ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တရားမျှတမှုမရှိပါက ငြိမ်းချမ်းရေးရရန် အလှမ်းဝေးနေဦးမည်ဟု ဦးမင်းကိုနိုင်ပြော

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ချီတက်ပွဲတွင် ဦးမင်းကိုနိုင် စကားပြောနေစဉ် (ဓာတ်ပုံ−နစ်ကီ)


လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုများမှာ တရား မျှတမှုကင်းမဲ့၍ဖြစ်ပေါ်လာရခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင် ရာတွင် တရားမျှတမှုမရှိပါကငြိမ်း ချမ်းရေးရရှိရန် အလှမ်းဝေးနေဦး မည်ဖြစ်ကြောင်း ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း)မှ ခေါင်းဆောင်ဦးမင်းကို နိုင်ကပြောကြားသည်။

၈၈မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ခေါင်းဆောင်ဦးမင်းကိုနိုင်သည် စက်တင်ဘာ ၂၁ရက်က ရန်ကုန် တွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ချီတက် လမ်းလျှောက်ပွဲအား လာရောက် အားပေးစဉ်အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

‘‘တရားမျှတမှုမရှိဘဲနဲ့တော့ ငြိမ်းချမ်းရေးရဖို့တော်တော်အ လှမ်းဝေးလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်တော်လှန် ရေးတွေဆိုတာက တရားမျှတမှု ကင်းမဲ့လို့ဖြစ်လာတာပဲ။ တစ်ခုပဲ ရှိတယ်။ အသွင်းကူးပြောင်းရေး ကာလတွေ ကြိုးစားနေတဲ့ကာလ တွေဆိုရင် စိတ်ရှည်သည်းခံရတာ ရှိတယ်။ အဲဒီနှစ်ခုက တစ်ထပ် တည်းမကျဘူး။ ဒါပေမဲ့ တစ်နေ့ ကျလို့ရှိရင် သူ့အကန့်အသတ်နဲ့ သူသွားလိမ့်မယ်။ စိတ်ရှည်သည်းခံပြီးတော့မှ ရလဒ်ကောင်းထွက် တယ်ဆိုရင် တရားမျှတမှုနဲ့အတူ ငြိမ်းချမ်းရေးရမယ်ပေါ့။ ပြီးတော့မှ ရုပ်လုံးတွေပေါ်လာမယ်။ နဂိုမူလအတိုင်းတရားမျှတမှုကိုတော့ မပေးနိုင်ဘူးဆိုရင်တော့ ငြိမ်းချမ်းရေး ပြန်ပျက်ဦးမှာပဲ’’ဟု ဦးမင်းကိုနိုင်က ပြောသည်။  ငြိမ်းချမ်းရေးလမ်းလျှောက်လှုပ်ရှားမှုမှာ လူငယ်များ၏ လေးနက်သောလှုပ်ရှားမှုဖြစ်သောကြောင့် လာရောက်အားပေးရခြင်းဖြစ် ကြောင်း ဦးမင်းကိုနိုင်က ဆက် လက်ပြောသည်။

‘‘ဒီနေ့ကတော့ လူငယ်တွေ များတယ်။ သူတို့နားလည်တဲ့ ငြိမ်း ချမ်းရေးလှုပ်ရှားမှုပေါ့။ ကျွန်တော် တို့ကတော့ အရင်မျိုးဆက်အနေနဲ့ သူတို့ကို အားပေးရမှာပဲ။ ကျွန် တော်တို့ ခေတ်နဲ့ လုပ်ပုံကိုင်နည်း တွေတူတာလည်း ရှိတယ်။ မတူ တာလည်းရှိတယ်ပေါ့။ ဒါပေမဲ့ ကိစ္စမရှိဘူး။ ပန်းတိုင်တူတဲ့အ တွက် ရသလောက်အတူလက်တွဲ ပြီး လုပ်တယ်။ မျိုးဆက်ရဲ့လေး နက်တဲ့ လှုပ်ရှားမှုမှန်သမျှကို ကျွန် တော်တို့က အမြဲအားပေးနေတယ် ဆိုတာပြတာပါ’’ဟု ဦးမင်းကိုနိုင် ကပြောသည်။

ငြိမ်းချမ်းရေးလှုပ်ရှားသူ လူငယ်၊ကျောင်းသားနှင့်ပြည်သူ တစ်ရာကျော်တို့၏ လမ်းလျှောက်ချီတက်ပွဲကို ရန်ကုန်မြို့ မြေနီကုန်း မှ အင်းလျားကန်ပေါင်အထိ ချီတက် လမ်းလျှောက်ခဲ့ကြသည်။ အင်းလျားကန်ပေါင်အရောက်တွင် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ခေါင်းဆောင်များဖြစ်သော ဦး မင်းကိုနိုင်နှင့် ဦးမြအေးတို့ကလာ ရောက်အားပေးပြီး ငြိမ်းချမ်းရေး စကားများဟောပြောခဲ့ကြသည်။

‘‘ငြိမ်းချမ်းရေးအတွက်လုပ် တယ်ဆိုတာ မငြိမ်းချမ်းလို့။ တစ် နည်းအားဖြင့် တိုင်းပြည်မှာ စစ် မက်မီးလျှံတွေရှိနေလို့။ တစ်နည်း အားဖြင့် ပြည်သူလူထုမျက်ရည် ကျနေလို့။ တစ်နည်းအားဖြင့် အကျဉ်းထောင်သံတိုင်တွေရဲ့ နောက်မှာ ကျွန်တော်တို့ ညီအစ် ကိုမောင်နှမနိုင်ငံရေးသမားတွေ ရှိနေလို့။ ဆိုလိုချင်တာက ငြိမ်း ချမ်းတဲ့ကာလတစ်ခုကိုမရောက် သေးတဲ့အတွက် ငြိမ်းချမ်းရေးချီ တက်လမ်းလျှောက်ပွဲကို လုပ် တယ်လို့ နားလည်ပါတယ်’’ဟုဦး မြအေးကပြောသည်။

အစိုးရက အောက်တိုဘာပထမပတ်တွင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်(NCA)လက်မှတ်ရေးထိုးရန် ကမ်းလှမ်း ထားပြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဘက်ကမူ အဆိုပါ ရက်သတ်မှတ်ချက်အပေါ် အ ကြောင်းပြန်ခြင်းမရှိသေးပေ။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။