စစ်တကောင်းနယ်မှ ရခိုင်ကျေးရွာလူကြီးတစ်ဦး ပြန်ပေးဆွဲနှိပ်စက်ခံရ

ရန်ကုန်၊ သြဂုတ် ၁၆

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇား ( ဖလောင်းချိတ်) ခရိုင် ပန်းဝါမြို့နယ် အပိုင် ငရက်ကြီးကျေးရွာမှ ရပ်ရွာလူကြီး တစ်ဦးဖြစ်သူ ရခိုင်အမျိုးသား ဦးအောင်ကျော်ဇံအား ဒေသအတွင်းမှ လူဆိုးအဖွဲ့ တစ်ခုမှ ပြန်ပေးဆွဲကာ ညှဉ်းပမ်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဦးအောင်ကျော်ဇံအား သူပိုင် လယ်တဲတွင် အိပ်နေစဉ် လွန်ခဲ့သော အင်္ဂါနေ့ ညဥ့် ၁၂ နာရီခန့်တွင် ဘင်္ဂလီ လူဆိုး အုပ်စု တစ်ခုမှ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ပြီး တာကာငွေ ၅ သိန်းနှင့် လာရွေးရန် မိသားစုများထံသို့ အကြောင်းကြားခဲ့သည်ဟု နီးစပ်သူများက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ ငွေတောင်းခံစဉ် ညှဉ်းပမ်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး မိသားစုမှ ကြာသပတေးနေ့က ဘင်္ဂလာ တာကာ ခြောက်သောင်း (မြန်မာကျပ်ငွေ ၉ သိန်းခန့်) ပေးမှ ပြန်လည် လွတ်ပေးလိုက်သည်ဟု သိရသည်။
ယခုအခါ ဦးအောင်ကျော်ဇံမှာ ညှဉ်းပမ်းနှိပ်စက်ခံရ၍ အိပ်ရာမှ မထနိုင် ဖြစ်နေပြီး ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း ပြောကြားသည်။

၎င်းအပြင် ယင်းဒေသရှိ ရခိုင်လူမျိုးများအနေဖြင့် ဦးအောင်ကျော်ဇံကဲ့သို့ ပြန်ပေးဆွဲ နှိပ်စက်ခံရမည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။