Avatar ကို စိတ်ကူးရစေခဲ့သည့် ချောက်ကမ်းပါး၌ တရုတ်က ပထမဆုံး ဖန်ကြမ်းခင်း ကြိုးတံတား ဖွင့်လှစ်



စက်တင်ဘာ ၂၄ ရက်က တရုတ်နိုင်ငံ တောင်ပိုင်း ဟိုနမ်ပြည်နယ်ရှိ ပင်ကျန်းခရိုင်၌ ဖန်ကြမ်းခင်း ကြိုးတံတားပေါ် လူများလမ်းလျှောက် ဖြတ်သွားစဉ်(Photo:AP)
စက်တင်ဘာ ၂၄ ရက်တွင် တရုတ်နိုင်ငံသည် ၎င်းတို့၏ ပထမဆုံး ဖန်ကြမ်းခင်း ကြိုးတံတားကို ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ အဆိုပါတံတားသည် ပေ ၆၀၀ နီးပါး မြင့်ပြီး ပေ ၁၀၀၀ ရှည်လျားကြောင်း သိရသည်။

ဟူနန်ပြည်နယ် ကျန်ကျားကျဲ ချောက်ကမ်းပါးကြီးတွင် စက်တင်ဘာ ၂၄ ရက်က အမြင့်ပိုင်း၌ အောက်သို့ တိုးလျှိုပေါက်မြင်ရသည့် ဖန်ကြမ်းခင်းတံတားကို ဖွင့်လှစ်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် People’s Daily သတင်းစာက ဖော်ပြခဲ့သည်။

စီနျူကျိုင်း အမျိုးသားဘူမိ ဗေဒဥယျာဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော ချောက်ကမ်းပါးကြီးက ဂျိမ်းကင်မရွန်၏ ကမ္ဘာကျော် Avatar ရုပ်ရှင်ကားအတွက် စိတ်ကူးရစေခဲ့သည်ဟု China Daily က ဖော်ပြသည်။ အဆိုပါ ရုပ်ရှင်ကားထဲတွင် တွေ့မြင်ရခဲ့သည့် တောင်ထွတ်ကြီးတစ်ခုနှင့် ဆင်တူသော တောင်ထွတ်ကို တရုတ်နိုင်ငံက ၂၀၁၀ ပြည့်နှစ်တွင် အဗက်တာဟာ လေလုယာတောင်ဟု အမည်ပြောင်းလဲခဲ့သည်။

တဲလ်အဗစ်မြို့ အခြေစိုက် ဗိသုကာကုမ္ပဏီဖြစ်သော ဟိမ်းဒိုတန်က ယခုတံတားအား စိတ်ကူးဖြင့် ရေးဆွဲထားသောပုံကို ပထမဆုံးအဖြစ် ဖြန့်ချိလိုက်သည့် အခါယင်းကို ကမ္ဘာ့အရှည်ဆုံးနှင့် အမြင့်ဆုံး ဖန်ကြမ်းခင်း တံတားဖြစ်မည်ဟု BBC သတင်းဌာနက ဇွန်လအတွင်းက ဖော်ပြခဲ့သည်။

“ကျွန်တော်က သဘာဝ၊ လိုက်ဖက်ညီမှု၊ ဟန်ချက်ညီမှုနှင့် အလှတရားအပေါ် ယုံကြည်ပါတယ်။ သဘာဝဟာ သူ့အတိုင်းကိုက လှပါတယ်။ ကျန်ကျားကျဲ ဖန်တံတားကို တိမ်တိုက်တွေထဲ ၀င်ရောက် ပျောက်ကွယ်သွားတဲ့ တံတားဖြူဖြူတစ်စင်းနဲ့ တူနိုင်သမျှတူအောင် ဒီဇိုင်း ရေးဆွဲထားတာပါ” ဟု ဒိုတန်က BBC သို့ ပြောကြားခဲ့သည်။

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။