ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က လူငယ်တွေသည်းခံ တရားမွေးကြဖို့ ဦးဥတ္တမနေ့တွင် တိုက်တွန်း

စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၉

စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်ခဲ့သော ၇၆ နှစ်မြောက် မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမနေ့တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမြအောင်က လူငယ်တွေသည်းခံ တရားမွေးကြရန် တိုက်တွန်းသွားခဲ့သည်။

“လူငယ်တွေကို သည်းခံတရားမွေးကြဖို့နဲ့ လုပ်ကိုင်တဲ့ နေရာမှာ ကိုယ့်လူမျိုး ဂုဏ်သိက္ခာ မညှိုးနွမ်းဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစား လုပ်ဆောင် ကြဖို့ ပြောကြားလိုပါတယ်” ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမြအောင် က ပြောသည်။

စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ဦးဥတ္တမနေ့ကို စက်တင်ဘာလ ၉ ရက်နေ့က ကျင်းပစဉ် မိန်းခွန်းပြောကြားရာ၌ ဦးမြအောင်က ထိုသို့ ထည့်သွင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

၎င်းပြင်သူက “ဆရာတော်ဦးဥတ္တမနေ့ကို ရခိုင်လူမျိုးဝန်ကြီးချုပ် တစ်ယောက်အနေအနဲ့ ကျင်းပခွင့်ရခဲ့တဲ့အတွက် စိတ်ထဲမှာ ပီတိ ၀မ်းသာမိပါတယ်။ ကိုယ့်ရခိုင်သား တစ်ယောက်အနေနဲ့ ရခိုင်သူရခိုင်သားတွေမျှော်လင့်ထားတဲ့ မျှော်လင့်ချက်တွေ ပြည့်လာတယ်လို့ဘဲ ယုံကြည်ပါတယ်”ဟု ပြောဆိုသည်။

ဆရာတော်ဦးဥတ္တမနေ့ကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က ကော်မတီတစ်ရပ် ဖွဲ့စည်း၍ စီစဉ်ကျင်းပခြင်းဖြစ်ပြီး နံနက် ၅ နာရီခွဲတွင် ဆရာတော် သံဃာတော်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဦးဥတ္တမခန်းမတွင် အာရုံဆွမ်းကျွေးခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အခမ်းအနား ပီပီပြင်ပြင်နှင့် စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းဖြစ်ရန်အတွက် ကော်မတီဖွဲ့ကာ ကျင်းပခဲ့ပြီး၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဟောပြောပွဲပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများအတွက် လိုအပ်သော ရန်ပုံငွေများ ကိုလည်း ထောက်ပံ့ပေးခဲ့သည်ဟု ၀န်ကြီးချုပ်ကပြောသည်။

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။