ကရင်ပြည်သူ့ပါတီ

၁။ ဥက္ကဋ္ဌ - ဦးစောထွန်းအောင်မြင့်
၂။ ပါတီဝင်အရေအတွက် - တစ်သိန်းနှစ်သောင်း
၃။ မဲဆန္ဒနယ် - တိုင်း လေးခုနှင့် ပြည်နယ် နှစ်ခု။ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်။
၎။ ပါတီမူဝါဒ - ပါတီသည် ကရင်အမျိုးသားရေးကို ဦးစားပေး (၁) အဖြစ် လုပ်ဆောင်ပြီး တိုင်းရင်းသားလုပ်သားပြည်သူအားလုံး၏ အကျိုးကို ကျယ်ကျယ်ဝင့်ဝင့် လုပ်ဆောင်မည်။
၅။ဆောင်ပုဒ် - KPP (ကရင်ပြည်သူ့ပါတီ) ဖားစည်တီးပြည်ကြီးသာရမည်။
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှု သတ်မှတ်ချက် - အရည်အချင်းရှိရမည်။ စိတ်ဓာတ်၊ အကျင့်စာရိတ္တကောင်းရမည်။ အများအကျိုးကို စွန့်စားလုပ်ဆောင်နိုင်သူ ဖြစ်ရမည်။ လူမျိုး၊ ဘာသာမခွဲခြားပေ။
၇။ ပါတီရန်ပုံငွေ - စာအုပ်ရောင်းခြင်း၊ တိုက်ခန်းငှားခြင်းများဖြင့် လည်ပတ်နေ။ ရွေးကောက်ပွဲမဲဆွယ်ကာလတွင် စပွန်ဆာပေးမည့်ကုမ္ပဏီများရှိလာပါက မူဘောင်နှင့် အညီ လက်ခံသွားမည်။
၈။ ပါတီနောက်ခံသမိုင်း - ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်ခဲ့။ ကရင်တိုင်းရင်းသားများအား စောင့်ရှောက်နိုင်ရန်၊ တိုင်းပြည်အတွက် ကောင်းမွန်သည့်အလုပ်များလုပ်ပေးရန် ရည်ရွယ်၍ ပါတီတည်ထောင်ခဲ့။ နည်းနည်းနှင့် ကျဲကျဲလုပ်ဆောင်ပြီး လုပ်နိုင်သမျှတိုးလုပ်သွားရန် ရည်ရွယ်ထား။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုဆောင်ရွက် နိုင်မလဲ။
 ဥပဒေတစ်ခုပြင်ဆင်ဖို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အဲဒီလွှတ်တော် နှစ်ရပ်ထဲရောက်ဖို့ လိုတယ်။ ဒီရွေးကောက်ပွဲမှာတော့ အဲဒီလွှတ်တော်ထဲများများရောက်ဖို့ ရည်မှန်းတယ်။ လွှတ်တော်ထဲမှာ အခြေခံဥပဒေကို ဘယ်အတိုင်းအတာထိ ပြင်မလဲဆိုတာ အခြေအနေ ပေါ်မှာ မူတည်တာပဲ။ တိုင်းပြည်မအေးချမ်းသမျှကာလပတ်လုံး တပ်မ တော်က ၂၅ ရာခိုင်နှုန်းလျှော့မှာ မဟုတ်ဘူး။ မလျှော့ရင် ဘယ်သွားပြင် မလဲ။ ဒါကြောင့် တစ်အချက်က တိုင်းပြည်အေးချမ်းအောင်လုပ်ရမယ်။ တိုင်းပြည်အပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသားတွေအားလုံး လွှတ်တော် ထဲပါလာတော့မှ ကျွန်တော်တို့က ဒီမှာတွေ့လား လက်နက်ကိုင်လည်း မရှိတော့ဘူး။ တိုက်ခိုက်စရာလည်း မရှိတော့ဘူး။ ၂၅ ရာခိုင်နှုန်းကနေ  လျှော့။ အဲဒီအချိန်ကျမှ သူတို့လည်း နားလည်စွာနဲ့ တဖြည်းဖြည်းချင်း လျှော့သွားမှာပေါ့နော်။ အဲဒီအချိန်ကျရင် ဖွဲ့စည်းပုံအခြေခံဥပဒေက ပို ပြင်လို့ကောင်းတာပေါ့။ အားလုံးက နားလည်တယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အခြေအနေ အချိန်အခါအရ မကိုက်ညီတာတွေ လျှော့ရမယ်။ ပြင်ရမယ်ဆိုတာ သိနေတယ်။ ဘယ်လိုပြင်ရမလဲဆိုတဲ့ နည်းလမ်းက လို လာပြီ။ နည်းလမ်းကို ဘယ်လိုနည်းနဲ့ ဘယ်လိုပေါ်အောင် ၀ိုင်းလုပ်ကြ မလဲဆိုတာ စဉ်းစားရတော့မယ်လေ။ ဒီလိုမစဉ်းစားနိုင်တော့ ပြင်နိုင်မှာ မဟုတ်ဘူး။ အဓိကကျတဲ့ လုပ်ငန်းကတော့ တိုင်းပြည်ကြီးအေးချမ်း အောင်လုပ်ရမှာပဲ။ အရေးကြီးတာ လွှတ်တော်ထဲမှာ လူကောင်းတွေ ရောက်သွားဖို့ပဲ။ တကယ်ပြင်ချင်၊ပြောင်းချင်တဲ့သူတွေ များများပါဖို့လည်းလိုတယ်။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လောက်အထိပါဝင်ပံ့ပိုးပေးနိုင်မယ်လို့ မျှော်မှန်းပါလဲ။
တိုင်းဒေသကြီးလွှတ်တော်မှာ အများကြီးလုပ်ခဲ့ပြီ။ ကိုယ့်ဘာသာ ကိုယ်လုပ်တာကိုလည်း ကျေနပ်တယ်။ ဘာလို့ကျေနပ်တာလဲဆိုတော့ တိုင်းပြည်တာဝန်ကို ၄၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တယ်။ အဲဒီက  နေရတဲ့အတွေ့အကြုံက အများကြီးရှိခဲ့တယ်။ အဲဒီအပေါ်မူတည်ပြီး နိုင်ငံတော်ကြီးက အဓိကဘာလိုလဲ။ အဓိကလိုတာက ငြိမ်းချမ်းရေးပဲ။ ငြိမ်း ချမ်းရေးအတွက် ၀ိုင်းလုပ်ရမယ်ဆိုတာမြင်ပြီး တိုင်းရင်းသားအပိုင်းမှာ တာဝန်ကျေစွာ လုပ်ခဲ့ပြီးပြီ။ အများကြီးလည်း ရှေ့ဆောင်ခဲ့ပြီးပြီ။ တကယ်လို့ လွှတ်တော်ထဲရောက်ရင် ယခင်ကထက်ပိုလုပ်နိုင်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပဲ။ ဘာလို့လဲဆိုတော့ လွှတ်တော်ထဲရောက်သွားရင် များ များပြောဆိုနိုင်တဲ့သဘောရှိသွားမှာပေါ့နော်။ ဒါကြောင့် ပိုပြီးလုပ်နိုင်မယ်ဆိုတာ ယုံကြည်မှုအပြည့်ပါ။
ပြည်သူတွေရဲ့ အဓိကပြဿနာဖြစ်တဲ့ ၀င်ငွေ၊ ထွက်ငွေမျှတအောင် ဘယ်လိုကူညီပေးဖို့ စဉ်းစားထားလဲ။
ပြည်သူတွေဝင်ငွေ၊ ထွက်ငွေမျှတအောင်လုပ်ဖို့က ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာဖို့ အရေးကြီးတယ်။ ရင်းနှီးမြှုပ်နှံမှုဆိုတာလည်း တိုင်းပြည်မငြိမ်သက်သရွေ့ဝင်လာမှာ မဟုတ်ဘူး။ ငြိမ်သက်မှုရှိအောင်၊ ငြိမ်းချမ်းမှုရှိ အောင် အရင်လုပ်ရမှာပဲ။ စာတွေ့မဟုတ်ဘဲ လက်တွေ့လိုအပ်တယ်။ အခုက လုပ်တယ်။ ဒါပေမဲ့ လုပ်နိုင်မှုအင်အားကနည်းသေးတယ်။ နောက်လာမယ့် ရွေးကောက်ပွဲကတော့ ပိုပြီးထင်သာ၊ မြင်သာနဲ့ လုပ်နိုင်လိမ့် မယ်လို့ ယူဆတယ်။ အားလုံးစည်းစည်းလုံးလုံးနဲ့ လုပ်ရင်တော့ ပိုမြန် မယ်။ အားလုံးညီရင်တော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်တာမြန်မှာပဲ။
ပြည်သူတွေက ကရင်ပြည်သူ့ပါတီကို ဘာကြောင့်မဲပေးသင့်သလဲ။
ကရင်တိုင်းရင်းသားနဲ့ ပြည်သူတွေရဲ့ အကျိုးအတွက် မားမားမတ် မတ်ရပ်တည်မယ့် ပါတီဖြစ်ပါတယ်။ ဒီမိုကရေစီအကူးအပြောင်းမှာ တတ်နိုင်တဲ့ဘက်က အကောင်းဆုံးပါဝင်မှာဖြစ်လို့ အားပေးကြပါ။ မဲပေးကြ ပါလို့ ပြောချင်ပါတယ်။
သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။ ဘယ်လိုမူဝါဒတွေရှိသလဲ။
 အခုတစ်ပြေးနေတဲ့ ပုဂ္ဂိုလ်တွေအားလုံးအရည်အချင်းရှိကြပါတယ်။ ဘာမှငြင်းစရာမရှိပါဘူး။ တစ်ခုပဲရှိတာက အတွေ့အကြုံတစ်ရပ်က တော်တော်တန်ဖိုးရှိတယ်။ သမ္မတဦးသိန်းစိန်အတွက်က ပထမသက် တမ်းက အတွေ့အကြုံရှိသွားပြီ။ ဒုတိယသက်တမ်းဆိုရင် ပိုပြီးလုပ်နိုင် မယ်ထင်ပါတယ်။ ကျန်တဲ့သူက မတော်ဘူးမဟုတ်ဘူး တော်တယ်။ ဒါပေမဲ့ အစကပြန်စရမယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်က ငါးနှစ်နောက်ကျသွားမယ့် သဘောမှာတော့ရှိတယ်။
ဥက္ကဋ္ဌအသက် - (၇၃) နှစ်
ပညာအရည်အချင်း - B.A (DSA), MNI (UK), Master Marina (FG), IRCO (USA), IRWO (USA), ICOC (USA), ITOC (USA)၊ စီမံထူးချွန် (ပထမအဆင့်)
နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံ - မရှိ
လက်ရှိအလုပ်အကိုင် - ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေး ရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ။
စံပြပုဂ္ဂိုလ် - မျှမျှတတတွေးခေါ်နိုင်သူများ၊ များစွာရှိ။
ဖုန်း - ၀၁-၆၁၁၆၁၂  
http://7daydaily.com/election-2015
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။