နိုင်ငံတော်ဘာသာနေ့ အခမ်းအနား လွတ်လပ်ခွင့်ပေးရန် ထေရ၀ါဒကွန်ရက် တောင်းဆို

ထေရ၀ါဒကွန်ရက် တောင်းဆိုနေစဉ် (ဓာတ်ပုံ− ကျော်ဇင်သန်း)
 နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားကို လွတ်လပ်စွာ ကျင်းပခွင့်ပြုရန်အတွက် အစိုးရကို တောင်းဆို ကြောင်း ထေရ၀ါဒဓမ္မကွန်ရက်က သြဂုတ် ၃၀ ရက် နိုင်ငံတော်ဘာ သာနေ့တွင် ထုတ်ပြန်သည်။
ထေရ၀ါဒ ဓမ္မကွန်ရက်၏ဦးဆောင်မှုဖြင့် နိုင်ငံတော်ဘာသာ နေ့အခမ်းအနားများကို ၂၀၁၃ မှ စတင်ကျင်းပခဲ့သော်လည်း အစိုး ရအနေဖြင့် လွတ်လပ်စွာ ကျင်းပ ခွင့်မပြုဘဲ ကန့်သတ်မှုများ ရှိခဲ့ ခြင်း၊ နိုင်ငံတော် ဘာသာနေ့ဟု ခေါင်းစဉ်တပ်၍ ကျင်းပခွင့်မပြု ခြင်းတို့ကြောင့် တောင်းဆိုခြင်း ဖြစ်ကြောင်း ကွန်ရက်သဘာပတိ  ဓမ္မစက္ကဦးမောင်မောင်က ပြော ကြားသည်။
ထေရ၀ါဒဓမ္မကွန်ရက်တွင် မြို့နယ်အဖွဲ့ခွဲများ၊ မနောဖြူ၊ ဗ လငါးတန်၊ မျိုးချစ်သွေး၊ ၀ံသပါ လ စသည့် လူမှုရေးပရဟိတအဖွဲ့ ပေါင်း ၁၀၀ ကျော်ဖြင့် ၂၀၁၃၌ စတင်ဖွဲ့စည်းထားခြင်းဖြစ်သည်။
‘‘အစိုးရက အစစ အရာရာ စိုးရိမ်နေတာရှိပါတယ်။ ကျွန် တော်တို့က ရှင်းပြပါတယ်။ သူတို့ က ဒီပွဲကိုခွင့်ပြုချင်စိတ်မရှိဘူး။ ဒီနေ့ကိုတောင်မှ မေတ္တာအခါ တော်နေ့ဆိုတဲ့ခေါင်းစဉ်နဲ့ပဲ လုပ် ခွင့်ပေးတယ်။ နိုင်ငံတော်ဘာသာ နေ့ဆိုတာကို ခွင့်မပြုဘူး။ ဒါပေမဲ့ ဖမ်းချင်ဖမ်းဆို လုပ်ရတာ’’ဟု၎င်း ကပြောသည်။
သြဂုတ် ၃၀ ရက်က နိုင်ငံ တော်ဘာသာနေ့အထိမ်းအမှတ် အဖြစ် ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှ တာမွေမြို့နယ် ဟစ်တိုင်ကွင်းသို့ လမ်းလျှောက် ပြီး အခမ်းအနားပြုလုပ်မည်ဖြစ် သော်လည်း ဗဟန်းမြို့နယ် အုပ် ချုပ်ရေးမှူးရုံး၏ ခွင့်ပြုချက်မရရှိခဲ့၍ ဟစ်တိုင်ကွင်းတွင်သာ ကျင်းပခဲ့ရကြောင်း၊ အခမ်းအနားကို နိုင်ငံတော် ဘာသာနေ့အဖြစ်သာ လွတ်လပ်စွာ ပြုလုပ်လိုကြောင်း ဓမ္မစက္က ဦးမောင်မောင်က ဆို သည်။
ပြီးခဲ့သည့် ၂၀၁၄ ကလည်း အာဆီယံထိပ်သီးအစည်းအဝေး များနှင့် အချိန်တိုက်ဆိုင်နေသဖြင့် နိုင်ငံတော်ဘာသာနေ့ကို အကျဉ်း ချုံးပြီးလုပ်ရန်သာ အစိုးရက ပြော ကြားခဲ့ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအ သင်း ရန်ကုန်တိုင်း စည်းရုံးရေး တာဝန်ခံ ဆရာတော် အရှင်ပညာ ဇောတက မိန့်ကြားသည်။
နိုင်ငံတော် ဘာသာကို ဗုဒ္ဓ ဘာသာအဖြစ် သတ်မှတ်ခဲ့ခြင်း  သည် နိုင်ငံအတွင်း အခြားဘာ သာများအပေါ် လွှမ်းမိုးရန်မဟုတ် ကြောင်း၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ထပ်မံမဖြစ်စေရန် လည်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။
ပါလီမန် ဒီမိုကရေစီခေတ် ၁၉၆၁ သြဂုတ် ၂၆ ရက် (၀ါခေါင် လာပြည့်နေ့)က ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် လွှတ် တော်တွင်းစတင်အတည်ပြုသတ် မှတ်ခဲ့ခြင်းဖြစ်သည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။