မဘသက ဒီချုပ်ကို တိုက်ခိုက်သည့် လက်ကမ်းကြော်ငြာများ လိုက်ဝေနေဟု ဒီချုပ်ခေါင်းဆောင်များပြော

ဒီချုပ်ပါတီနာယက ဦးတင်ဦးက ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ− နစ်ကီ)


အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီကို ထိခိုက်စေသည့် အကြောင်းအရာများပါဝင်သော လက်ကမ်း ကြော်ငြာများကို ပြည်နယ်နှင့်တိုင်းဒေသကြီး ငါးခုတွင် မဘသက ဦးဆောင်ကာ လိုက်လံဝေငှနေသဖြင့် ယင်းကိစ္စကိုကော်မရှင်သို့ တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်မှုမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်အချို့က  ပြောသည်။

စက်တင်ဘာ ၂၁ရက်ကရန် ကုန်မြို့တွင် ပြုလုပ်သော မဲစာ ရင်းကိစ္စအပါအ၀င် ရွေးကောက် ပွဲဆိုင်ရာကိစ္စများနှင့်ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲ၌ ပါ တီနာယက ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန်တို့က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော် ဧရာဝတီတိုင်း က မြောင်းမြ၊ ဟင်္သာတ၊ ပုသိမ် ဘက်တွေရောက်တော့ အဲဒီမှာမ ဘသက တိုက်ခိုက်တဲ့စာတွေဝေ တယ်။ အထုပ်လိုက်တွေ့တယ်’’ ဟု ပါတီနာယကဦးတင်ဦးကပြော သည်။

ယင်းကဲ့သို့ ဝေငှမှုများသည်ဧရာဝတီတိုင်းဒေသကြီးတစ်ခုတည်းမဟုတ်ဘဲစစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များပါဝင်ကြောင်း ဗဟိုကော်မတီဝင်ဦးဝင်းထိန်က ပြောကြားသည်။

‘‘တနင်္သာရီ၊ စစ်ကိုင်းတိုင်း တွေမှာပါ မဘသကထုတ်ပြန်တဲ့ကြေညာချက်တွေ လိုက်ဝေတယ်။ ဖြန့်တာက အာဏာရပါတီက ပါတီဝင်တွေပါတယ်။ ကျွန်တော်တို့ လက်ဆုပ်လက်ကိုင်မိထားတာ။ မဘသက ဒီလိုတွေ ဖြန့်နေပါတယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်ကို တိုင်ထားတယ်။ ဒါပေမဲ့ အရေးယူမပေးဘူး’’ဟု ဦးဝင်းထိန်ကပြောသည်။

ဘာသာရေးကိုအကြောင်း ပြ၍  နိုင်ငံရေးမဲဆွယ်စည်းရုံးခြင်း ကို ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင် မည့် နိုင်ငံရေးပါတီများ၊ လွှတ် တော်ကိုယ်စားလှယ်လောင်းများ က လုံးဝဆောင်ရွက်ခြင်းမပြုရန် နှင့် ဆောင်ရွက်ပါက ရွေးကောက် ပွဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦး တင်အေးက ပြည်တွင်းသတင်း စာရှင်းလင်းပွဲတစ်ခု၌ ပြောကြားထားသည်။

ရွေးကောက်ပွဲတွင် လိုက်နာ ရန် ကော်မရှင်က ထုတ်ပြန်သည့် ညွှန်ကြားချက်တွင် ဘာသာရေးကို ခုတုံးလုပ်မဲဆွယ်ခြင်းမပြုရန် ထည့်သွင်း တားမြစ်ထားသော်လည်း နိုင်ငံရေးနှင့်သက်ဆိုင်မှုမရှိသည့် အဖွဲ့အစည်းများက ဆောင်ရွက်ခြင်းကိုမူ တားမြစ် ထားခြင်းမရှိပေ။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။