အဖြေကောင်းလို့ သရဖူ ထိုက်ထိုက်တန်တန်ရသွားတဲ့ Miss Myanmar International ဆုရှင် အမရာငြိမ်း

ဓာတ်ပုံ−နစ်ကီ
 Miss Myanmar International သရဖူဆုကြီးကို ရရှိနိုင်မည့် အဆုံးအဖြတ်ဖြစ် သော ပြိုင်ပွဲ၏နောက်ဆုံးအဆင့် တွင်ဖြေဆိုခဲ့ရသည့် ဉာဏ်စမ်း မေးခွန်း၏အဖြေမှာ မိမိကိုယ်တိုင် က နိုင်ငံရေးကို စိတ်ဝင်စားသူဖြစ် ၍ အလွယ်တကူဖြေဆိုနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သရဖူဆုရှင် အမရာ ငြိမ်းကပြောသည်။
‘‘ညီမတို့အားလုံးက ဖိုင်နယ် မှာ ခရီးသွားနဲ့ဆိုင်တဲ့မေးခွန်းမေး မယ်လို့ပဲ မျှော်လင့်ထားကြတာ။ ခရီးသွားနဲ့ပတ်သက်ရင် ညီမက အရမ်းအားနည်းပါတယ်။ အခု ပြိုင်ပွဲပြိုင်တော့မယ့်အချိန်မှ ခရီး သွားနဲ့ပတ်သက်ပြီး အများကြီး လေ့လာခဲ့တာ။ ဒါပေမဲ့ နိုင်ငံရေး ကျတော့မတူဘူး။ အမေရော၊ အဖေရောက နိုင်ငံရေးအရမ်း စိတ်ဝင်စားတယ်။ ညီမကိုယ်တိုင် လည်း ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးကို စိတ်ဝင်စားတဲ့အထဲ မှာပါတယ်’’ဟု ၎င်းကပြောသည်။
Miss Myanmar Interna-tional 2015 ပြိုင်ပွဲ၏ နောက်ဆုံး ဆန်ခါတင်   သုံးဦးအဆင့်တွင် ‘‘နိုဝင်ဘာ ၈ ရက်နေ့မှာ ရွေး ကောက်ပွဲကျင်းပပြိး အစိုးရသစ် တစ်ရပ်ပေါ်ထွက်လာပါတော့ မယ်။ ယခုထက်ပိုပြီး သာယာဝ ပြောတဲ့ နိုင်ငံတော်တည်ဆောက် ဖို့ ဘာတွေလိုအပ်ပါသလဲ’’ဟု မေးခွန်းမေးခဲ့ခြင်းဖြစ်သည်။ ယင်းမေးခွန်းတစ်ခုတည်းကို နောက်ဆုံးဆန်ခါတင်အဆင့်သို့ ရောက်ရှိလာသည့် အလှမယ်များ က ဖြေဆိုခဲ့ရခြင်းဖြစ်ပြီး အမရာ ငြိမ်းက အောက်ပါအတိုင်းဖြေဆို ခဲ့သည်။
‘‘အဓိကလိုအပ်တယ်လို့ ထင်တဲ့ အချက်ငါးချက်ရှိပါတယ်။ တစ်အချက်ကတော့ ငြိမ်းချမ်းရေး ပါ။ ပြည်တွင်းစစ်တွေရပ်ဖို့လိုပါ တယ်။  မငြိမ်းချမ်းတဲ့တိုင်းပြည် ဘယ်လိုမှ မတိုးတက်နိုင်ပါဘူး။ နံပါတ်နှစ်ကတော့ တရားဥပဒေ စိုးမိုးရေးပါ။ ဥပဒေအထက်မှာ ဘယ်သူမှမရှိဖို့လိုပါတယ်။ တတိယအချက်ကတော့ ပညာ ရေးစနစ်ကိုမြှင့်တင်ဖို့ပါ။ ပညာ ရေးစနစ်ကောင်းမှ တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင် ကောင်းတွေပေါ်ထွက်လာမှာဖြစ် ပါတယ်။ စတုတ္ထအချက်ကတော့ လူထုရဲ့ကျန်းမာရေးအဆင့် အတန်းမြှင့်တင်ဖို့ပဲဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ တိုင်းသူပြည်သားတွေအကုန်လုံး ကလည်း စည်းကမ်းလိုက်နာဖို့ အရေးကြီးပါတယ်။ နောက်ပြီး တော့ နိုင်ငံသားတစ်ယောက် အနေနဲ့ အရေးကြီးဆုံးကျန်တဲ့ တစ်ချက်ရှိပါတယ်။ အဲဒါက တော့ တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ သယံဇာတတွေ လူ့အရင်းအမြစ် အကုန်လုံးကို စနစ်တကျစီမံခန့်ခွဲ ပေးနိုင်တဲ့ ပညာတတ်ထက်မြက် တဲ့ ကြည်ညိုလေးစားဖို့ကောင်းတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို မဲပေးရွေးချယ်ပေးနိုင်ဖို့ပါ’’ဟု ပြန်လည်ဖြေဆိုခဲ့သည်။
အမရာငြိမ်း၏အဖြေကို လာ ရောက်ကြည့်ရှုသည့်ပရိသတ်များ လက်ခုပ်များအဆက်မပြတ်တီး၍အားပေးခဲ့ကြပြီး ပြိုင်ပွဲပြီးချိန်တွင်လူမှုကွန်ရက်စာမျက်နှာ၌ ယင်းကဲ့သို့ဖြေဆိုမှုအပေါ် ချီးကျူးရေး သားခဲ့ကြသည်များရှိသည့်နည်း တူ ဝေဖန်မှုများလည်းရှိခဲ့သည်။
‘‘အခုဆို     သူများတွေက အရမ်းပြောကြတယ်။   မေးခွန်း ပေါက်တယ်တို့၊  ဘာတို့ပြောကြ တယ်။ ဒါပေမဲ့ အရိုးသားဆုံးပြော ရရင် ဒီအကြောင်းအရာက မေး ခွန်းဖြေမယ်ဆိုမှ စဉ်းစားထားတဲ့ အကြောင်းအရာတစ်ခုမဟုတ်ပါ ဘူး။ အိမ်မှာလည်း အမြဲပြောဖြစ် နေတဲ့အကြောင်းအရာတစ်ခုဖြစ် နေတဲ့အတွက် အလွယ်တကူပဲ ပြောလိုက်နိုင်တာပါ’’ဟု အမရာ ငြိမ်းကပြောသည်။ ယင်းပြိုင်ပွဲ တွင် အမရာငြိမ်းသည် ပရိသတ် အကြိုက်ဆုံးအလှမယ်ဆုကို ရရှိ ခဲ့ပြီး 1st Runner Up ဆုကို သဒ္ဒါ မာရီယာ၊ 2nd Runner Up ဆုကို ခေါင်နန်းတို့က ရရှိခဲ့ကြသည်။ ယင်းပြိုင်ပွဲကို ၂၀၁၂ တွင် ပထမ ဆုံးအကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၁၂ တွင် နန်းခင်ဇေယျာ၊ ၂၀၁၃ တွင် ဂုဏ်ရည်အေးကျော်၊ ၂၀၁၄ တွင် မေဘရဏီသော်တို့က မြန်မာ နိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် နိုင်ငံတကာပြိုင်ပွဲများတွင် သွား ရောက်ယှဉ်ပြိုင်ခဲ့သည်။ Miss Myanmar International 2015 ဆုရှင် အမရာငြိမ်းသည် လာမည့် နိုဝင်ဘာအတွင်း၌ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်မည့် Miss International 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် အနေဖြင့် သွားရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။