ဆင်ငယ်လေးကို နေပြည်တော်အနီးရှိ ဆင်စခန်းပို့

မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးပြီး ကြိုးဖြင့်တုပ်နှောင်ထားသော ဆင်ကလေးကို ၀ိုင်းဝန်းကြည့်နေစဉ် (ဓာတ်ပုံ−ညီညီဇော်)
ဆင်ခြောက်ကောင်ထဲမှ အုပ်စုကွဲကျန်ခဲ့သည့် ဆင်ငယ် လေးကို မိသားစုနှင့်ပြန်ပေါင်းမ ပေးတော့ဘဲ မင်္ဂလာအချိန်ရွေး ကာ သြဂုတ် ၃၁ ရက် နံနက် ၉ နာရီ ၂၇ မိနစ်က နေပြည်တော်အ နီးရှိ ဆင်စခန်းတစ်ခုသို့ ပို့ဆောင် လိုက်ကြောင်း သတင်းရရှိသည်။
နေပြည်တော်ကောင်စီနယ် မြေအတွင်း တပ်ကုန်းအနီးရှိ ကင်းသာဆင်စခန်းသို့ ပို့လိုက်ခြင်းဖြစ် သည်ဟု ညောင်ဦးမြို့နယ်သစ် တောဦးစီးအရာရှိက ပြောသည်။
‘‘ဒီနေ့ မနက်ခင်း ၉ နာရီ ၂၇ က စသယ်သွားတာ။ အချိန်ကိုက် တွက်ချက်ပြီး ခေါ်သွားတာ။ ကိုး နဝင်းနဲ့တွက်ချက်ပြီး။ သူ့မိသားစု နဲ့မပေါင်းတော့တာက သူတို့က အုပ်စုလိုက်လာပေမယ့် ဘာ ကြောင့်ထားခဲ့သလဲမသိဘူး။ အခု အနေအထားကျမှ ပြန်ပေါင်းပေး မယ်ဆိုရင်လည်း ဟိုဘက်အဖွဲ့က လက်ခံမှာမဟုတ်ဘူး။ ဒါသဘာဝ အရ။ အဲဒီလို ပြန်ပို့တာထက်စာ ရင် ကင်းသာဆင်စခန်းမှာ ထား တာက သူ့အတွက်ပိုပြီး အန္တရာယ် ကင်းတယ်’’ဟု ၎င်းက ပြောသည်။ဆင်ငယ်မှာ အသက်(၄)နှစ် ခွဲရှိမည်ဟု ခန့်မှန်းထားပြီး ဆင် သတင်းကို စိတ်ဝင်စားသူများ အားလုံးက မိသားစုနှင့် ပြန်ပေါင်း စေလိုသော်လည်း အကောင်းဆုံး ရွေးချယ်မှု ပြုလုပ်ခဲ့ခြင်းဟု ဆို သည်။ ဆင်အုပ်နောက်သို့ ခြောက် ရက် ဆက်တိုက်လိုက်ခဲ့သည့် ပုပ္ပား တောင်ချစ်သူများအသင်း နာယက ဆရာတော်ဦးယုဇနက ‘‘ငါ့သဘောကတော့ အခုချက်ချင်းကို ဆင်အုပ်ထဲ သွားပေါင်းပေးချင်တာ။ လူတွေနဲ့ အနေကြာလို့ လူနံ့ နံသွားရင် အကောင် ကြီးတွေက လက်ခံမှာမဟုတ်ဘူး။ ဒါပေမဲ့ ဆင်လေးက နေမကောင်းဘူးဆိုတော့လည်း ပြောရခက်သား။ စိတ်တော့မကောင်းဘူး’’ဟု မိန့်သည်။
ကျန်ဆင်ငါးကောင်ကို မြို့ သစ်မြိ့နယ် အိုင်မဲဒေသရှိ သစ် တောကြိုးဝိုင်းသို့ သြဂုတ် ၃၀ ရက်က ဆင်ယဉ်များ၏အကူအညီဖြင့် ပို့ဆောင်နိုင်ခဲ့ပြီး တောဆင်ရိုင်း အုပ်စုမှာ နတ်မောက်၊ ကျောက်ပန်းတောင်းနှင့် ညောင်ဦးဒေသများတွင် ဆယ်ရက်ကြာ မျက်စိ လည်နေခဲ့ခြင်းဖြစ်သည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။