ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်

ဥက္ကဋ္ဌ-ဦးအေးလွင်
ပါတီဝင်အရေအတွက်-၁၁၀,၀၀၀
မဲဆန္ဒနယ်-အနည်းဆုံး ၄၆ နေရာ
မူဝါဒ-ပါတီသည် အမျိုးသားရေးဝါဒနှင့်အညီပါတီတွင်းဒီမိုကရေစီကျင့်သုံးသည်။
-ပါတီသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ကျေးဇူးသစ္စာကို အစဉ်အမြဲစောင့်ရှောက် ရိုသေသည်စသည့်အချက်များအပါအ၀င် အချက် ၁၃ ချက်ခန့်။
ဆောင်ပုဒ်-ဒေါင်းမျိုးအစစ် ၈၈
ကိုယ်စားလှယ်လောင်းရွေးချယ်သတ်မှတ်မှု- ပါတီသမိုင်းကြောင်းနှင့်မူဝါဒကို နားလည်ရမည်၊ ဒေသခံပါတီများနှင့် ဒေသခံပါတီဝင်များအကြောင်းကို သိရှိရမည်။
အနည်းဆုံး အလယ်တန်းအောင်မြင်ရမည်။
ပါတီရန်ပုံငွေ-ကိုယ်စားလှယ်လောင်းများသည်ရွေးကောက်ပွဲကော်မရှင်ထံ ပေးသွင်းရမည့် ကျပ်သုံးသိန်းနှင့် အခြားကုန်ကျစရိတ် ကျပ်တစ်သိန်းတို့ကိုမိမိအစီအစဉ်ဖြင့် ငွေကြေးရှာဖွေနိုင်သူဖြစ်ရမည်။
-ဥပဒေဘောင်အတွင်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်တွင်းပြည်ပနိုင်ငံသားများက ထောက်ပံ့သည့်ငွေကြေးများ၊ အလှူငွေများကိုလည်း လက်ခံမည်။
ပါတီနောက်ခံသမိုင်း​-၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ဖွဲ့စည်းခဲ့ပြီး အဆိုပါရွေးကောက်ပွဲတွင် မဲဆန္ဒနယ်၄၆ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီးရှုံးနိမ့်ခဲ့သည်။

ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ

လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုးစွမ်းဆောင်နိုင်မလဲ။
ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဘယ်နိုင်ငံကမှ ၀င် စွက်လို့မရနိုင်တဲ့အခြေအနေတွေ ဦးတည်တဲ့ကိစ္စတွေလုပ်ရမယ်။ ရှိနေ ရင်လည်း အဲဒါတွေကို တည်အောင်လုပ်ရမယ်။ မရှိသေးဘူးဆိုလည်း ပြင်ဆင်ရမယ်။ ၀န်ထမ်းတွေကို အာဏာရထားတဲ့ပါတီတွေက လိုသလို လုပ်တဲ့ကိစ္စတွေကို ပယ်ဖျက်ပစ်ရမယ်။ နိုင်ငံ့ဝန်ထမ်းများက ပါတီနိုင်ငံ ရေး ကင်းရှင်းရမယ်ဆိုတာတွေက လိုရင်လိုသလိုသုံးနေတာ။ တိုင်းအ ဆင့်၊ ပြည်နယ်အဆင့်၊ အစိုးရအဖွဲ့ ၀န်ကြီးချုပ်ကပါတီက။ အဲဒီအတွင်း ရေးမှူးက ၀န်ထမ်း။ ကင်းသေးလို့လား နိုင်ငံရေး ဆက်ပြောပါဦး။ဝန်ထမ်း တွေ နိုင်ငံရေးကင်းရှင်းရမယ်ဆိုတာ အာဏာရပါတီနဲ့ကျတော့ ကြိုက် သလိုလုပ်လို့ရပြီး တခြားပါတီတွေနဲ့ကျ ဘာမှမလုပ်ရဘူး။ ပါတီမ၀င်ရ လို့ပြောရမှာ။
လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါသလဲ။
တစ်ရက်ငြိမ်းချမ်းရေးစောရင် တိုင်းပြည်နဲ့နိုင်ငံသားအတွက် တစ် ရက်အကျိုးရှိတယ်လို့မြင်တယ်။ ငြိမ်းချမ်းရေးလုပ်တဲ့ကိစ္စမှာ ဘယ်သူ ပဲတက်လာတက်လာ ကျွန်တော်တို့ကတော့ အားပေးမယ်။
သမ္မတလောင်း ရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
နိုင်ငံရေးကို တကယ်ဖြတ်သန်းလာတဲ့သူမှ နိုင်ငံရေးဘ၀ဆိုတာ ရှိ တာကိုးဗျ။ နိုင်ငံရေးဘ၀ရှိမှ ပြည်သူလူထုအပေါ် နိုင်ငံရေးခံစားချက်ရှိ မှာ။ နိုင်ငံရေးခံစားချက်ရှိတဲ့သူက ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ဘယ် လောက်အရေးကြီးလဲ သိတယ်လေ။ နောက် နိုင်ငံလုံခြုံရေး၊ တိုင်းပြည် ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ကျန်းမာရေး ဘယ်လောက်အရေးကြီးတယ် ဆိုတာသိတယ်လေ။ အဲဒီခံယူချက်ရှိတဲ့ သူတွေ၊ အဲဒီဖြတ်သန်းမှုရှိတဲ့သူ  တွေကို ကျွန်တော်က သမ္မတဖြစ်စေချင်တယ်။
ပြည်သူတွေက ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ပါတီကို ဘာကြောင့် မဲပေးသင့်လဲ။
မြန်မာနိုင်ငံကို ဒီကနေ့ ဒီမိုကရေစီနိုင်ငံအဖြစ် တစ်ဆင့်ပြီးတစ်ဆင့် ပြုပြင်ပြောင်းလဲ တည်ဆောက်နေတဲ့ရာနေရာမှာ ဒီမိုကရေစီအရေးအ တွက် တကယ်လုပ်နေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် တကယ့်အစစ် အမှန် ဒီမိုကရေစီနိုင်ငံကို သွားချင်တယ်ဆိုရင် တကယ်လုပ်ခဲ့တဲ့သူတွေ ကိုပဲ မဲပေးတာ စိတ်အချရဆုံးပဲ။ အမှန်ကန်ဆုံးပဲ။ မလွဲမှားတဲ့ ဆုံးဖြတ် ချက်ဆိုတာ အာမခံတယ်။ ကျွန်တော်တို့ကို မဲပေးလိုက်၊ မဲပေးတဲ့သူတိုင်း ဘယ်တော့မှမှားဘူး။ နောင်တရတဲ့ကိစ္စမဖြစ်ဘူးဆိုတာ ကျွန်တော်တို့ အာမခံတယ်။
ပြည်သူတွေရဲ့ ၀င်ငွေ/ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားလား။
ကျွန်တော်ခံစားရသလောက် တက်လာတဲ့အစိုးရတော်တော်များ များက ၀န်ထမ်းကိုထိန်းထားနိုင်ရင် တိုင်းပြည်ကိုကြိုက်သလိုလုပ်လို့ရ ပြီလို့ ထင်ကြတယ်ဗျ။ အဲဒီအမြင်ကြီးကို ကျွန်တော်က ဒေါင်လိုက်ပြောင်း လဲချင်တာ။ ၀န်ထမ်းလည်း နိုင်ငံသားပဲ။ လက်လုပ်လက်စားလည်း နိုင်ငံ သားပဲ။ ကျောသားရင်သားခွဲခြားတာ မကောင်းတဲ့သဘောထားပဲ။
ဥက္ကဋ္ဌအသက်-၅၂ နှစ်
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ  - ၁၉၈၂ တွင် စက်မှုတက္ကသိုလ် (RIT) တက်ရောက်ခဲ့ပြီး ဖုန်းမော်အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့ သဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ ၈၈ အရေးအခင်းဆန္ဒပြမှုများနှင့် ကျောင်းသားညီလာခံများတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ၁၉၉၀ရွေးကောက်ပွဲဝင်ရန် ကျောင်းသားများ ဒီမိုကရေစီအရေးတော်ပုံပါတီကို တည်ထောင်ခဲ့ပြီး ပါတီထိပ်ပိုင်းတာဝန်များ ထမ်းဆောင်ခဲ့သည်။ နောက်ပိုင်းတွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အကျဉ်းချခံခဲ့ရပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန်  ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ကို တည်ထောင်ခဲ့သည်။
ပညာအရည်အချင်း-တတိယနှစ် ချည်မျှင်နှင့်အထည်
လက်ရှိအလုပ်အကိုင်-ပါတီဥက္ကဋ္ဌ
စံပြပုဂ္ဂိုလ်-ဗိုလ်ချုပ်အောင်ဆန်း
ဆက်သွယ်ရန်လိပ်စာ-အခန်း(၃၀၁)၊ တိုက်(F)၊ ပုလဲကွန်ဒိုမီနီယံ၊
ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး၊ဖုန်း ၀၁-၅၅၆၅၅၄
__http://7daydaily.com/election-2015
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။