PSLF တပ်ဖွဲ့ဝင်တချို့ကို တွေ့မြင်ရစဉ် (ဓာတ်ပုံ − PSLF ပြန်ကြားရေးဌာနဖေ့စ်ဘွတ်ခ်)
ဒေသခံပြည်သူများ လွတ်လပ်စွာမဲပေးနိုင်ရန် လက်ရှိ အချိန်မှ ရွေးကောက်ပွဲပြီးစီးသည် အထိ ခုခံကာကွယ်ခြင်းမှအပ ထိပ်တိုက်ထိတွေ့မှုများကို အတတ် နိုင်ဆုံးရှောင်ရှားကာ တိုက်ပွဲများ လျှော့ချသွားမည် ဖြစ်ကြောင်း ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး (PSLF/TNLA) က သဘောထားထုတ်ပြန်သည်။
PSLF/TNLA အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်မခံနိုင်သောကြောင့် ၂၀၁၅ ရွေးကောက်ပွဲကိုလည်း မထောက်ခံကြောင်း စက်တင်ဘာ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ၎င်းတို့စိုးမိုးထားရာတအာင်န်းဒေသအတွင်း ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပနိုင်ပြီး ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများကို ထောက်ခံခြင်း၊ နှောင့်ယှက်ဖျက်ဆီးခြင်း ပြုလုပ်မည် မဟုတ်ကြောင်း PSLF/TNLA က ဆိုသည်။ နိုင်ငံရေးပါတီများအနေဖြင့် လွတ်လပ် စွာဟောပြောစည်းရုံးခြင်း ပြု လုပ် နိုင်သော်လည်း ၎င်းတို့ဒေသအ တွင်းရှိ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ပဋိပက္ခဖြစ်ပွားစေမည့်ဟောပြော မှုနှင့် တအာင်န်း (ပလောင်) လူမျိုးများကို နှိမ့်ချသည့် ဟောပြောမှုမျိုးကို လက်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
တအာင်န်း (ပလောင်) အမျိုး သားပါတီဥက္ကဋ္ဌ ဦးအိုက်မုန်းက ၎င်းတို့ ဒေသတွင် တိုက်ပွဲနှင့် ထိတွေ့မှုများ ဖြစ်ပွားနေသော ကြောင့် စည်းရုံးရေးဆင်းရာတွင် ရှောင်တိမ်းသွားရခြင်းများရှိသော် လည်း နှောင့်ယှက်ဟန့်တားခြင်း မျိုးမရှိကြောင်း ပြောသည်။
‘‘တပ်မတော်ရော ဒီဘက်က ရော ဘာမှအနှောင့်အယှက်ဟန့် တားတာမျိုးတော့မရှိဘူး’’ဟု ၎င်းက ဆိုသည်။
PSLF/TNLA သည် အင် အား ၁,၅၀၀ ကျော်ရှိမည်ဟု ခန့် မှန်းထားပြီး အစိုးရနှင့် အပစ်အ ခတ်ရပ်စဲရေး ရယူထားခြင်းမရှိ သည့်အဖွဲ့ ဖြစ်သည်။ လက်ရှိအ ချိန်တွင်လည်း မြန်မာ့တပ်မတော် နှင့် PSLF/TNLA တို့ ကချင်နှင့် ရှမ်းပြည်နယ် (မြောက်)ဆက်စပ် ဒေသများတွင် တိုက်ပွဲများဖြစ်ပွား နေကြောင်း သတင်းရရှိသည်။
PSLF/TNLA သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်လည်း ဖြစ်သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA)ကို တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းအားလုံးပါဝင်မှ လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်းလည်း PSLF ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။