မန်ယူဂိုးသမား ဒီဂီယာသည် ယနေ့ညပိုင်း နယူးကာဆယ်နှင့် အိမ်ကွင်းပွဲတွင်လည်း ပရီးမီးယားလိဂ်လေးပွဲဆက်တိုက် မပါဝင်နိုင်ဘဲ အနားပေးထားမည်ဖြစ် ကာ ဂျာမန်အသင်းခေါင်းဆောင် ရှဝိန်းစတိုင်ဂါက အသင်းတွင် ပွဲချိန်ပြည့် ပါဝင်နိုင်မည်ဖြစ် ကြောင်း သိရသည်။
နည်းပြ ဗန်ဂါးလ်က ရီးရဲလ် မှ ပစ်မှတ်ထားနေသည့်ဒီဂီယာကို အနားပေးထားမည် ဟုဆိုထားရာ ၎င်းကို ချန်ပီယံလိဂ်ခြေစစ်ပွဲ ရှုံးထွက်ဒုတိယအကျော့ ဩဂုတ် ၃၀ ပွဲတွင်လည်း ထုတ်သုံးနိုင်ဖွယ်မရှိတော့ဟု ဆိုလိုက်ခြင်းလည်း ဖြစ်သည်။
‘‘ဒီဂီယာနဲ့ ပတ်သက်လို့ကတော့ စက်တင်ဘာပထမပတ်မှာ ပဲ ကျွန်တော်တို့ တန်ဖိုးဖြတ် အကဲခတ်မှာဖြစ်ပါတယ်’’ဟု သတင်းစာရှင်းလင်းပွဲတွင် ဗန်ဂါးလ်က ပြောသည်။ မန်ယူသည် စတိုင်ဂါကိုလည်း ပြီးခဲ့သည့် ပရီးမီးယားလိဂ်သုံးပွဲတွင် အရန်စာရင်း၌ထားခဲ့သော်လည်း ဘရပ်ဂဲနှင့်ပွဲတွင် ဒုတိယပိုင်း ပါဝင်ကစားပေးခဲ့ပြီး ခြေစွမ်းပြခဲ့သည်။
၎င်းမှာ ကြံ့ခိုင်မှုပြည့်ဝပြီဖြစ် ၍ ယနေ့ညပွဲတွင် တွေ့ရမည်ဖြစ် ကြောင်း ဗန်ဂါးလ်က ဆိုသည်။
http://7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။