ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ [SNSP]

၁။ ပါတီဥက္ကဋ္ဌအမည် - ဦးအောင်ခင်
၂။ ပါတီဝင်အရေအတွက် - ၃,၅၀၀ ကျော်
၃။ ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် - ကချင်ပြည်နယ်တွင်မြို့နယ် ရှစ်မြို့နယ်နှင့် စစ်ကိုင်းတိုင်းတွင် လေးမြို့နယ် စုစုပေါင်း  ၁၂ မြို့နယ် ၀င်ရောက် ယှဉ်ပြိုင်မည်။
၎။ ဆောင်ပုဒ် - မရှိ။
၅။ ပါတီမူဝါဒ - စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်လာရန် တိုင်းရင်းသားသွေးစည်းညီညွတ်ရေးနှင့် ပြည်သူလူထုအကျိုးကို ဆောင်ရွက်သွားမည်။
၆။ ကိုယ်စားလှယ်လောင်းသတ်မှတ်ချက် - ကိုယ်စားလှယ်လောင်းများအနေနှင့် ပါတီမှချမှတ်ထားသော စည်းလုံးညီညွတ်ရေးမူဝါဒကို လက်ခံနိုင်သူဖြစ်ရမည်။ တိုင်းလိုင်ဒေသခံများမှရွေးချယ်သော လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ရမည်။ ဒေသခံများအတွက် ထဲထဲဝင်ဝင် လုပ်ဆောင်နိုင်သည့် ကိုယ်စားလှယ်လောင်းဖြစ်ရမည်။
၇။ ပါတီရန်ပုံငွေ - ရှမ်းနီအမျိုးသား အဖွဲ့အစည်းများ၏ ထောက်ပံ့ရန်ပုံငွေဖြင့်လည်းကောင်း၊ ပါတီတည်ထောင်သူများ၏ ကိုယ်ပိုင်ငွေဖြင့်လည်းကောင်း လှည့်ပတ်သုံးစွဲနေခြင်းဖြစ်သည်။
၈။ ပါတီနောက်ခံသမိုင်းကြောင်း - ၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့သည့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတွင် သဘောထားကွဲလွဲမှုများရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပါတီအသစ်တည်ထောင်ရန် ပြန်လည်လျှောက်ထားခဲ့သည်။ ၂၀၁၅ ခုနှစ် မေလတွင် ပါတီအသစ်မှတ်ပုံတင် ရရှိခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဖို့ ဘယ်လိုစွမ်းဆောင်နိုင်ပါမလဲ။
အများပြည်သူလက်ခံထားတဲ့ အခြေခံဥပဒေမျိုးမဟုတ်တဲ့အတွက် ကြောင့် အခြေခံဥပဒေပြင်ဆင်ဖို့ ကျွန်တော်တို့ပါတီအနေနဲ့ ကြိုးစား သွားမယ်။ သက်ဆိုင်ရာပါတီအဖွဲ့အစည်းအသီးသီး ပူးပေါင်းပြီး စစ်မှန် တဲ့ဥပဒေတစ်ရပ် ရရှိအောင်လုပ်ဆောင်သွားမယ်။ ပြင်ဆင်ရမယ့် ပုဒ်မ တွေအားလုံးကို ပြင်ဆင်နိုင်အောင် ပူးပေါင်းဆောင်ရွက်သွားမယ်။ ပြည် သူလူထုအတွက် အကျိုးရှိတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်အောင် ပညာ ရှင်ပေါင်းစုံနဲ့ ဆွေးနွေးမယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ဘယ် လောက်ထိ ကူညီနိုင်မယ်ယုံကြည်ပါသလဲ။
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ဖို့အတွက် ကျွန်တော်တို့ရည်ရွယ်ချက် ရှိပြီးသားပါ။ လက်ရှိလည်းလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ပါတီက အခြေခံပြုပြီးမှ တည်ထောင်ထားတဲ့နယ်မြေတွေက ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက ရှမ်းမျိုးနွယ်စုတွေအတွက် တည်ထောင် ထားတော့ စစ်ဖြစ်ရာဒေသတွေမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် တစ်ဖက် တစ်လမ်းက လုပ်ဆောင်ပေးသွားမယ်။ ဒီလိုပဲ ကျန်တဲ့မျိုးနွယ်စုတွေအ နေနဲ့လည်း ပြည်တွင်းစစ်ကို ကာလတစ်လျှောက်လုံး ခံစားခဲ့ရတာပါပဲ။ ကျွန်တော်တို့ပါတီအနေနဲ့ UNA နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ထားပါ တယ်။
ပြည်သူတွေရဲ့ ၀င်ငွေထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားလား။
လွှတ်တော်ထဲရောက်ရင် ပြည်သူတွေ ၀င်ငွေ/ထွက်ငွေမျှအောင်လို့ စီမံခန့်ခွဲတဲ့အဖွဲ့တွေဖွဲ့မယ်။ နောက်ပြီး တိုင်းပြည်အုပ်ချုပ်ရေးပိုင်းက လည်း ၀င်ငွေ/ထွက်ငွေမျှတအောင် အခြေခံအားဖြင့် ပြောင်းလဲပေးဖို့ လိုအပ်တယ်။ အဓိကက ကုန်ဈေးနှုန်းပါပဲ။ ကုန်ဈေးနှုန်းတက်လို့ ပြည် သူတွေရဲ့ ၀င်ငွေနဲ့ထွက်ငွေ မမျှတတာပါပဲ။ ကုန်ဈေးနှုန်းတွေကျဆင်း အောင်လည်း လုပ်ဆောင်သွားရမယ်။ ကျွန်တော်တို့တိုင်းပြည်မှာက အ ခြေခံလူတန်းစားတွေက ရာခိုင်နှုန်းအများဆုံးပဲလေ။ ဆင်းရဲသားလူတန်း စားတွေ ပပျောက်အောင်လုပ်ပေးမယ်ဆိုတဲ့ အစိုးရရဲ့ စကားကလည်း လက်တွေ့မှာဘာမှဖြစ်မလာဘူး။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျွန်တော်တို့လို တိုင်းရင်းသားတွေနေထိုင်တဲ့ ပြည်နယ်ဒေသတွေမှာ ပိုတောင်ဆိုးသေးတယ်။
ပြည်သူတွေက ရှမ်းနီပါတီကို ဘာကြောင့်မဲပေးပေးသင့်လဲ။
ကျွန်တော်တို့က တိုင်းရင်းသားပါတီဖြစ်တဲ့အတွက် တိုင်းရင်းသား တွေရဲ့အရေးကို ပထမဦးဆုံးအရေးပေးလုပ်ဆောင်သွားမယ်။ ဒါ ကြောင့် တိုင်းရင်းသားတွေအနေနဲ့ မဲပေးသင့်တယ်လို့ထင်ပါတယ်။ လက်ရှိမှာလည်း တိုင်းရင်းသားတွေနဲ့ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို လိုက်လံဆောင်ရွက်နေပါတယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုလူမျိုးကိုရွေးချယ်မလဲ။
မြန်မာတစ်နိုင်ငံလုံးရဲ့အကျိုးကို ရှေးရှုသူဖြစ်ရမယ်။ ရှမ်းပြည်နယ် အပါအ၀င် တိုင်းနဲ့ပြည်နယ်အသီးသီးကို ရိုးသားဖြောင့်မတ်စွာ အုပ်ချုပ် သူဖြစ်ရမယ်။ တိုင်းပြည်အပေါ်လည်း သစ္စာရှိရမယ်။ ဒ်ီမိုကရေစီနည်း လမ်းကျကျ အကောင်အထည်ဖော်နိုင်သူဖြစ်ရမယ်။
ပါတီဥက္ကဋ္ဌ၏ အသက်-(၅၉) နှစ်
ပညာအရည်အချင်း-ဥပဒေဘွဲ့ (B.A  Law)
နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံ-၂၀၁၂ ခုနှစ်တွင် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ စတင်တည်ထောင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ယင်းပါတီမှ နုတ်ထွက်ခဲ့ပြီး ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ ဦးဆောင်တည်ထောင်ခဲ့သူများတွင် ပါဝင်ခဲ့သည်။
လက်ရှိအလုပ်အကိုင်-နိုင်ငံရေး။
စံပြပုဂ္ဂိုလ်-ဗိုလ်ချုပ်အောင်ဆန်း။
ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်-အမှတ်(ဓ-၁/၇၀-ခ)၊ ကံ့ကော် လမ်း၊ ၄၀×၄၁ နှင့် ၆၇ × ၆၈ လမ်းကြား၊ မဟာမြိုင်(၁)ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။ ဖုန်း ၀၉-၂၀၁၆၉၁၆
http://7daydaily.com/election-2015
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။