွေ ပူးပေါင်းဖို့လိုတယ်။
ပြည်သူတွေရဲ့ ၀င်ငွေ၊ ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားသလား။
ဝင်ငွေ၊ ထွက်ငွေနဲ့ပတ်သက်ပြီး ပြည်နယ်ဒေသတွေမှာ အခက်အ ခဲရှိပါတယ်။ တောင်ပေါ်ဒေသတွေမှာက ရာသီအလိုက် စိုက်ပျိုးရေးတွေ ပဲလုပ်တဲ့အတွက် ရာသီကုန်သီးနှံပေါ်မှ တစ်နှစ်မှတစ်ခါပဲ ပိုက်ဆံရကြ တာပါ။ အန်ကယ်တို့ဆီမှာက စက်ရုံ၊ အလုပ်ရုံမရှိတဲ့အတွက် စက်ရုံ၊အလုပ်ရုံ၊ အလုပ်သမားတွေလည်း မရှိဘူး။ အန်ကယ်တို့ပါတီကတော့ ပညာပေးလုပ်ငန်းတွေ လုပ်သွားမယ်။ အခမဲ့နှစ်ရှည်သီးပင်တွေ စိုက်ပျိုး နိုင်ဖို့ကူညီမယ်။ ဈေးကွက်ကို ပီပီပြင်ပြင်ဖော်ဆောင်ပေးလိုက်မယ်ဆို ရင် ပြည်သူတွေရဲ့ ၀င်ငွေတွေပိုပြီး ရရှိလာမှာပါ။
ပြည်သူတွေက လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ(ကယားပြည်နယ်)ကို ဘာကြောင့်မဲပေးသင့်သလဲ။
အန်ကယ်တို့ပါတီက နိုင်ငံရေး၊ အုပ်ချုပ်ရေးတွေနဲ့ပတ်သက်ပြီး တစ်ဖက်တစ်လမ်းက ဆောင်ရွက်နေသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥ ပဒေကို ပြည်သူနဲ့ သဟဇာတဖြစ်စေမယ့် ပုဒ်မတွေကို ပြင်ရမယ်။ အဲဒီ လိုပြင်ဆင်ဖို့ကလည်း လွှတ်တော်ထဲရောက်မှ ပြင်နိုင်မယ့်အနေအထား ရှိတယ်။ လွှတ်တော်ထဲရောက်အောင်လို့ ပြည်သူတွေက ထောက်ခံအား ပေးရမှာဖြစ်တဲ့အတွက် အန်ကယ်တို့ပါတီကို မဲပေးကြမှာပါ။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
ပြည်တွင်း၊ ပြည်ပအတွေ့အကြုံရှိတဲ့သူ။ တိုင်းရေးပြည်ရေးအတွေ့ အကြုံရှိတဲ့သူ။ တိုင်းသူပြည်သားတွေအပေါ်မှာ ကိုယ်ကျိုးစွန့်လုပ်ဆောင် ပေးမယ့်ပုဂ္ဂိုလ်မျိုးကို သမ္မတအဖြစ်ရွေးချယ်သွားမယ်။
ဥက္ကဋ္ဌကိုယ်ရေးအကျဉ်း။
အသက်-(၆၇) နှစ်
ပညာအရည်အချင်း - န၀မတန်းအောင်။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ- မဆလ ခေတ်ကောင်စီအဆင့်ဆင့် တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာလုပ်ငန်းတို့တွင် လည်း ပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် လူမျိုးပေါင်းစုံ ဒီမိုက ရေစီပါတီ(ကယားပြည်နယ်)ကိုတည်ထောင်ကာ ပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
လက်ရှိအလုပ်အကိုင်- နိုင်ငံရေးလှုပ်ရှားမှု။
စံပြပုဂ္ဂိုလ်- သီလ၊ သမာဓိ၊ ပညာရှိသည့် ပုဂ္ဂိုလ်မျိုးကို စံပြပုဂ္ဂိုလ်အဖြစ် ထားရှိသည်။
ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်- အမှတ် န/၁၀၁၊ သီရိဒေါလမ်း၊ နောင်ယား(က)ရပ်ကွက်၊ လွိုင်ကော်မြို့နယ်၊ ကယားပြည်နယ်၊ ဖုန်း ၀၈၃-၄၀၂၅၁ ၊ ၀၉-၃၆၁၄၅၉၀၄။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။