ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ ရွေးကောက်ပွဲတွင် ၃ ပုံ ၂ ပုံ အနိုင်ရနိုင်ဟုပြော

စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၂၂

(ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ အလံ ဖြစ်ပါသည်။)

ရခိုင်ပြည်နယ်ကိုယ်စားပြု ရခိုင် နိုင်ငံရေး ပါတီ သုံးပါတီအထဲမှ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ လွှတ်တော် ကိုယ်စားလှယ် နေရာ ၁၉ နေရာ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ရာ ယင်းအထဲမှ ၃ ပုံ ၂ ပုံ ခန့် အနိုင်ရနိုင်သည်ဟု ပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးညီညီက ပြောသည်။

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီသည် ဂွ၊ သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း၊ မင်းပြား၊ မြေပုံမြို့နယ်များ၌ ၀င်ရောက်အရွေးခံမည်ဖြစ်ပြီး ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များတွင် အနိုင်ရနိုင်ခြေပိုများသည်ဟု သူကပြောသည်။

“ကျွန်တော်တို့က လွှတ်တော်အမတ်လောင်းတွေကို စိတ်တိုင်းကျမှပဲ တာဝန်ပေးတာဖြစ်ပါတယ်။ စိတ်တိုင်း မကျရင် တာဝန်မပေးပါဘူး။ အဲ့ဒါကြောင့် အသေအချာ ရွေးချယ်ပြီးမှ တာဝန်ပေးတာဖြစ်ပါတယ်” ဟု ဦးညီညီကနိရဉ္စရာ သတင်းဌာနသို့ပြောသည်။

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီသည် စက်တင်ဘာလ ၈ ရက်နေ့နောက်ပိုင်းမှစ၍ ၄င်းတို့ဝင်ရောက်အရွေးခံမည့် မဲဆန္ဒနယ်များတွင် မဲဆွယ်စည်းရုံးရေးကို တစ်ပြိုင်နက် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံခဲ့သော ပါတီတစ်ခုဖြစ်သော်လည်း အမတ်နေရာ တစ်နေရာမှ မရရှိခဲ့ပေ။

ထိုသို့အမတ်နေရာ အနိုင်မရရှိခဲ့ခြင်းမှာ ယင်းအချိန်က ငွေကြေးအင်အား မတောင့်တင်း၍ မဲဆွယ်စည်းရုံးရေးကို ပြည့်ပြည့်၀၀ မလုပ်နိုင်ခဲ့၍ဟု ဦးညီညီကပြောသည်။


____Narinjara News
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။