အိမ်ထောင်ရှိလျက် နောက်အိမ်ထောင်ပြုလျှင် ထောင် ၇ နှစ်ချမှတ်ခံရနိုင်

ထိမ်းမြားမှုအတည်ဖြစ် နေစဉ် ထပ်မံ၍ ထိမ်းမြားမှုပြုပါ က (သို့မဟုတ်)လင်မယားအဖြစ် တရားမဝင် နေထိုင်ပေါင်းသင်း ကြောင်း ပြစ်မှုထင်ရှားပါက ခုနစ် နှစ်ထက်မပိုသော ထောင်ဒဏ်ချ မှတ်နိုင်ကြောင်း ပါဝင်သည့် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက် သည်။
ဥပဒေတစ်ရပ်ရပ်အရဖြစ် စေ၊ ကိုးကွယ်ရာဘာသာအရဖြစ် စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ လင်နှင့်မယား တစ်ဦး(သို့မဟုတ်) တစ်ဦးထက်ပို၍ တရားဝင်ထိမ်း မြားပြီးသည့် ယောက်ျား(သို့မ ဟုတ်)မိန်းမသည် အဆိုပါထိမ်း မြားမှု တည်မြဲနေစဉ် ကာလအ တွင်း ဤဥပဒေအာဏာ တည် သည့်နေ့မှစ၍ အခြားသူတစ်ဦး နှင့်ထပ်မံထိမ်းမြားခြင်းမပြုရ (သို့ မဟုတ်)လင်မယားအဖြစ် တရား မဝင်နေထိုင်ပေါင်းသင်းခြင်းမပြု ရဟု တားမြစ်ထားသည်။ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူး လွန်ပါကလည်း ခုနစ်နှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင် ကြောင်း အဆိုပါ ဥပဒေတွင် ပြ ဋ္ဌာန်းထားသည်။
နိုင်ငံတော်သမ္မတက သ ဘောထားမှတ်ချက် ( ၆ ) ချက် ဖြင့် ပေးပို့လာသော တစ်လင်တစ် မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို သြဂုတ် ၂၈ ရက်က ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲအတည်ပြုခဲ့ခြင်းဖြစ်သည်။ လွှတ်တော်က အတည်ပြု လိုက်ပြီဖြစ်၍ သမ္မတလက်မှတ် ရေးထိုးပြီးလျှင် ဖြစ်စေ (သို့မဟုတ်) သတ်မှတ်ရက်ပြည့်လျှင်ဖြစ်စေ ဥပဒေမှာ အတည်ပြုပြဋ္ဌာန်းပြီးဖြစ်မည်ဖြစ် သည်။
‘‘ဆိုလိုတာကဗျာ။ အရင် တုန်းက တစ်ယောက်ထက် ပိုယူ ထားတဲ့လူတွေလည်း ဒီဥပဒေ တည်ပြီးရင် ထပ်ယူလို့မရတော့ ဘူးပေါ့ဗျာ။ တစ်လင်တစ်မယား စနစ်ကျင့်သုံးနေတဲ့လူတွေလည်း ထပ်ယူလို့ မရတော့ဘူး’’ဟု တ ရားရေး ဝန်ထမ်းတစ်ဦးက ရှင်းပြ သည်။
ယခင်က အိမ်ထောင်ပြုခဲ့ဖူး ပါက ယခင်အိမ်ထောင်နှင့်တရား ဝင်ကွာရှင်းပြတ်စဲပြီးကြောင်း ခိုင် မာသည့်အထောက်အထားတင် ပြနိုင်လျှင် အခြားသူတစ်ဦးနှင့် ထပ်မံထိမ်းမြားနိုင်ကြောင်း ဥပ ဒေတွင်ဖော်ပြထားသည်။
ထို့အပြင် အိမ်ထောင်ရှိ သော ယောက်ျား(သို့မဟုတ်)မိန်း မတစ်ဦးဦးသည် ထိမ်းမြားမှုအ တည်ဖြစ်နေစဉ် အိမ်ထောင်ရှိ ကြောင်းကို ထိမ်ချန်၍ အခြား ယောက်ျား(သို့မဟုတ်)မိန်းမတစ် ဦးကို ထပ်မံထိမ်းမြားပါက ၁၀ နှစ်ထက်မပိုသော ထောင်ဒဏ်ချ မှတ်ခံရမည်ဖြစ်ကြောင်း ဥပဒေ တွင် ဖော်ပြထားသည်။
‘‘အမျိုးသမီးတွေဘက်က ကြည့်ရင် အန်တီတို့ကတော့ တစ် လင်တစ်မယားစနစ်ကို ထောက် ခံတယ်။ ချမှတ်တဲ့ပြစ်ဒဏ်က များတယ်လို့တော့ ဆိုနိုင်တာပေါ့။ ဒါပေမဲ့လည်း ပြစ်ဒဏ်လျှော့ချဖို့ ဥပဒေကို ပြင်နိုင်တဲ့အခွင့်အရေး တော့ ရှိတာပေါ့နော်’’ဟု ဥပဒေ ကျွမ်းကျင်သူ အမျိုးသမီးလွှတ် တော်ကိုယ်စားလှယ်ဒေါက်တာညိုညိုသင်းက ပြောသည်။
တရားမဝင် ထိမ်းမြားလက် ထပ်ခြင်း(သို့မဟုတ်)ထိမ်ချန် လက်ထပ်ခြင်းကြောင့် ရရှိလာ သောသားသမီးများသည် ကလေး သူငယ်အခွင့်အရေး ဆုံးရှုံးခြင်း မရှိစေရဟု ဥပဒေတွင် ဖော်ပြ ထားသည်။
‘‘တိုင်ရင်တော့ ကောင်းတာ ပေါ့ဗျာ။ ဒါပေမဲ့ တချို့ပိုက်ဆံ ထောက်ပံ့နိုင်လို့ အကြီးရော၊ အ ငယ်ပါ နှစ်ယောက်စလုံးကျေနပ် လို့ ပေါင်းနေတဲ့ လူတွေကျတော့ ဘယ်လိုအရေးယူမလဲ’’ဟု အိမ် ထောင်ရှင်အမျိုးသားတစ်ဦးက ထောက်ပြသည်။
ယခုအခါ မျိုးစောင့်ဥပဒေ လေးရပ်ကို အတည်ပြုပြဋ္ဌာန်းနိုင် ခဲ့ပြီဖြစ်သည်။ ပြည်ထောင်စုလွှတ် တော်မပြီးဆုံးမီ နှစ်ရက်အလိုက ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းက ‘‘ဒီဥပဒေ ပြ ဋ္ဌာန်းစေချင်တယ်။ မင်းတို့လုပ်နိုင် မလား’’ဟု ဥပဒေကြမ်းကော်မတီ ကို မေးမြန်းခဲ့ကြောင်း၊ ဥပဒေ ကြမ်းပူးပေါင်းကော်မတီက အ စည်းအဝေးပြုလုပ်ပြီး အတည်ပြု နိုင်ရန် ပြင်ဆင်ဆောင်ရွက်ခဲ့ ကြောင်း ကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက ၎င်း၏လူမှုကွန် ရက်စာမျက်နှာတွင် ရေးသားထား သည်။
‘‘ဒီဥပဒေက ထိမ်းမြားထား သူတွေအတွက် ထုတ်ထားတာ ဖြစ်တဲ့အတွက် ထိမ်းမြားခြင်းကို ရှောင်ရှားပြီး ဥပဒေကို လက်တစ် လုံးခြားလုပ်နိုင်တယ်။ သဘောက လူပျို၊ အပျိုတွေက လက်မထပ် ကြတော့ဘဲ အတူနေထိုင်တဲ့ (Living Together)ကိစ္စတွေ ပို ဖြစ်လာနိုင်တယ်’’ဟု တရားသူ ကြီးဟောင်းတစ်ဦးက သုံးသပ် သည်။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။