၂၀၁၅ အမ်တီဗီ တေးဂီတဗီဒီယိုဆုတွေ သိမ်းကျုံးဆွတ်ခူးသွားတဲ့ တေလာဆွစ်ဖ်

 အမေရိကန် နိုင်ငံ  လော့စ်အန်ဂျလိစ်မြို့၌ သြဂုတ် ၃၀ ရက်ညက ကျင်းပခဲ့ သော ၂၀၁၅ အမ်တီဗီတေးဂီတဗီဒီယိုဆုပေးပွဲတွင် ထူးခြားသောဖျော်ဖြေတင်ဆက်မှုများနှင့် အမှတ်တရကာလများပြည့်နှက် ခဲ့သည်။
၂၀၁၅ အမ်တီဗီတေးဂီတ ဗီဒီယိုဆုပေးပွဲည၏ ဆုအများဆုံး ပိုင်ရှင်မှာ အသက် (၂၅)နှစ် အရွယ်ရှိ အဆိုတော်မလေး တေလာဆွစ်ဖ်ဖြစ်သည်။ တေလာဆွစ်ဖ်သည် နာမည်ကျော်ကြား လူကြိုက်များသော Bad Blood တေးဂီတဗီဒီယိုဖြင့် ယင်းဆုပေး ပွဲ၏ဂုဏ်ရှိန်ကျော်ကြားသောဆုဖြစ်သည့် တစ်နှစ်တာ အကောင်း ဆုံးတေးဂီတဗီဒီယိုဆု ကို ဆွတ်ခူးရရှိခဲ့သည်။ တေလာဆွစ်ဖ်နှင့်အဆိုတော်ကန်းဒရစ်လာမားတို့ ပူးပေါင်းတင်ဆက်ထားသော Bad Blood တေးဂီတဗီဒီယိုသည် ယင်းဆုပေးပွဲမှ ချီးမြှင့်သော အကောင်းဆုံးတင် ဆက်မှုဆုကိုရရှိခဲ့သည်။ တေလာဆွစ်ဖ်သည် Blank Space တေးဂီတဗီဒီယိုဖြင့်လည်း အကောင်းဆုံးအမျိုးသမီးတေးဂီတဗီဒီယိုဆုနှင့် အကောင်းဆုံးပေါ့ပ်တေးဂီတဗီဒီယိုဆုတို့ကို ရရှိခဲ့သည်။
၎င်းသည် ၂၀၁၅ အမ်တီဗီတေးဂီတဗီဒီယိုဆု ဆန်ခါတင် စာရင်း၌ ဆုပေါင်း ၁၀ ဆုဖြင့် ဆုအများဆုံးအမည်တင်သွင်း ခံရသူဖြစ်ပြီး ဆုပေးပွဲ၌လည်း ဆုပေါင်းလေးဆုဖြင့်ဆုအများ ဆုံးဆွတ်ခူးသူဖြစ်ခဲ့သည်။ အမ်တီဗီတေးဂီတဗီဒီယိုဆုပေးပွဲ က ချီးမြှင့်သော တစ်သက်တာအောင်မြင်မှုဆုခေါ် မိုက်ကယ်ဂျက်ဆင်ဗီဒီယိုတပ်ဦးဆုကို တေလာဆွစ်ဖ်က  အဆိုတော်အန် ယေးဝက်စ်အား   ပေးအပ်ခဲ့ သည်။     အန်ယေးဝက်စ်သည် ယင်းဂုဏ်ထူးဆောင်ဆုကို လက်ခံရရှိပြီးနောက် ကျေးဇူးတင် စကားများပြောကြားရာတွင် ၎င်းသည် လာမည့် ၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲ၌ ပါဝင်ယှဉ် ပြိုင်မှုဟုပြောကြားခဲ့သည်။
၂၀၁၅ တွင် တစ်နှစ်တာ အကောင်းဆုံးတေးဂီတဗီဒီယိုဆု ဆန်ခါတင်စာရင်းထုတ်ပြန်စဉ်က လူမှုကွန်ရက်၌ အငြင်းပွားမှုဖြစ်ခဲ့ သော တေလာဆွစ်ဖ်နှင့် နစ်ကီ မင်နက်တို့သည် ဆုပေးပွဲည ဖျော်ဖြေတင်ဆက်မှု၌ အလွန်ချစ် ကြည်ရင်းနှီးစွာဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ တေလာဆွစ်ဖ်နှင့် နစ်ကီမင်နက်တို့သည် Bad Blood, Trini Dem Girls နှင့် The Night Is Still Young သီချင်းများဖြင့် တင်ဆက်ခဲ့ကြသည်။
နစ်ကီမင်နက်သည် ယင်းဆု ပေးပွဲမှချီးမြှင့်သော အကောင်းဆုံးဟစ်ဟော့ပ်တေးဂီတဗီဒီယိုဆုကို ၎င်း၏ Anaconda တေးဂီတဗီဒီယို ဖြင့် ဆွတ်ခူးရရှိခဲ့သည်။ ယင်းဆု ပေးပွဲကာလအတွင်း ဆုပေးပွဲ အစီအစဉ်မှူးအဖြစ် ဆောင်ရွက် သော မိုင်လေဆိုင်းရပ်စ်နှင့် နစ်ကီမင်နက်တို့အကြား အဆင် မပြေမှုများရှိခဲ့သည်ဟုလည်း သိရသည်။ ယခုနှစ်အမ်တီဗီတေး ဂီတဗီဒီယိုဆုပေးပွဲသို့ ကေတီ ပယ်ရီတက်ရောက်ခဲ့ခြင်းမရှိပေ။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။