ရန်ကုန်၊ သြဂုတ် ၁၇

၁၆.၈.၂၀၁၅ ရက်နေ့ ၀၉၅၀ အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ဗဟိုရုံရှိ ကျောက်မျက်ရောင်းဝယ်ရေးဆိုင်သို့ တရုတ်နိုင်ငံသား အမျိုးသား(၂)ဦးရောက်ရှိလာပြီး ကျောက်မျက်ရတနာ
များဝယ်ယူလိုကြောင်းပြောသဖြင့် ဆိုင်ဝန်ထမ်းများမှ ကျောက်မျက်ရတနာ
ပစ္စည်းများအား ထုတ်ပြခဲ့သော်လည်း မည်သည့်ပစ္စည်းမျှဝယ်ယူခြင်းမရှိဘဲ
ပြန်လည်ထွက်ခွာသွားစဉ် မသင်္ကာ၍ ပြသခဲ့သည့် ကျောက်မျက်ရတနာများ
အားစစ်ဆေးကြည့်ရာ ငွေကျပ်(၁၅၀၀၀၀၀)ခန့်တန်ဖိုးရှိ ကျောက်စိမ်းဆွဲပြား
(၁)ခုမှာ ပျောက်ဆုံးနေသည်ကိုတွေ့ရသောကြောင့် စုံစမ်းအရေးယူပေးပါရန်
တိုင်တန်းခဲ့၍ ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၂၃၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့်
အမှုဖွင့်ကာ စုံစမ်း ဖော်ထုတ်ခဲ့ပါသည်။
အမှုမှ တရုတ်အမျိုးသား(၂)ဦးအား ဖမ်းဆီးရမိရေးအတွက် ပန်းဘဲတန်းမြို့မ
ရဲစခန်းမှတပ်ဖွဲ့ဝင်များက မင်္ဂလာဒုံလေဆိပ်ရှိ အမှတ်(၁)လေကြောင်း
ရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)မှ တပ်ဖွဲ့ဝင်များ၊ လေဆိပ်နယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်
များနှင့်ပူးပေါင်း၍ သတင်းစုံစမ်းရှာဖွေခဲ့ရာ ၎င်းတို့(၂)ဦးကို ယင်းနေ့ ၁၂၀၀
အချိန်ခန့်တွင် မင်္ဂလာဒုံလေဆိပ်ပြည်ပထွက်ခွာစစ်ဆေးရေးဂိတ်၌တွေ့ရှိခဲ့
ပါသည်။
၎င်းတို့အား စစ်ဆေးရှာဖွေရာ တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်နေ Mr.Liu Jian Yue ၊ (၄၇)နှစ် နှင့် Mr.Yang Jian Zhang ၊ (၅၁)နှစ်တို့ဖြစ်ကြောင်းသိရှိရပြီး Mr.Liu Jain Yue ၏လည်ပင်း၌ အမှုမှ ပျောက်ဆုံးသွားသည့် ကျောက်စိမ်း
ဆွဲပြားအား ၀တ်ဆင်လျက်တွေ့ရှိခဲ့ပါသည်။
ယင်းသို့ ပြစ်မှုကျူးလွန်သူ တရုတ်နိုင်ငံသား(၂)ဦးအား အမှုဖြင့်ဆက်လက်
အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
____Yangon Police

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။