၁။ ဥက္ကဋ္ဌ- ဦးဇော်ဝင်း
၂။ ပါတီဝင်အရေအတွက် - ၄,၀၀၀ ကျော်
၃။ မဲဆန္ဒနယ် - ရခိုင်ပြည်နယ်(သံတွဲ)နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အမျိုးသားလွှတ်တော်အတွက် အနည်းဆုံးလေးနေရာယှဉ်ပြိုင်မည်။
၎။ ပါတီမူဝါဒ - (က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့်လောကပါလတရားများကို အခြေခံကာ အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာသောပြည်ထောင်စုဖွား ပြည်သူပြည်သားများ၊ပါတီများနှင့် လက်တွဲ၍ အနာဂတ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဖြစ်ပေါ်လာစေရန် အစွမ်းကုန်ကြိုးပမ်းသွားရေး။
(ခ) အကြမ်းဖက်ဝါဒနှင့် အခြားအစွန်းရောက်သည့် မည်သည့်ဝါဒမျိုးကို မဆို ဆန့်ကျင်သွားရေး။

(ဂ) ကမ္ဘာ့နိုင်ငံများအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ဖြောင့်မတ်သော ဘက်မလိုက် မူဝါဒကို အခြေခံသည့် ချစ်ကြည်ရင်းနှီးမှုတည်ဆောက် ရေးတွင် ပါဝင်ကူညီရေး။
(ဃ) နိုင်ငံတစ်ဝန်းလုံးတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရေး။
(င) မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျိုးမပြုသည့် အတွေးအခေါ်အယူအဆများ ပပျောက်ချုပ်ငြိမ်းသွားအောင် ပညာပေးစည်းရုံးရေး။
၅။ ဆောင်ပုဒ် -
၆။ ကိုယ်စားလှယ်လောင်းရွေးချယ်မှုသတ်မှတ်ချက် - ကမန်တိုင်းရင်းသား ဖြစ်ရမည်။ ပါတီဝင်ဖြစ်ရမည်။
အသက်(၃၀)ကျော်ရမည်ဖြစ်ပြီး အနည်းဆုံးအထက်တန်းအောင်မြင်သူဖြစ်ရမည်။

၇။ ရန်ပုံငွေ - ကမန်တိုင်းရင်းသားများ၏ အထောက်အပံ့ကိုသာ သုံးစွဲသွားမည်။
၈။ ပါတီနောက်ခံသမိုင်းကြောင်း - ၂၀၁၀ ရွေးကောက်ပွဲမစတင်မီ နှစ်လခန့်တွင် ပါတီဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ခြောက်ခုဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပါတီဥက္ကဋ္ဌနှင့် အမေးအဖြေ
လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေပြင်ဆင်ဖို့ ဘယ်လိုမျိုး စွမ်းဆောင်နိုင်မလဲ။
ဒီမိုကရေစီဆိုတဲ့သဘောကတော့ ပြည်သူလူထုက ရွေးကောက် တင်မြှောက်တဲ့အစိုးရပဲဖြစ်ရမှာပေါ့။ ၂၅ ရာခိုင်နှုန်းသော တပ်မတော် ကိုယ်စားလှယ်တွေပါတယ်ဆိုတဲ့ကိစ္စက ကျွန်တော်တို့နိုင်ငံရဲ့ ထူးခြား ချက်ပေါ့။ ပြည်ခိုင်ဖြိုးကအစ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါခဲ့တာ။ နောင် တပ်မတော်က အာဏာသိမ်းတဲ့ပုံစံမျိုးမဖြစ်အောင် ကြိုကာထားတဲ့ သဘောနဲ့ပါလို့ သူတို့က ပြောပါတယ်။ ပြီးခဲ့တဲ့ သက်တမ်းတစ်ခုလည်း ပြီးသွားပြီပေါ့။ လျှော့သွားမယ်ဆိုရင် ပထမသက်တမ်းမှာ အစိတ်ပါရင် ဒုတိယသက်တမ်းမှာ တစ်ခုခုပေါ့ အစီအစဉ်ရှိသင့်တယ်ပေါ့။ ဘယ် တော့လောက် လျှော့မှာလဲ၊ ဘယ်တော့လျှော့မှာလဲဆိုတာ ပွင့်လင်းမြင် သာမှုမရှိတော့ ပါတီတွေရော ပြည်သူလူထုကအစ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို စိတ်တိုင်းမကျဘူး။

လွှတ်တော်ထဲရောက်ရင် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါသလဲ။
တကယ်လုပ်နေတဲ့သူတွေကတော့ ပိုပြီးထိတွေ့မှုရှိတာပေါ့။ ကျွန် တော်တို့ ဒီထဲမပါခဲ့ပေမယ့် ဘေးကနေပဲကြည့်မယ်ဆိုရင်တော့ ဘယ်သူ ဖြစ်ဖြစ်ပေါ့။ အပစ်အခတ်ရပ်စဲပြီး တိုင်းပြည်တစ်ပြည်လုံးငြိမ်းချမ်းဖို့ ဆိုတာ တစ်ဦးတစ်ယောက်ကောင်း။ ဥပမာ ကချင်ကလုပ်ချင်လို့လည်း မပြီးဘူးပေါ့။ အစိုးရတပ်မတော်ကလုပ်ချင်လို့လည်းမရဘူး။ အစိုးရက လုပ်ချင်လို့လည်းမရဘူး။ အားလုံးသည် ညှိနှိုင်းတယ်ဆိုတဲ့အတိုင်း အတာကလည်း တစ်ဖက်နဲ့တစ်ဖက် အလျှော့အတင်းရှိမယ်ပေါ့။ မျဉ်း သေတစ်ခုရပ်ပြီး ဒီဘက်မျဉ်းထဲမင်းတို့ အကုန်လုံးလာခဲ့။ ဒါမှငါတို့ သဘောတူမယ်ဆိုလည်းမရဘူး။

ပြည်သူတွေရဲ့ ၀င်ငွေ/ထွက်ငွေမျှအောင် ကူညီပေးဖို့ စဉ်းစားထားလား။
ရခိုင်ပြည်နယ် ပဋိပက္ခများတွင် ကြားညပ်ခဲ့သည့် ကမန်တိုင်းရင်း သားများဘဝ ပြန်လည်ထူထောင်ရေးအတွက် ကြိုးစားဆောင်ရွက်နေ။

ပြည်သူတွေက ကမန်အမျိုးသားတိုးတက်ရေးပါတီကို ဘာကြောင့် မဲပေးသင့်သလဲ။
တိုင်းပြည်က တစ်ချိန်တုန်းက အရှေ့တောင်အာရှမှာ အကောင်း ဆုံးအခြေအနေရှိတယ်။ တိုင်းပြည်အတွက် တကယ်ကိုအကျိုးရှိတဲ့သူကို အရွေးမှန်ဖို့ပဲ ပြောပြချင်တယ်။

သမ္မတလောင်းရွေးချယ်ခွင့်ရှိရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်မလဲ။
ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်တို့နိုင်ငံနဲ့ ပြည်သူကသဘောကျတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့လည်း ဗိုလ်ချုပ်ရဲ့သမီးဖြစ်တယ် ဆိုတာတစ်ပိုင်းပေါ့။ ဘယ်သူ့ရဲ့သမီးဖြစ်လို့ ဘယ်လိုဖြစ်ရမယ်ဆိုတဲ့စိတ် မျိုးတော့ ကျွန်တော်တို့မှာမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ပင်ကိုအရည်အချင်းက ကိုယ့်တိုင်းပြည်ကို ကောင်းစားစေချင်တဲ့စိတ် ရှိတယ်ဆိုတာမြင်တယ်။ သူသမ္မတဖြစ်တာ၊ မဖြစ်တာထက် ပြည်သူ ကြိုက်တဲ့အစိုးရတစ်ခုဖွဲ့နိုင်ရင် သူကျေနပ်လိမ့်မယ်လို့လည်းထင်တယ်။

ဥက္ကဋ္ဌအသက် - ၆၇ နှစ်
ပညာအရည်အချင်း- B.A (Law)LL.B။ ညွှန်ကြားရေးမှူး (ငြိမ်း) တရားရုံးချုပ်။
နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ -
လက်ရှိအလုပ်အကိုင် - ပင်စင်စား၊ ရှေ့နေ။
စံပြပုဂ္ဂိုလ် - သီးခြားမရှိ။
အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ဆောင်ရွက်သူများအားလုံး။
ဆက်သွယ်ရန်လိပ်စာ- အမှတ် (၄၆၀)၊ ၄ လွှာ၊ မြလေးရုံလမ်း၊ မေတ္တာ ညွန့်ရပ်ကွက်၊ တာမွေမြို့နယ်။ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်း-၀၉-၇၃၀၆၇၃၁၄။
ဖုန်း-၀၉-၇၃၀၆၇၃၁၄။
__http://7daydaily.com/election-2015
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။