မွတ်စလင်ဘာသာဝင်များ ၀တ်ပြုရန် နှိုးဆော်သူ ဖေ့စ်ဘွတ်ခ်စကားလုံး သုံးမိ၍ စစ်ဆေးခံရ

အီဂျစ်နိုင်ငံရှိ မွတ်စလင် ဘာသာဝင်များအား ၀တ်ပြုရန် နှိုးဆော်သူတစ်ဦးသည် အရုဏ် တက်ချိန် ၀တ်ပြုရန် ရိုးရာအစဉ် အလာအတိုင်း နှိုးဆော်သည့် စကားလုံးများကို ပြင်ဆင်မှုဖြင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အရေးယူမှုဖြင့်ရင်ဆိုင်နေရသည်။

 အီဂျစ်ဘာသာရေးဆိုင်ရာ ၀န်ကြီးဌာနသည် နိုင်းမြစ်ဝကျွန်း ပေါ်ဒေသ ကက်အယ်လ်ဒါဝါမြို့ မှ ဘာသာရေးခေါင်းဆောင် မာ မွတ်အယ်လ်မိုဂါဇီအပေါ် အရေး ယူထားသည်။
မာမွတ်အယ်လ်မိုဂါဇီအနေ ဖြင့် ၀တ်ပြုဆုတောင်းခြင်းသည် အိပ်စက်ခြင်းထက် ပိုကောင်း သည်ဟု ပုံမှန်အတိုင်း ရွတ်ဆိုရ မည့်အစား ၀တ်ပြုဆုတောင်းခြင်း သည် ဖေ့စ်ဘွတ်ခ်သုံးခြင်းထက် ပိုကောင်းသည်ဟု ရွတ်ဆိုခဲ့သည်။
စေယက်ဂါဇီဗလီ၌ ၀တ်ပြု သူများသည် နှိုးဆော်စကားများ ကို ပြင်ဆင်ရွတ်ဆိုခဲ့သည့် မိုဂါဇီ ကို တိုင်တန်းခဲ့ကြ၍ မိုဂါဇီအနေ ဖြင့် စုံစမ်းစစ်ဆေးခံရစဉ် နှိုးဆော် မှုမပြုလုပ်ရန် ဆိုင်းငံ့ခံထားရ သည်။
ဝတ်ပြုဆုတောင်းသူများထဲ မှတစ်ဦးက မိုဂါဇီသည် တရားဝင် ဘာသာအယူနှင့် ကွဲလွဲသူဖြစ် သည်ဟု ရုပ်သံအစီအစဉ်တစ်ခု သို့ ဖုန်းဆက်ပြောကြားခဲ့သည်။
သို့သော် အဆိုပါဖုန်းဆက် သူမှာ စေယက်ဂါဇီဗလီသို့ မကြာခဏ လာရောက်သူမဟုတ် ကြောင်းနှင့် ၎င်းသည် တရားမ၀င် အသင်း ကြေညာခံထားရသော မွတ်စလင် ဘရားသားဟုဒ်အဖွဲ့ အပေါ် ထောက်ခံသူတစ်ဦးဖြစ် ကြောင်း မိုဂါဇီက တုံ့ပြန်ပြော ကြားခဲ့သည်။
မိုဂါဇီက ၎င်းအပေါ် ဆိုင်းငံ့ မှုကို အစာငတ်ခံ ဆန္ဒပြသွားမည် ဟု ခြိမ်းခြောက်၍ အပြစ်မရှိ ကြောင်း ကြေညာပေးရန် သမ္မတ အယ်လ်စီစီထံ တောင်းဆိုသွား မည်ဟု ယင်းရုပ်သံအစီအစဉ်တွင် ပြောကြားခဲ့သည်။
မိုဂါဇီက ၎င်းသည် ဖေ့စ် ဘွတ်ခ်သုံးစွဲခြင်း မရှိဟုလည်း ပြောကြားခဲ့သည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။