By
သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေစဉ်ကာလအတွင်း ပါတီတွင် ဖြစ်ပေါ်နေသော ကိစ္စများကို အကြောင်းပြု၍ ဥက္ကဋ္ဌပူးတွဲတာဝန် ပေးအပ်ထားသည့် ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းအစား အခြားသင့်တော်သူတစ်ဦးအား ပြောင်းလဲ တာဝန်ပေးအပ်ပါရန် ပါတီ၏ ဗဟိုအတိုင်ပင်ခံ၊ ဗဟိုအကြံပေးနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့က ပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတထံ လက်မှတ်ရေး ထိုးတင်ပြတောင်းဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်မျိုးနိုင်
Saturday, August 22, 2015
ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီခေါင်း ဆောင်ပိုင်းဖြစ်သော သူရဦးရွှေ မန်းနေရာတွင် အခြားသင့်တော် သူတစ်ဦးအား ပြောင်းလဲတာဝန် ပေးအပ်ရန် ပါတီ၏ခေါင်းဆောင် ပိုင်းအချို့က သမ္မတဦးသိန်းစိန်ထံ လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြ ကြောင်း ယင်းပါတီက သြဂုတ် ၂၀ ရက်၌ ထုတ်ပြန်သောသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေစဉ်ကာလအတွင်း ပါတီတွင် ဖြစ်ပေါ်နေသော ကိစ္စများကို အကြောင်းပြု၍ ဥက္ကဋ္ဌပူးတွဲတာဝန် ပေးအပ်ထားသည့် ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းအစား အခြားသင့်တော်သူတစ်ဦးအား ပြောင်းလဲ တာဝန်ပေးအပ်ပါရန် ပါတီ၏ ဗဟိုအတိုင်ပင်ခံ၊ ဗဟိုအကြံပေးနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့က ပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတထံ လက်မှတ်ရေး ထိုးတင်ပြတောင်းဆိုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သြဂုတ် ၂၀ ရက်စွဲဖြင့် ထုတ်ပြန်သော ပြည်ခိုင်ဖြိုးပါတီ ၏ သတင်းထုတ်ပြန်ချက်တွင် သူရဦးရွှေမန်းသည် ပါတီဥက္ကဋ္ဌ မဟုတ်ဘဲ သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါ တီတာဝန်မထမ်းဆောင်နိုင်သ ဖြင့် ဥက္ကဋ္ဌပူးတွဲတာဝန်ယူရသည့် ဒုတိယဥက္ကဋ္ဌသာ ဖြစ်ကြောင်း ဖော်ပြထားသည်။
သမ္မတထံ လက်မှတ်ရေးထိုး တင်ပြတောင်းဆိုမှုကြောင့် ပါတီ ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်သည် ပါတီတာဝန်များကို သူရဦးရွှေမန်း ထက် ပိုမိုနှစ်ကြာမြင့်စွာ ထမ်း ဆောင်ခဲ့သည့် ဝါစဉ်အမြင့်ဆုံး ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဌေးဦးထံ သို့ လွှဲပြောင်းခဲ့ခြင်း ဖြစ်သည်ဟု ရှင်းလင်းထားသည်။
သြဂုတ် ၁၂ ရက်တွင် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌတာဝန် ပူးတွဲယူ ထားရသည့် သူရဦးရွှေမန်းအပါ အဝင် ၎င်းနှင့်နီးကပ်သော ပါတီ ဗဟိုအလုပ်အမှုဆောင် ၁၃ ဦးကို ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် ပါ တီ၏ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့ သည်။
အသစ်ပြန်လည်ဖွဲ့စည်း လိုက်သော ဗဟိုအလုပ်အမှု ဆောင်အဖွဲ့တွင် အစိုးရအဖွဲ့မှ နုတ်ထွက်ခွင့်ပြုလိုက်သည့် ဝန် ကြီးဟောင်းများ၊ တပ်မတော်မှ အငြိမ်းစားယူထားသည့် ထိပ်ပိုင်း ခေါင်းဆောင်များ ပါဝင်သည်။
http://7daydaily.com/
About Kyauk Phru Net
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။