တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့(SD) ဒုခေါင်းဆောင် ပူးဇင်ကျုံးနှင့်တွေ့ဆုံခြင်း
တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့များနှင့် အစိုးရကြားတွင် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA)ကို လက်နက်ကိုင် အဖွဲ့ပေါင်းမည်မျှက လက်မှတ် ရေးထိုးကြမည်နည်းဆိုသည့်အ ပေါ် ၂ နှစ်ကြာတိုင် နှစ်ဖက်မူဝါဒ ကွဲလျက်ရှိသည်။ ယင်းကို ညှိနှိုင်း ရန်အတွက် စက်တင်ဘာ ၉ ရက် က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် ကိုး ဦးတွေ့ဆုံညှိနှိုင်းခဲ့ကြသည်။ သို့ သော် ယင်းထိပ်သီးဆွေးနွေးပွဲတွင် လည်း သဘောတူညီချက် မရခဲ့ ဘဲ စာချုပ်လက်မှတ်ရေးထိုးမည့်ရက်ကိုလည်း မသတ်မှတ်နိုင်ခဲ့ပေ။
သမ္မတနှင့် တွေ့ဆုံခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အ ဖွဲ့များ၏ အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့ (SD) ဒုခေါင်းဆောင် ပူးဇင်ကျုံးကို 7Day Daily သတင်းဌာနက ဆက်သွယ်မေးမြန်းမှု ပြုလုပ်ခဲ့ပါသည်။ ၎င်းသည် ချင်းပြည်နယ် ထန်တလန်မြို့တွင် ဌာနချုပ်အခြေစိုက်သော ချင်းအမျိုး သားတပ်ဦး (CNF) ၏ (စတုတ္ထ အကြိမ် ညီလာခံသက်တမ်း) ဥက္ကဋ္ဌလည်း ဖြစ်သည်။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရှေ့အ လားအလာအခြေအနေတို့နှင့် ပတ်သက်၍ ပူးဇင်းကျုံးနှင့် ဆက်သွယ်မေးမြန်းမှုများအနက် အချို့ ကို ကောက်နုတ်ဖော်ပြလိုက်ပါ သည်။
ပြီးခဲ့တဲ့ နေပြည်တော်အစည်းအဝေးမှာ အစိုးရဘက်က (NCA ရေးထိုးဖို့အသိအမှတ်မပြုတဲ့) ခြောက်ဖွဲ့နဲ့ပတ်သက်ပြီး ချဉ်းကပ် နည်း အလျှော့အတင်းလုပ်တယ် လို့ပြောလာပါတယ်။ အဲဒီလို အစိုးရကလုပ်တယ်လို့ဆိုပြီး နောက် မှာ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေဘက်က လက် မှတ်မရေးထိုးနိုင်သေးတာက ဘာ ကြောင့်များပါလဲ။
အစိုးရအနေနဲ့ သူတို့ရဲ့ ချဉ်း ကပ်ပုံ အပြောင်းအလဲ မရှိပါဘူး ခင်ဗျာ။ နဂိုမူလကတည်းက NCCT နဲ့ ၁၇ လတာ ဆွေးနွေးတဲ့ ကာလရယ်၊ နောက် SD တာဝန် ယူပြီးနောက် တရားဝင်ဆွေးနွေး ပွဲ (၈)ကြိမ်မြောက်နဲ့ (၉)ကြိမ် မြောက်မှာရယ်၊ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကတော့ အနည်းဆုံး NCCT အဖွဲ့ဝင် အဖွဲ့ အစည်း ၁၇ ဖွဲ့ ပါဝင်ရေးကို တစိုက်မတ်မတ် တောင်းဆိုလာခဲ့ ပါတယ်။ ဒါပေမဲ့လို့ အစိုးရက တော့ လက်နက်ကိုင်တိုက်ပွဲ မဖြစ်တဲ့ အဖွဲ့သုံးဖွဲ့ဖြစ်တဲ့ ANC ရယ်၊ LDU ရယ်၊ WNO အဖွဲ့အ စည်းတွေကို နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်မှာ EAOs အဖွဲ့အ စည်းတွေနဲ့ တက်လာဖို့အတွက် အရင်ကတည်းက အဆိုပြုခဲ့ပါ တယ်။ ထိုနည်းလည်းကောင်း ကျန်တဲ့ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေကိုလည်းပဲ ကျွန်တော်တို့နဲ့ သမ္မတနဲ့ တွေ့ဆုံ ပွဲမှာလိုပဲ အဲဒီအတိုင်းပဲ ကမ်း လှမ်းခဲ့တာ ဖြစ်ပါတယ်။ အစိုးရ ဘက်က အပြောင်းအလဲ မရှိပါ ဘူး။
ကိုးကန့်၊ တအာင်န်း၊ အေအေ တို့နဲ့ပတ်သက်ပြီးတော့ အစိုးရ ဘက်က ချဉ်းကပ်ပုံပြောင်းတယ်။ MNDAA ကိုဆိုရင် သမ္မတက တိုက်ရိုက်ကိုင်တွယ်မယ်ဆိုတာမျိုး တွေ ပြောလာတာကောရှင့်။
အဲဒီ့ဟာကတော့ ရှစ်ကြိမ် မြောက် SD နဲ့ UPWC ဆွေးနွေး ကတည်းက အဲဒီစကားကို အစိုးရ ကပြောနေတာပါ။ နောက်(၉) ကြိမ်မြောက်မှာလည်း အဲဒီ့အ တိုင်းပဲ အစိုးရရဲ့ သဘောထားက တော့ ဒီအတိုင်းပါပဲ။ မပြောင်းလဲ ပါဘူး။ ကျွန်တော်တို့ တိုင်းရင်း သား လက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းတွေကတော့(၉) ကြိမ်မြောက်အထိ အားလုံးအ တူတကွ ပါဝင်လက်မှတ်ရေးထိုး ရေးကိုပဲ တောင်းဆိုလာခဲ့တာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက် သမ္မတနဲ့ တွေ့ဆုံပွဲမှာလည်း ထိပ် သီးခေါင်းဆောင်ငါးဦး၊ SD ခေါင်းဆောင်သုံးဦး၊ NCCT ခေါင်းဆောင်တစ်ဦး အားလုံးတင် ပြတဲ့နေရာမှာ အားလုံးပါဝင်ရေး မူကိုပဲ ကျွန်တော်တို့ တစိုက်မတ် မတ် တင်ပြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့ အစိုးရရဲ့ တုံ့ပြန်မှုက တော့၊ သမ္မတကြီးရဲ့ တုံ့ပြန်မှုက တော့ နဂိုမူလ NCCT နဲ့ UPWC တွေ့ဆုံခဲ့ချိန်က ကမ်းလှမ်းခဲ့တဲ့ အတိုင်းပါပဲ။ အစိုးရရဲ့ သဘော ထားက မပြောင်းပါဘူး။
ဒါပေမဲ့ တိုင်းရင်းသားဘက် ကတော့ အပြောင်းအလဲတွေ လုပ်ပါတယ်။ ကျွန်တော်တို့အား လုံး ပါဝင်ရေးမူကို လက်မခံဘူး ဆိုလို့ရှိရင် လက်နက်ကိုင်တိုက် ခိုက်နေတဲ့ အဖွဲ့အစည်းတွေကို နှစ်ဖက်ကြား အပစ်အခတ် ရပ်စဲ ရေး Bilateral Agreement လုပ် ပြီးတော့မှ ဒါကို NCA ထဲကို ပါ ၀င်လာဖို့တင်ပြပါတယ်။ နောက် အစိုးရက လက်နက်ကိုင်တိုက် ခိုက်ခြင်း မရှိဘူးလို့ ပြောနေတဲ့ အဖွဲ့သုံးဖွဲ့ကိုလည်းပဲ ကျွန်တော် တို့ နိုင်ငံရေးဆွေးနွေးပွဲမှာ အကန့် အသတ်အချုပ်အချယ်မရှိ ပါဝင် နိုင်ဖို့ ဆွေးနွေးနိုင်ခွင့် ဆုံးဖြတ်နိုင် ခွင့်နဲ့ နိုင်ငံရေးအာမခံချက်ရှိရေး၊ စစ်ရေးအာမခံချက်၊ လူမှုရေး အာ မခံချက်တွေရှိတဲ့အနေအထားကို မှ ပါဝင်နိုင်ဖို့အတွက် ကျွန်တော် တို့ တင်ပြပါတယ်။
ဒီတော့ကာ ကျွန်တော်တို့ အနေနဲ့ အစိုးရရဲ့ တုံ့ပြန်ပုံက တော့ တိုက်ခိုက်မှုတွေ မလုပ်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ANC, LDU, WNO တို့ကို နိုင်ငံရေးဆွေး နွေးပွဲအဆင့်ဆင့်မှာ ပါဝင်လာနိုင် ဖို့ရာအတွက် နှစ်ဖက်ညှိနှိုင်းခဲ့တဲ့ အနေအထားမှာ ရှိပါတယ်။ တိုက် ခိုက်နေကြတဲ့ အဖွဲ့သုံးဖွဲ့ဖြစ်တဲ့ TNLA, AA နဲ့ MNDAA ကိစ္စက တော့ TNLA/ PSLF ကိုတော့ Bilateral Ceasefire လုပ်ပြီး နှစ် ဖက်ကြားမှာ အပစ်အခတ်ရပ်စဲ ရေးလုပ်ပြီးတော့မှ NCA လက်မှတ်ရေးထိုးတဲ့အခါမှာ ပါဝင်လာဖို့ရာအတွက် အစိုးရက လက်ခံထားပါတယ်။ ဒီတော့ AA နဲ့ MNDAA ကျတော့ ဒီကနေ့ထိ ညှိနှိုင်းလို့ မရသေးတဲ့ အနေအ ထားမှာ ရှိပါတယ်။ MNDAA ကိစ္စကတော့ သမ္မတက တိုက်ရိုက်ကိုင်တွယ်နေတယ်လို့ သမ္မတကြီးကိုယ်တိုင်က ကျွန်တော်တို့ကို ပြောပြပါတယ်။ နောက်ပြီး AA ကိစ္စကိုတော့ KIO လက်မှတ်ရေး ထိုးပြီးပြီ ဆိုလို့ရှိရင် အပစ်အ ခတ်ရပ်စဲရေး လုပ်ပြီးပြီ ဆိုလို့ရှိ ရင် အဲဒီထဲမှာပါသွားမယ်။ သီးသန့်လုပ်စရာ မလိုဘူးလို့ အစိုးရ ဘက်က တုံ့ပြန်ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့က တော့ AA ရော၊ MNDAA ရော Bilateral Ceasefire Agreement လုပ်လို့ မရရင်တောင်မှ စစ်ရေး အာမခံချက်၊ နိုင်ငံရေးအာမခံချက် နဲ့ လူမှုရေးအာမခံချက်တွေ ပေး ပြီးတော့မှ နိုင်ငံရေးတွေ့ဆုံဆွေး နွေးမှု အဆင့်ဆင့်မှာ ပါဝင်နိုင်ဖို့ ကျွန်တော်တို့တင်ပြပါတယ်။ ဒါ ပေမဲ့လို့ နှစ်ဖက်ညှိနှိုင်းလို့ မရ သေးတဲ့ အနေအထားမျိုး ရှိပါ တယ်။
အဲဒီတော့ MNDAA နဲ့ AA အတွက်စစ်ရေးအာမခံချက် မရဘူးပေါ့။
ဟုတ်ကဲ့ခင်ဗျ။ စစ်ရေး အာ မခံချက်ရော နောက်သူတို့ကို နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့် ပါဝင်ခွင့်ပြုမယ်၊ နောက်ပြီး မတရားသင်း အက်ဥပဒေအရ အရေးမယူဘူးဆိုတဲ့ အခြေအနေမျိုး ကျွန်တော်တို့ မရခဲ့ပါဘူးခင်ဗျ။
အဲဒါကြောင့်ပဲ NCA လက်မှတ် ရေးထိုးမယ့်ကိစ္စက ရက်မသတ် မှတ်နိုင်သေးဘူးဖြစ်သွားတယ်လို့ ပြောနိုင်မလားရှင့်။
ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော် တို့ဘက်ကတော့ ထိပ်သီးငါးဦး၊ SD သုံးဖွဲ့နဲ့ NCCT ခေါင်းဆောင် တစ်ဦး အားလုံးကတော့ သြဂုတ် ၂၁ ရက်ကနေ ၂၄ ရက်ကြားမှာ လုပ်ခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းတွေရဲ့ဆုံးဖြတ် ချက်အတိုင်းပဲ လာခဲ့တာဖြစ်ပါ တယ်။ ဒီတော့ကာ ကျွန်တော် တို့အနေနဲ့ စစ်ရေး၊ နိုင်ငံရေး အာမခံချက်တွေမရသေးတဲ့ အဖွဲ့အစည်းတွေရှိနေသေးတဲ့ အချိန်ကာလမှာ ကျွန်တော်တို့အနေနဲ့ ဒီနေ့ဒီရက်မှာ လက်မှတ်ရေးထိုး မယ်ဆိုတဲ့ ကတိမပေးနိုင်တဲ့ အနေ အထားမှာ ရောက်သွားပါတယ်။ အဲဒီလိုအနေအထားအောက်မှာ ရက်သတ် မှတ်ဖို့ဆိုတာကလည်း အင်မတန်မှ ခက်ခဲတဲ့အနေအ ထားမျိုးဖြစ်တဲ့အတွက်ကြောင့် မို့လို့ ကျွန်တော်တို့ EAOs အစည်းအဝေးပြန်လည်ကျင်းပဖို့နဲ့ အဲဒီမှာပဲဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ကြ တာဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကြားမှာပဲ တချို့ကတော့ NCA လက်မှတ်ရေးထိုးမယ်လို့ ကြေညာထားတယ်။ နောက်ပြီး တော့ ပြီးခဲ့တဲ့နေပြည်တော် တွေ့ ဆုံပွဲမှာပဲ အဲဒီလိုကြေညာခဲ့တဲ့ အဖွဲ့ကို ကျွန်မတွေ့ဆုံမေးမြန်း တဲ့အခါမှာ သူတို့ကတော့ ရေးထိုး သွားမယ်၊ ဒါကို မလုပ်ချင် တဲ့သူ နေခဲ့၊ လုပ်ချင်တဲ့သူသွားမယ်ဆို တဲ့ပုံစံမျိုး ပြောပါတယ်။ အဲဒီ တော့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေကြားမှာပဲ split ဖြစ်နေတာမျိုးရှိနေတယ်လို့ ပြော နိုင်မလား။
ကျွန်တော်တို့ကတော့ တစ် ဖွဲ့ချင်းစီရဲ့အနေအထားတွေကို စုပြီးတော့မှ တပ်ပေါင်းစုတွေဖွဲ့ တယ်၊ အစုအဖွဲ့တွေ ဖွဲ့တယ်ဆို တဲ့အနေအထားကို ကျွန်တော်တို့ တစိုက်မတ်မတ်တည်ဆောက် လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့ တစ်ဖွဲ့ချင်းစီရဲ့လွတ်လပ်ခွင့်နဲ့ တစ်ဖွဲ့ချင်းစီရဲ့ဆုံးဖြတ်ပိုင်ခွင့် တွေအောက်မှာပဲ ဒီတပ်ပေါင်းစု တွေက အစုအဝေးနဲ့နေတာဟာ ပိုပြီးတော့မှ သင့်လျော်တယ်။ ပို ပြီးတော့မှ ထိရောက်တယ်။ ပိုပြီး တော့မှ နိုင်ငံရေးအရ တောင်းဆို ခဲ့တဲ့ကိစ္စတွေကို ခပ်မြန်မြန်နဲ့ ထိ ထိရောက်ရောက် ရနိုင်တဲ့အနေ အထားမျိုး(သို့မဟုတ်)နှစ်ဖက် ကြားမှာ အဲဒီလိုညှိနှိုင်းလို့ရနိုင်တဲ့ အနေအထားမျိုးဖြစ်လိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် စုဖွဲ့မှု လုပ်ပါတယ်။ တကယ်လို့ တစ်ဖွဲ့ ချင်းစီဆိုရင် Bilateral Ceasefire Agreement လုပ်တဲ့အဖွဲ့အစည်း တွေက အခုဆိုရင် ၁၄ ဖွဲ့လောက် ရှိပါတယ်။ ဒါပေမဲ့ တစ်ဖွဲ့နဲ့တစ် ဖွဲ့Agreement လုပ်ပုံချင်း၊ လက် မှတ်ထိုးတဲ့နေရာမှာပါဝင်တဲ့အ ချက်အလက်တွေချင်းက တော် တော်လေးကွာပါတယ်။ နောက် ပြီး တစ်နိုင်ငံလုံးမှာရှိနေတဲ့ အဲဒီ လိုအဖွဲ့အစည်းတွေကို မတူညီတဲ့ သဘောတူညီချက်တွေနဲ့ ချုပ်ဆို ထားတဲ့ အဖွဲ့အစည်းတွေကို စုပြီး တော့မှ တူညီတဲ့ တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးစာချုပ်တစ်ခု အနေနဲ့ လုပ်ဖို့ရာအတွက် လိုအပ် တယ်လို့ ကျွန်တော်တို့ယူဆပါ တယ်။ အဲဒါကြောင့်မို့လို့ စုပေါင်း ပြီးတော့မှ NCCT ကို ကျွန်တော် တို့ဖွဲ့ပြီးတော့ ၂၀၁၃ နိုဝင်ဘာ ကတည်းက အစိုးရနဲ့စညှိလာတာ ဖြစ်ပါတယ်။ ဒီတော့ကာ အစုအ ဖွဲ့နဲ့သွားတာဟာ အစိုးရအတွက် လည်း ပိုပြီးတော့ လွယ်ကူတယ်။
တိုင်းရင်းသားတွေဘက်ကလည်း တစ်ဖွဲ့ချင်းသွားတာထက် အစုအ ဖွဲ့နဲ့သွားတာက ပိုပြီးတော့မှ မြန် ဆန်သွားမယ်။ ဆွေးနွေးတဲ့နေရာ မှာ ထိရောက်မှုရှိမယ်၊ အချိန် လည်း သက်သာမယ်ဆိုတဲ့အနေ အထားအရ အစုအဖွဲ့နဲ့ ဆွေးနွေး လာခဲ့တာပါ။ ဒီတော့ကာ ဒီကနေ့ လည်းပဲ အစုအဖွဲ့နဲ့ စုဖွဲ့မှုနဲ့ပဲ ကျွန်တော်တို့ သွားမှာ ဖြစ်ပါ တယ်။ ဒါ တစ်ဖွဲ့ချင်းအလိုက် သူ တို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ကိုယ် ပိုင်လွတ်လပ်ခွင့်ရှိတယ်။ တစ်ဖွဲ့ ချင်းဆုံးဖြတ်နိုင်တဲ့အနေအထား ရှိပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား အားလုံးကတော့ စုဖွဲ့နေတဲ့အနေ အထားနဲ့ပဲ ရှေ့ဆက်သွားတာ ကောင်းတယ်လို့ ဒီကနေ့အထိ တော့ ကျွန်တော်တို့ရပ်တည်နေ တုန်းပါပဲ ခင်ဗျ။
ရှေ့လပထမပတ်မှာ NCA ကို အနည်းဆုံးဆယ်ဖွဲ့လောက်နဲ့ ရေးထိုးနိုင်ဖို့ အစိုးရဘက်က မျှော်လင့်နေတယ်လို့ ကျွန်မကြား ပါတယ်။ အဲဒီလိုမျိုး အဖွဲ့တချို့ နဲ့ပဲ ရေးထိုးသွားမယ့်ပုံစံမျိုး ရှိနေပါသလားရှင်။
ဒါကတော့ ကျွန်တော်တို့ လည်း အဲဒီလိုပဲ ကြားနေတာပါပဲ။ ဒါပေမဲ့လို့ တကယ့်တကယ် ကျွန် တော်တို့ကြားထဲမှာ အချင်းချင်း ညှိပြီး ကျွန်တော်တို့သွားကြမယ်၊ မသွားကြဘူးဆိုတဲ့ အနေအထား ကို ကျွန်တော်တို့ကြားထဲ ညှိတဲ့အ နေအထားမျိုး ဒီကနေ့ထိ မရှိသေး ပါဘူး။ ကျွန်တော်တို့ NCCT, SD ၁၇ ဖွဲ့စလုံးအတူတကွ ထိုင်နေ ကြဆဲပါပဲ။ ကျွန်တော်တို့အတူ တကွ ဘယ်လိုသွားကြမယ်၊ ဘယ်လိုအစည်းအဝေးတွေ လုပ်
ကြမယ်၊ ဘယ်လိုဆုံးဖြတ်ချက် တွေ လုပ်ကြမယ်ဆိုတာ အတူ တကွ အစည်းအဝေးဆုံးဖြတ် ချက်ကြီးနဲ့ ရပ်တည်နေကြတဲ့အ ခြေအနေအောက်မှာပဲ ရှိနေပါ သေးတယ်။
ဒီတော့ လာမယ့်မကြာခင် အချိန်ကာလမှာတော့ အဲဒီလို အစည်းအဝေးကြီးလုပ်ပြီး ဆုံး ဖြတ်ချက်တွေ ချမှာပါ။ အစိုးရအ နေနဲ့ ကျွန်တော်တို့ရဲ့အားလုံးပါ ဝင်ရေးမူကို မူအရတော့ သမ္မတ ကြီးက လက်ခံတယ်လို့ ပြောပြီး သားလည်း ဖြစ်တဲ့အတွက် ကြောင့်မို့လို့ အဲဒီအခြေခံအောက် မှာ ဘယ်လိုလုပ်ပြီး နိုင်ငံရေးဆွေး နွေးပွဲမှာ အားလုံးပါဝင်နိုင်မလဲဆို တာကို အမြဲတမ်းစဉ်းစားနေပြီး ဒီကနေ့လည်း ကြိုးစားနေဆဲပါပဲ။ အဲဒီလိုလုပ်ခြင်းအားဖြင့် ကျွန် တော်တို့ နိုင်ငံတော်အတွက် လည်း အကျိုးရှိသွားမယ်၊ တိုင်း ရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းတွေဘက်က လည်း အကျိုးရှိသွားမယ်၊ တိုင်း သူပြည်သားအတွက်လည်း ခပ် မြန်မြန်နဲ့ ဒီအပစ်အခတ်ရပ်စဲရေး ကနေ၊ နိုင်ငံရေးဆွေးနွေးပွဲကနေ တစ်ဆင့် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို သွားနိုင်မယ်လို့ ကျွန်တော်တို့က ယုံကြည်ပါ တယ်။
ပြီးခဲ့တဲ့ နေပြည်တော်တွေ့ဆုံပွဲ မှာ၊ သမ္မတနဲ့တွေ့ဆုံအပြီးမှာ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုင်းရင်းသားလက် နက်ကိုင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ အဆင်သင့်ရှိနေပြီး ဆရာတို့ဘက်က မတွေ့တာလို့ ကျွန်မတို့ကြားရပါတယ်။ အဲဒါ ကော ဟုတ်ပါသလား။
ဒီလိုပါ။ ကျွန်တော်တို့အနေ နဲ့ သမ္မတကြီးနဲ့တွေ့ဆုံတဲ့နေရာ မှာ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်က တက်ရောက်ပြီးတော့မှ ကျွန်တော်တို့နဲ့အတူတကွ ရှိစေ ချင်တာကတော့ အမှန်ပါပဲ။ အဲဒီ လို ပါဝင်ဖို့ရာလည်း အစိုးရကို စာရေးပြီး ကျွန်တော်တို့ မေတ္တာ ရပ်ခံတာရှိပါတယ်။ နောက်ပြီး တော့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို ရော တယ်လီဖုန်းနဲ့ဆက်သွယ်ပြီး တော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပါဝင်ဖို့ကို မေတ္တာရပ်ခံ ခဲ့ပါတယ်။ အဲဒီလိုမဟုတ်နိုင်ရင် တောင်မှ သီးသန့်လေးတွေ့ပြီး တော့ အခြေအနေဖန်တီးပေးဖို့ လည်း အစိုးရကို ကျွန်တော်တို့ မေတ္တာရပ်ခံထားပါတယ်။
ဒါပေမဲ့လို့ ကျွန်တော်တို့ နေ ပြည်တော်ရောက်တဲ့အထိ ကျွန် တော်တို့ ကာချုပ်နဲ့တွေ့ဖို့က တော့ ဘယ်လိုမှ Confirm လုပ် လို့မရတဲ့၊ အတည်ပြုလို့မရတဲ့ အ နေအထားအောက်မှာရှိပါတယ်။ ဒီတော့ ကျွန်တော်တို့ နေပြည် တော်ရောက်ပြီးနောက်မှာမှ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်ပခရီးလွန်နေလို့ မလာ ရောက်နိုင်တဲ့အကြောင်း ကြားသိ ရတဲ့အခါမှာ ဒုတိယကာကွယ်ရေး ဦးစီးချုပ်ကိုလည်း ကျွန်တော်တို့ ရယ်၊ သမ္မတကြီးရယ် တွေ့ဆုံတဲ့ အခါမှာ တက်ရောက်ပါဝင်ဖို့ရာ အတွက် ကျွန်တော်တို့မေတ္တာရပ် ခံခဲ့ပါတယ်။ ဒါဟာလည်း ဖြစ်မ လာခဲ့ပါဘူး။ ဒီတော့ အစက တည်းက တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နဲ့ တွေ့ဖို့ကတော့ အစိုးရဘက်က Confirmမလုပ်နိုင် တဲ့ အနေအထားဖြစ်တဲ့ အတွက် ကြောင့်မို့လို့ ကျွန်တော်တို့ မတွေ့ ဖြစ်တဲ့ကိစ္စဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ တပ် မတော်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ ကို အရမ်းတွေ့ချင်ပါတယ်။ သူ တို့ရဲ့ တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်း တွေအပေါ်မှာ အမြင်သဘော ထားတွေနဲ့ ဒီကနေ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကနေ ပြောပြောနေတဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စတွေ ကိုပါ သူတို့ဆီကနေ ကျွန်တော်တို့ ကြားချင်နေတာဖြစ်ပါတယ်။ ဒါ ပေမဲ့လို့ ကျွန်တော်တို့ နေပြည် တော်ရောက်တဲ့အထိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဖို့ Arrangement တွေက မဖြစ် သေးတော့ မတွေ့နိုင်တာပဲဖြစ်ပါ တယ်။
နောက်တစ်ခုက လာမယ့်နိုဝင် ဘာရွေးကောက်ပွဲပြီး နောက်ပိုင်း တက်လာမယ့် အစိုးရသစ်လက် ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရတာ ပိုခက်ခဲမလား ဆိုပြီး တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့တွေဘက်က စိုးရိမ်မှုရှိ တယ်လို့ ကြားရပါတယ်။ အဲဒါကော ဟုတ်ပါသလား။ ဟုတ် တယ်ဆိုရင် ဘာကြောင့်ပါလဲ။
ကျွန်တော်တို့အနေနဲ့ ရွေး ကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဆက် နွှယ်မှုမပြုခဲ့ပါဘူး။ အရင်ကတည်း က ဆက်နွှယ်မှုပူးတွဲစဉ်စားတာ တွေမလုပ်ခဲ့ပါဘူး။ ကျွန်တော်တို့ တစိုက်မတ်မတ်စဉ်းစားနေတာ ကတော့ ဒီကနေ့ တိုင်းရင်းသား မိဘပြည်သူတွေခံစားနေရတဲ့ စစ် ဘေးဒုက္ခတွေ၊ အခက်အခဲဒုက္ခ ကြုံတွေ့မှုတွေကို အမြန်ဆုံး ကျွန် တော်တို့ ဘယ်လောက်ထိ အဆုံး သတ်နိုင်မလဲဆိုတာကိုပဲ တစိုက် မတ်မတ်ဦးတည်ပြီးစဉ်းစားနေခဲ့ တာဖြစ်ပါတယ်။ ဘယ်ပါတီက အနိုင်ရမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို ပိုပြီးအားစိုက်မယ်၊ ဘယ်ပါတီ က အနိုင်ရမှ ဆက်ပြီးလုပ်သွား မယ် (သို့မဟုတ်) နောက်အစိုးရ တက်လာရင် ပိုခက်ခဲသွားမယ်ဆို တဲ့ စဉ်းစားချက်မျိုး ကျွန်တော်တို့ မစဉ်းစားပါဘူးခင်ဗျ။
ရွေးကောက်ပွဲကို ကျွန်တော် တို့ ရှောရှောရှူရှူဖြစ်စေချင် တယ်။ ရွေးကောက်ပွဲတွေကို တိုင်းရင်းသားဒေသတစ်လျှောက် လုံးမှာ လွတ်လွတ်လပ်လပ်လုပ် ဆောင်ဖို့ရာအတွက် ဆန္ဒရှိပါ တယ်။ အဲဒီအတွက်လည်း တိုက် ခိုက်ပစ်ခတ်မှုရှိနေတဲ့ဒေသ တောင်မှ တစ်ဖက်သတ်အပစ်အ ခတ်ရပ်စဲရေးတွေ၊ ရန်လိုတိုက် ခိုက်မှုမလုပ်ဘဲနဲ့ ဒေသမှာ တည် တည်ငြိမ်ငြိမ်နဲ့ ရွေးကောက်ပွဲ လုပ်နိုင်တဲ့အနေအထားမျိုးတွေ ကျွန်တော်တို့ဖန်တီးနေတာပဲဖြစ် ပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ ရွေးကောက်ပွဲလုပ်နိုင်ခြင်းအား ဖြင့် ပြည်သူပြည်သားတွေရဲ့ ရင် တွင်းကခံစားချက်တွေ ဖော်ထုတ် နိုင်မယ်။ နောက်ပြီး ပြည်သူ့အစိုး ရလည်း ပေါ်ပေါက်လာနိုင်မယ် ဆိုတာကတော့ အရင်ကတည်းက ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဆန္ဒ လည်းဖြစ်ပါတယ်။ ဒီကနေ့လည်း ထိုနည်းလည်းကောင်း ကျွန်တော် တို့မှာ ဆန္ဒရှိပါတယ်။ ကျွန်တော် တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ် တည်မှုဟာ နိုင်ငံရေးအပြောင်း အလဲ (သို့မဟုတ်) နိုင်ငံရေးတစ်ခု ခုနဲ့ ပတ်သက်နေတာမျိုးတော့ သိပ်ပြီးမဖြစ်စေချင်ဘူး။ ပြည်သူ လူထုငြိမ်းချမ်းရေးရသွားအောင်၊ ဖွံ့ဖြိုးတိုးတက်ရေးအားဖြည့်သွား အောင်၊ ဒုက္ခခံစားနေရတဲ့ IDP တွေ၊ ဒုက္ခသည်တွေကို ဒုက္ခမခံ စားရအောင်၊ တစ်ရက်စောလုပ် လို့ရှိရင်လည်း ကျွန်တော်တို့အ တွက် ဒါက ပိုပြီးတော့မှ လုပ်သင့် လုပ်ထိုက်တဲ့ကိစ္စဖြစ်တယ်၊ ပိုထိ ရောက်တယ်ဆိုတဲ့ ဒီလိုဘက် ပေါင်းစုံအမြင်နဲ့ ဒီကနေ့ NCA လက်မှတ်ထိုးဖို့နဲ့ နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲလုပ်နိုင်ဖို့ ကျွန်တော် တို့ကြိုးစားနေတာဖြစ်ပါတယ်။
အခု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည် က လူထုမဲဆွယ်စည်းရုံးရေး တွေဆင်းနေတဲ့အခါမှာ NLD အ နေနဲ့ အစိုးရသစ်ဖွဲ့နိုင်လို့ရှိရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အမြန်ဆုံးကျင်းပမယ်ဆိုပြီးတော့ ထပ်ခါတလဲလဲပြောနေပါတယ်။ အဲဒီအပေါ်မှာ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တစ် ယောက်အနေနဲ့ ဘယ်လိုများ သဘောထားတုံ့ပြန်ချင်ပါသလဲ ရှင်။
ကျွန်တော်တို့ ဝမ်းသာပါ တယ်။ ဘယ်အစိုးရတက်တက် ငြိမ်းချမ်းရေးကတော့ လုပ်ရမှာပါ ပဲ။ ငြိမ်းချမ်းရေးမရှိဘူးဆိုလို့ရှိရင် ကျွန်တော်တို့ ဒီမိုကရေစီတည် ဆောက်လို့မရပါဘူး။ ဒီမိုကရေစီ မရှိဘူးဆိုလို့ရှိရင်လည်း ငြိမ်းချမ်း ရေးတည်ဆောက်လို့မရနိုင်ပါ ဘူး။ ဒါဟာ သမ္မတကြီးက ပြော ကြားခဲ့တာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့လည်း အဲဒါကိုယုံ ကြည်လို့ပဲ ဒီငြိမ်းချမ်းရေးကို အမြန်ဆုံးပြီးမြောက်သွားအောင်၊ အလုပ်ဖြစ်သွားအောင် ကြိုးစား နေတာဖြစ်ပါတယ်။ ဘယ်အစိုးရ တက်တက် ကျွန်တော်တို့ တိုင်း သူပြည်သားတွေအတွက် အကျိုး ရှိမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ လက်တွဲပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ဖို့ရာအတွက်၊ ဘယ်အစိုးရနဲ့ဖြစ်ဖြစ် ဆွေးနွေးပွဲလုပ်ဖို့ရာအတွက် ဆန္ဒရှိတယ်လို့ပြောကြားလိုပါတယ်။ အခုအစိုးရ နဲ့ ကျွန်တော်တို့ဆွေးနွေးသလို ၂၀၁၅ ရွေးကောက်ပွဲပြီး နောက် တက်လာမယ့် အစိုးရနဲ့လည်း ကျွန်တော်တို့ပြန်လည်ပြီးမှ ဆွေး နွေးရမယ့်အနေအထားမျိုးရှိမှာပါ လို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်။
ဘာဖြစ်လို့လဲဆိုတော့ ငြိမ်း ချမ်းရေးမရှိဘဲနဲ့ ဒီမိုကရေစီဟာ တည်ဆောက်လို့မရပါဘူး။ တကယ်ငြိမ်းချမ်းမှလည်းပဲ ဖွံ့ဖြိုး တိုးတက်ရေးကို လုပ်နိုင်မှာဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံမှာ အလိုအပ်ဆုံးကတော့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ဖြစ် တယ်။ ငြိမ်းချမ်းရေးတည်ဆောက် ဖို့ရာအတွက် ဒီကနေ့ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးကနေ ပြီးတော့ နိုင်ငံရေးတွေ့ဆုံပွဲတွေ ကနေတစ်ဆင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့ အဲဒီပြင်ဆင်တဲ့ ဥပဒေကနေ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့၊ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ပြည်ထောင်စုကြီးကို တည်ဆောက်မှသာလျှင် သာယာ ဝပြောတဲ့တိုင်းပြည်ကြီးကို တည် ဆောက်နိုင်မယ်။ ပြည်သူလူထု အတွက်လည်း ဒီထက်ကောင်းမွန် တဲ့အခြေအနေကို ဖန်တီးနိုင်မယ် လို့ ကျွန်တော်တို့ ယုံကြည်ပါ တယ်။ အဲဒါကြောင့် ဘယ်အစိုးရ တက်တက် ငြိမ်းချမ်းရေးကိုဆွေး နွေးဖို့ ကျွန်တော်တို့ အဆင်သင့် ဖြစ်ပါတယ်လို့ ပြောချင်ပါတယ် ခင်ဗျာ။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိ ကအရေးကြီးတာက နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေကျင်းပဖို့ လို့ အစဉ်တစိုက်ပြောခဲ့ကြပါ တယ်။ အခု NCA လက်မှတ်ရေး ထိုးတဲ့အဆင့်မှာတင်ပဲ ဒီလိုတွေ ဖြစ်နေကြတော့ လက်ရှိအစိုးရ လက်ထက်အတွင်းမှာပဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပဖို့ ဆိုတာဖြစ်နိုင်ပါဦးမလား။
ကျွန်တော်တို့ ဒီ NCA ကို စက်တင်ဘာလအကုန် အောက် တိုဘာမှာ ရေးထိုးဖြစ်တယ်ဆိုရင် တောင်မှ ကျွန်တော်တို့ရဲ့ Fram-ework ပေါ့။ Political Dialogue နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ရာ အတွက် ကိုင်ဆွဲရမယ့်အခြေခံမူ တွေကို နှစ်လအတွင်း ရေးဆွဲရ မှာဖြစ်ပါတယ်။ နှစ်လပြီးတဲ့ နောက်ပိုင်းမှာမှ နိုင်ငံရေးဆွေး နွေးပွဲတွေကို သုံးလမြောက်မှာ ရက်ပေါင်း ၉၀ အတွင်းမှာ စမယ် ဆိုတော့ နောက်နှစ်လလောက်မှာ မှ စဖြစ်မယ့်အနေအထားမျိုးရှိပါ တယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့ NCA ရေးထိုးပြီးလို့ရှိရင် NCA မှာ ပါတဲ့အတိုင်း ကျွန်တော်တို့ထိုးပြီး တဲ့နောက်ပိုင်း ၂၄ နာရီမှာ ဘာ လုပ်ရမလဲ၊ ငါးရက်အကြာမှာ ဘာလုပ်ရမလဲ၊ တစ်လအကြာမှာ ဘာလုပ်ရမလဲ၊ ဘယ်နှလအတွင်း မှာ ဘာလုပ်ရမလဲဆိုတဲ့ကိစ္စတွေ ကို ကျွန်တော်တို့တစ်ဆင့်ပြီးတစ် ဆင့် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ဒီကနေ့ အစိုးရနဲ့ အကောင်အထည်ဖော်ရတဲ့ကိစ္စ မျိုး NCA မှာပါတဲ့အချက် ဆက် လက်ရှိမှာဖြစ်သလို နောက်တက် လာမယ့် အစိုးရအနေနဲ့ ဆက်ပြီး တော့လုပ်ရမယ့်ကိစ္စမျိုး အများ ကြီးရှိနိုင်ပါတယ်လို့ ကျွန်တော် ပြောချင်ပါတယ်ခင်ဗျာ။
လာမယ့် နိုဝင်ဘာရွေးကောက် ပွဲပြီး နောက်တက်လာမယ့် အစိုးရအဖွဲ့မှာ ဒီမိုကရက်တစ်တွေများ မယ်၊ လက်ရှိအတိုက်အခံတွေ များမယ်ဆိုပြီးတော့ သုံးသပ်ထားကြပါတယ်။ အဲဒီတော့ နောက် အစိုးရလက်ထက်မှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကျင်းပ တဲ့အခါ အခုထက်ပိုအဆင်ပြေ သွားနိုင်ဖို့၊ ဖက်ဒရယ်တို့ဖွဲ့စည်း ပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲ ရေးတို့တွေ ပိုဖြစ်နိုင်ခြေရှိလာဖို့ မျှော်လင့်ထားတာများရှိပါ သလား။
ကျွန်တော်တို့အနေနဲ့ ဒီ ကနေ့ အစိုးရနဲ့ အပစ်အခတ်ရပ် စဲရေးလုပ်ဖို့ ကမ်းလှမ်းလာခဲ့တာ ၂၀၁၁ ကတည်းကပါ။ ဒီတော့ ဒီကနေ့ဆိုလို့ရှိရင် လေးနှစ်တာ ကာလအတွင်းမှာ ဒီအပစ်အခတ် ရပ်စဲရေးစာချုပ်ချုပ်ဆိုနိုင်ဖို့ရာ အတွက် ကျွန်တော်တို့ကြိုးစား လာခဲ့တာဖြစ်တယ်။ တကယ်ဆို လို့ရှိရင် တစ်နှစ်၊ ၂ နှစ်မှာ ဒါကို ပြီးပြတ်သွားတယ်ဆိုလို့ရှိရင် ဒီ အစိုးရသက်တမ်းအတွင်းမှာ Political Dialogue တွေက တစ် နှစ်၊ ၂ နှစ်လောက်နီးပါးကို ဆွေး နွေးပြီးသားအနေအထားမျိုးဖြစ် သွားမှာပါ။ ဒါပေမဲ့လို့ NCA မှာ ကြန့်ကြာနေတာမို့လို့ ဒီကနေ့ အထိ နိုင်ငံရေးဆွေးနွေးပွဲကို မတက်လာနိုင်တာဖြစ်ပါတယ်။
ဘယ်အစိုးရပဲတက်တက်၊ ဘယ်ပါတီကပဲ အများဆုံးနိုင်နိုင် ကျွန်တော်တို့ ဒီကိစ္စကိုတော့ ပြန်ပြီးတော့ ဆွေးနွေးပြီးတော့မှ အဖြေရှာရမယ့်အနေအထားမျိုး ရှိပါတယ်။ ဘယ်အစိုးရလက် ထက်မှာ ပိုကောင်းမယ်၊ ဘယ် အစိုးရလက်ထက်မှာ ပိုမကောင်း ဘူးဆိုတဲ့အနေအထားမျိုး ကျွန် တော်တို့မစဉ်းစားပါဘူး။ ဒီကနေ့ အစိုးရလုပ်နေတဲ့ အစိုးရနဲ့လည်း ဆွေးနွေးမယ်။ ရသလောက် ကျွန် တော်တို့ နှစ်ဖက်ယုံကြည်မှုတည် ဆောက်ပြီးတော့ တိုင်းသူပြည် သားတွေ အကျိုးစီးပွားအတွက်၊ တိုင်းပြည်အကျိုးအတွက် ကျွန် တော်တို့လုပ်မှာဖြစ်တယ်လို့ ကျွန် တော်တို့ခံယူချက်ရှိနေနိုင်ရင် ရှေ့ ဆက်လာမယ့်ကာလမှာလည်း ဆက်ပြီးတော့ ဘယ်အစိုးရနဲ့ဖြစ် ဖြစ် ဆွေးနွေးဖို့ရှိပါတယ်။
ဒီမိုကရက်တွေပိုများမယ့် အနေအထားဖြစ်လို့ ပိုကောင်း မယ်ဆိုရင်လည်းပဲ ဝမ်းသာရမှာ ပေါ့။ တက်လာတဲ့ ဘယ်အစိုးရပဲ ဖြစ်ဖြစ် ကျွန်တော်တို့ လက်ခံရ မယ့်အနေအထားမျိုးရှိပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။
SD ဒုခေါင်းဆောင် ပူးဇင်ကျုံးကို ကျေးဇူးတင်ပါတယ်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။