၂၀၁၆ အာရှ ယူ-၁၆ ချန်ပီယံရှစ် ခြေစစ်ပွဲတွင် အုပ်စု ဒုတိယနေရာဖြင့် ခြေစစ်ပွဲအောင် မြင်ရန် ရည်မှန်းထားခဲ့သည့် မြန် မာအသင်းသည် အုပ်စုအဖွင့်ပွဲ၌ အိမ်ရှင် ဗီယက်နမ်အသင်းကို ၅-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။
စက်တင်ဘာ ၁၆ ရက်က ဗီ ယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ယှဉ်ပြိုင်ကစားခဲ့သော အုပ်စု(ည)ပွဲစဉ်၌ မြန်မာအသင်းသည် ပထမ ပိုင်းတွင် အိမ်ရှင် ဗီယက်နမ်အသင်း၏ သွင်းဂိုးသုံးဂိုး၊ ဒုတိယပိုင်းတွင် သွင်းဂိုးနှစ်ဂိုး ခွင့်ပြုခဲ့ရ ပြီး ချေပဂိုးတစ်ဂိုးသာ ပြန်လည်သွင်းယူနိုင်ခဲ့သည်။
အဲရစ်ဝီလျံ၏ မြန်မာအသင်း သည် အဖွင့်ပွဲ၌ နိုင်ပွဲပျောက်ဆုံး ခဲ့မှုကြောင့် ပြိုင်ပွဲမတိုင်မီ ပြော ကြားထားခဲ့သည့် အုပ်စုဒုတိယ နေရာဖြင့် နောက်တစ်ဆင့်တက် ရောက်နိုင်ရေး အိပ်မက်မှာ ခက်ခဲ သွားခဲ့ရပြီဖြစ်သည်။ မြန်မာအ သင်းသည် အုပ်စုတွင်း ဒုတိယပွဲ အဖြစ် စက်တင်ဘာ ၁၈ ရက်တွင် နာမည်ကြီးသြစတြေးလျ၊ အုပ်စုတွင်း နောက်ဆုံးပွဲအဖြစ် စက်တင်ဘာ ၂၀ ရက်တွင် ဂူအမ်အသင်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
အုပ်စု(ည) အခြားပွဲ၌ သြစ တြေးလျအသင်းက ဂူအမ်အသင်း ကို ၁၄-၀ ဂိုးဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် အုပ်စုအဖွင့်ပွဲများအပြီး၌ နိုင်ပွဲရရှိထားသည့် သြစတြေးလျအသင်းနှင့် ဗီယက်နမ်အသင်းတို့က ရမှတ် သုံးမှတ်စီ ရရှိထားသော် လည်း ဂိုးကွာခြားချက် အသာရရှိ ထားသည့် သြစတြေးလျ အသင်း က အုပ်စုပထမနေရာဖြင့် ဦး ဆောင်ထားကာ ဗီယက်နမ်အ သင်းက အုပ်စုဒုတိယနေရာ၌ ရပ် တည်နေသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။