ကျောက်ဖြူတွင် ဦးဥတ္တမပန်းခြံ ပြန်လည်ဖွင့်လှစ်

ကျော်ဝင်း
ကျောက်ဖြူ၊ စက်တင်ဘာ ၁၀

ကျောက်ဖြူတွင် (၇၆)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် နဒီသောင်ယံ ပန်းခြံကို မူရင်းအမည်ဖြစ်သည့် ဦးဥတ္တမ ပန်းခြံ အဖြစ်သို့ ပြောင်းလဲ ဖွင့်လှစ်ခဲ့သည့် အခမ်းအနားကို ဆရာတော် ဦးဥတ္တမနေ့၌ ပြုလုပ်ခဲ့သည်။

စက်တင်ဘာလ ၉ရက်နေ့ တွင် ကျရောက်သည့် (၇၆) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့တွင် အခမ်းအနားဖြင့် ဖွင့်လှစ် ကျင်းပပြုလုပ်ခဲ့ပြီး လူပေါင်း ၃၀၀ ခန့်တက်ရောက် ဂါရ၀ပြုခဲ့ကြသည်။

အခမ်းအနားတွင် ကျောက်ဖြူမြို့၊ ယှပ်လှဲကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး ဦးစက္ကိန္ဒက ရခိုင်အမျိုးသားများ အနေဖြင့် တိုင်းပြည်အတွက် ပိုမို အလုပ်လုပ်ကြရန်နှင့် ဆရာတော်ဦးဥတ္တမကို လေးစားလျှင် တိုင်းပြည်အတွက် အလုပ်လုပ်ပြီး ဂုဏ်ပြုကြရန် တိုက်တွန်း မိန့်ကြားခဲ့သည်။

“ ဆရာတော်ဦးဥတ္တမဟာ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးတို့မှာ ထူးချွန်ခဲ့တဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ ဆရာတော်ကို လေးစားကြည်ညိုတယ်ဆိုရင် ရခိုင်တွေ တိုင်းပြည်အတွက် အလုပ်လုပ်ပြီး ဂုဏ်ပြုကြပါ” ဟု ဦးစက္ကိန္ဒ မိန့်ကြားသည်။

နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများကလည်း တက်ရောက်ပြီး လွမ်းသူ့ပန်းခွေချပြီး ဂုဏ်ပြခဲ့ကြသည်။
လွမ်းသူပန်းခွေချခဲ့သော အဖွဲ့အစည်းများမှာ ရခိုင် အမျိုးသား ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်အမျိုးသား အင်အားစုပါတီ၊ ရမ္မာဝတီသိုင်းအဖွဲ့၊ ဓူဝံကြယ်နာရေးကူညီမှုအသင်း၊ သာသနာ၂၅၀၀ရောင်တော်ခြည်လူငယ်များ၊ AGTIကျောင်းသားများ၊ ပါရမီရှင်ပရဟိတအသင်း၊ မာရမာကြီးတိုင်းရင်းသား မဟာဗောဓိ လူမှုရေးအသင်း၊ လင်းလဲ့ကြယ်စင်လူငယ်များအဖွဲ့၊ မူလာရာ မကျောင်းပညာ ဒါနကျောင်းသူ၊ကျောင်းသားများ၊ IELCအင်္ဂလိပ်စာသင်အဖွဲ့၊ ဒေါ်အေးခင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း၊ စားကုန်တန်းအဖွဲ့၊ ကုန်စိမ်းတန်း အဖွဲ့၊ မယုယု တို့ဖြစ်သည်။

ဦးဥတ္တမပန်းခြံကို ၁၉၈၈ခုနှစ်နောက်ပိုင်းတွင် အာဏာပိုင်များက နဒီသောင်ယံပန်းခြံ အဖြစ် သတ်မှတ် အမည်ပေးခဲ့ခြင်းကို မြို့ခံများက ပယ်ဖျက်ပြီး ဦးဥတ္တမ ပန်းခြံ အဖြစ် နာမည်ပြန်လည် တပ်ကာ ဆိုင်းဘုတ် စိုက်ထူခဲ့ကြသည်ဟု သိရသည်။

( ဓာတ်ပုံ- နိရဉ္စရာ/ ကျော်ဝင်း)

____Narinjara 
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။