၁။ ပါတီဥက္ကဋ္ဌ- ဦးသိန်းကြည်
၂။ ပါတီဝင်အရေအတွက်- နှစ်သောင်းကျော်
၃။ ပါတီဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်- အနည်းဆုံး ငါးနေရာ
၎။ ပါတီဆောင်ပုဒ် - ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ပြည်သူ့ဘ၀တိုးတက်ပြောင်းလဲရေး
၅။ ပါတီမူဝါဒ - ဒီမိုကရေစီရင့်ကျက်ခိုင်မာရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေး၊ တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအလို့ငှာ အမြော်အမြင်ရှိရှိ ရေရှည်ဆောင်ရွက်သွားမည်။
၆။ ကိုယ်စားလှယ်လောင်းသတ်မှတ်ချက် - လူငယ်မျိုးဆက်သစ်များကို ဦးစားပေးရွေးချယ်မည်။
၇။ ပါတီရန်ပုံငွေ- ပါတီဝင်ရောက်ယှဉ်ပြိုင်မည့်သူများနှင့် ပါတီဝင်များထံမှ ပူးပေါင်း၍ ရန်ပုံငွေရှာဖွေမည်။ ဥပဒေနှင့်အညီ ဥပဒေက ခွင့်ပြုထားသည့်အတိုင်း ရန်ပုံငွေရှာဖွေမည်။
၈။ ပါတီနောက်ခံသမိုင်းကြောင်း - ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲနေရာ ၁၃ နေရာဝင်ပြိုင်ခဲ့ကာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် နှစ်နေရာဝင်ပြိုင်ခဲ့သည်။ နှစ်ကြိမ်စလုံးရှုံးနိမ့်ခဲ့သည်။
ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ရေးကို ဘယ်လိုစွမ်း ဆောင်နိုင်ပါမလဲ။
ပြည်သူ့အတွက် အကျိုးရှိတာကို ပြင်သွားရမယ်။ အခုလည်း ပြင် ဆင်မှုတွေ လုပ်နေကြတာပဲ။ ဒါပေမဲ့ ပြင်ဆင်ချက်တွေက ပြည်သူလူထုအကျိုးအတွက် တိုက်ရိုက်ပတ်သက်မှုနည်းတယ်။ ဘယ်အချက်တွေ ကတော့ ပြည်သူလူထုနဲ့ တိုက်ရိုက်အကျိုးရှိနိုင်မလဲဆိုတာ ကြည့်ပြီး ပြင် ဆင်သင့်တာတွေကို ပြင်သွားမယ်။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ဘယ်လောက်အထိ ကူညီနိုင်မယ် ယုံကြည်ပါသလဲ။
အခုလည်း ငြိမ်းချမ်းရေးကိစ္စကို အစိုးရက ဦးဆောင်ပြီးလုပ်နေ တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော့်နေရာကနေ ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ ငြိမ်းချမ်းရေးဖြစ်စဉ်က အရမ်းအရေးကြီးတယ်။ နှစ်ပေါင်း ၆၀ ကြာရှိခဲ့တဲ့ ပြဿနာက ချက်ချင်းပြီးသွားမှာတော့ မဟုတ် ဘူး။ အခုအချိန်ထိတော့ အားနည်းချက်တွေရှိနေသေးတာပေါ့။ ဒါပေမဲ့ အဆင့်တစ်ဆင့်တော့ ရောက်နေပြီ။ အားလုံးလက်မှတ်ထိုးနိုင်တော့မယ့် အဆင့်ရောက်လာတာကိုတော့ ကြိုဆိုတယ်။ အဲဒီကတစ်ဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေဆီသွားမယ်။ ဒီအစိုးရလက်ထက်မှာ မပြီးပြတ်ရင်တောင် နောက်တက်လာမယ့် အစိုးရလက်ထက်မှာ ပြီးပြတ်သွားနိုင်မယ်လို့ ထင်တယ်။

ပြည်သူလူထုရဲ့ ၀င်ငွေထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားလား။
ရိုးရိုးပြောရရင် အစိုးရနဲ့ ပေါင်းပြီး စီးပွားရှာသူတွေ ကြီးပွားမူက ကွာဟချက်အရမ်းများတယ်။ ဗိုလ်ချုပ်အောင်ဆန်းကတိုင်းပြည်လွတ်လပ်ရေးရအောင်လုပ်ခဲ့တယ်။ ဦးနေ၀င်းက စစ်တပ်ကြီးပွားအောင် လုပ်ခဲ့တယ်။ အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးကျတော့ ခရိုနီတွေမွေးပြီး တိုင်းပြည် စီးပွားရေးဖြေရှင်းဖို့ လုပ်ခဲ့တယ်။ ဒီလိုနဲ့ ခရိုနီတွေဖြည်းဖြည်းချင်းများလာ တယ်။ ဒါပေမဲ့ သူတို့လက်ထဲမှာ ပိုက်ဆံကိုင်ထားလို့မရဘူး။ သူတို့အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီးဖန်တီးပေးလာနိုင်အောင် အစိုးရက ကြိုးစားသွားရမယ်။ အရပ်ဘက်အဖွဲ့တွေကလည်း ကြိုးစားရမယ်။ ၀င်ငွေထွက်ငွေကွာဟမှုနည်းအောင်အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာအောင်ထပ်ပြီး လုပ်ကြရမယ်။

ပြည်သူတွေက အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီကို ဘာကြောင့်မဲပေးသင့်သလဲ။
မဲပေးဖို့ အနိုင်ရဖို့ထက် ရွေးကောက်ပွဲဖြစ်ဖို့က ပိုအရေးပါတယ်။ ဒါပထမအချက်၊ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲယှဉ်ပြိုင်သူကို အရင်ကြည့်ပါ။ ပါတီကို မကြည့်ပါနဲ့။ အရည်အသွေးမြင့်ပြီး ဆင်ခြင်တုံတရားရှိဖို့ အရေးကြီးတယ်။ ပါတီကိုယ်စားပြုလူပုဂ္ဂိုလ်က ပါတီမှာ ကောင်းသူရှိသလို မကောင်းသူလည်းရှိတယ်။ ပါတီထက်ပြည်သူလူထုအတွက် ကောင်းမွန်စွာ အလုပ်အကျွေးပြုနိုင်မယ့်သူကို ရွေးပါ။ ကောင်းတဲ့သူကို ရွေးရင် ကောင်းတဲ့အစိုးရဖြစ်လာမယ်။
သမ္မတလောင်း ရွေးချယ်ခွင့်ရှိရင် ဘယ်လိုလူမျိုးကို ရွေးချယ်မလဲ။
သမ္မတလောင်းရွေးချယ်မှုကတော့ အခြေခံဥပဒေမှာလည်း ပါပြီး သားပေါ့။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်က ရွေးချယ်အဆိုတင်သွင်းသူတစ်ဦးစီတော့ ဖြစ်လာမှာပဲ။ ကျွန်တော့်အနေ နဲ့ကတော့ အရည်အချင်း အရည်အသွေးရှိသူကို မဲပေးဖြစ်မယ်။

ပါတီဥက္ကဋ္ဌ အသက်- (၆၄) နှစ်
ပညာအရည်အချင်း- ဥပဒေဘွဲ့
နိုင်ငံရေးဖြတ်သန်းမှု - ၈၈ မတိုင်မီက လူမှုရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခဲ့ပြီး ၈၈ အရေးအခင်းကာလမှစ၍ နိုင်ငံရေးလှုပ်ရှားမှုအတွင်းပါဝင်ခဲ့။
အလုပ်အကိုင်- တရားလွှတ်တော်ရှေ့နေ။
စံပြပုဂ္ဂိုလ်- ပြည်ပမှ လီကွမ်ယု၊ ပြည်တွင်း၌ သမ္မတ ဦးသိန်းစိန်။
ဆက်သွယ်ရန် ဖုန်းနံပါတ်- ၀၉ - ၅၃၃၃၁၅၆။
http://7daydaily.com/election-2015
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။