စစ်တကောင်းတောင်တန်းနယ်တွင် ဌာနေတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် ဘင်္ဂလာဒေ့ရှ် စစ်တပ် တိုက်ပွဲဖြစ်၊ UPDF တပ်ဖွဲ့ဝင် ၅ ဦးသေဆုံး

စစ်တကောင်း၊ သြဂုတ် ၁၆

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ရင်ဂါမာတီခရိုင် (ရခိုင်အခေါ် သက်ထောင်) တွင် ဘင်္ဂလာစစ်တပ်နှင့် ဌာနေတိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော United Peoples' Democratic Front (UPDF) တပ်ဖွဲ့တို့ အကြား ယမန်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲ အတွင်း UPDF တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ဘင်္ဂလာစစ်တပ် တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း ဘင်္ဂလာဒေ့ရှ် နိုင်ငံထုတ် သတင်းစာများတွင်ရေးသားဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားအပြီးတွင် ဘင်္ဂလာစစ်တပ်မှ လက်နက်မျိုးစုံ ၈ လက်နှင့် ကျဉ်ဆန် ၅၀၀ ကျော်ကို သိမ်းဆည်း ရမိကြောင်း ဘင်္ဂလာ စစ်တပ်က မီဒီယာများသို့ ထုတ်ဖော် ပြောကြားသည်။

တိုက်ပွဲမှာ သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရင်ဂါမာတီခရိုင် ဘာဂေဆောရီဒေသ ဘော်ရော် အာဒါမ် ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲမှာ တစ်နာရီခန့်ကြာမြင်ခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့် UPDF တပ်ဖွဲ့ဝင်များမှာ လူငယ်များ ဖြစ်ကြပြီး တာတိုမိုနီ (မြုံ) (၂၈) နှစ်၊ သက်အမျိုးသား ဂျာဆန်း (၂၅) နှစ်၊ ရူပါရန် သက်အမျိုးသား (၂၄) နှစ်၊ ကန်တီး - မာရမာ (၂၈ ) နှစ်နှင့် ဘာဘလူး သက်အမျိုးသား (၂၀) နှစ်တို့ ဖြစ်ကြသည်။

တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့် ဘင်္ဂလားစစ်သား လီယက်အာလီကို ရဟတ်ယာဉ်ဖြင့် ဒါကာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အရာရှိတစ်ဦးဖြစ်သူ Ali Haider Siddiqui က သတင်းထောက်များကို ပြောကြားသည်။

United Peoples' Democratic Front တပ်ဖွဲ့တွင် စစ်တကောင်း တောင်တန်းဒေသရှိ လူမျိုး ပေါင်းစုံဖြင့် ဖွဲ့စည်းထားသော လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ တစ်ခု ဖြစ်ပြီး ယင်းဒေသရှိ သက်လူမျိုးအပါအ၀င် အများစု လူမျိုးမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။

ယခင်က စစ်တကောင်းတောင်တန်းဒေသတွင် ၇၅ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သော်လည်း ယခုအခါ မြေပြန့်ဒေသမှ ဘင်္ဂလီများ အခြေချလာဖြင့် ဗုဒ္ဓဘာသာ အပါအ၀င် ဌာနေတိုင်းရင်းသားများမှာ လူနည်းစု အဖြစ်ကျရောက်သွားခဲ့ပြီ ဖြစ်သည်။ လက်ရှိအခြေအနေတွင် ၄၀ ရာခိုင်နှုန်းမှာ ဌာနေ တိုင်းရင်းသားများ ဖြစ်ကြပြီး ၆၀ ရာခိုင်နှုန်းမှာ ဘင်္ဂလီများ ဖြစ်ကြသည်ဟု သိရသည်။

UPDF သည် စစ်တကောင်းနယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။ (Photo- Star)

____နိရဉ္စရာ
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။