မိုးသည်းထန်စွာရွာသွန်း နေသဖြင့် ဖားကန့်မြို့ပေါ်တွင် ရေဆက်တက်နေကာ ယခင်နှစ် များထက် ပိုဆိုးပြီး ၁၀ ပေခန့် အထိ နစ်မြုပ်နေသည်ဟု ဖားကန့် မြို့မရဲစခန်းမှ သတင်းရရှိသည်။
ဖားကန့်မြို့ရှိရပ်ကွက်အား လုံး ရေနစ်မြုပ်နေပြီး အေးမြသာ ယာရပ်ကွက်မှာ အဆိုးဆုံးဖြစ် ကာ ရေအနက် ၁၀ ပေအထိ ရောက်ရှိနေသည်ဟု ဖားကန့် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး နိုင် ဝင်းက ပြောသည်။
‘‘ရေက ထပ်တက်တယ်။ မိုး ကလည်း ညို့နေတာပဲ။ ထပ် တက်ဖို့ပဲရှိတယ်။ ကယ်ဆယ်ရေး စခန်းဖွင့်ထားပြီ။ ရေဘေးသင့်နေ တဲ့သူတွေလာတော့ မနေကြသေး ဘူး။ ဒီမှာက နှစ်ထပ်အိမ်တွေပဲဆိုတော့ အပေါ်ထပ်တွေမှာ အဆင်ပြေသလို နေကြတုန်း’’ဟု ဒုတိယရဲမှူး နိုင်ဝင်းက ပြောသည်။
ဖားကန့်မြို့တွင် ယခင်နှစ် များက ရေအနက်ဆုံး ၆ ပေခန့်အ ထိသာ တက်ခဲ့သော်လည်း ယခု နှစ်မှာ ဥရုချောင်းရေ အဆမတန် တက်နေပြီး အဆိုးရွားဆုံးဖြစ် သည်ဟု ဖားကန့်မြို့နေ ဦးလှိုင် အေးက ပြောသည်။ ဥရုချောင်း နှင့်ထိစပ်နေသည့် ချင်းတွင်းမြစ် မှာ ရေတက်လာပြီး ဟုမ္မလင်းမြို့ တွင် စိုးရိမ်ရေမှတ်သို့ နှစ်ရက်အ တွင်း ရောက်နိုင်သည်ဟု မိုးဇလ ဌာနက သတင်းထုတ်ပြန်ထား သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။