မန်စီးတီးအသင်းသည် ဂျာမန်ဝုဖ်ဘတ်မှ ၎င်းတို့ အလွန်လိုချင်နေသော ဘယ်လ်ဂျီယံ လက်ရွေးစင် ဒီဘရိုင်နီကို ယူရိုသန်း ၇၀ (ပေါင် ၅၀ ဒသမ ၄ သန်း)ဖြင့် ကမ်းလှမ်းခဲ့ရာ ဂျာမန်ကလပ်က လက်ခံခဲ့ပြီဖြစ်ကြောင်း ဂျာမန်ပြည်တွင်းအားကစားစာစောင် Bild ကိုကိုးကား၍ ဗြိတိန်မီဒီယာ စကိုင်းစပို့တ်က ဖော်ပြသည်။
ဒီဘရိုင်နီ (၂၄) နှစ်သည် မန်စီးတီးသို့သွားရန်သေချာသလောက်ဖြစ်နေသော်လည်း ဝု`ဖ်ဘတ်နှင့် သောကြာနေ့ နံနက်ပိုင်းတွင် လေ့ကျင့်ခန်းဆင်းနေခဲ့ပြီး ကိုလုံးနှင့် ယနေ့ ညပိုင်း ဘွန်ဒက်စ်လီဂါပွဲကိုလည်း ကစားမည်ဆိုသည်။ မန်စီးတီးနည်းပြ ပယ်လီဂရီနီကို သတင်းဌာနက မေးမြန်းသော်လည်း အတိအကျဖြေခြင်း မရှိဘဲ စက်တင်ဘာ ၁ ရက်နေ့ အပြောင်းအရွှေ့ဈေးကွက်ပိတ်ချိန်အထိ ဘာဖြစ်မည်ကို မပြောနိုင်ကြောင်းဆိုသည်။ မန်စီးတီးသည် ပြီးခဲ့သည့်အပတ်က ချယ်လ်ဆီးကစားသမား ဟောင်းဖြစ်ခဲ့သည့် ဒီဘရိုင်နီကို ပေါင် ၄၇ သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း တိုးတက်မှု မရှိခဲ့ပေ။
မန်စီးတီးသည် လာမည့်တနင်္ဂနွေတွင် အဲဗာတန်နှင့် ကစားရမည်ဖြစ်သည်။ ၎င်းတို့သည် ၀က်စ်ဘရွန်းနှင့် ချယ်လ်ဆီးကို သုံးဂိုးပြတ်ဖြင့် အနိုင်ရထားသည်။
http://7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။